ဝေယျာဝစ္စတွေလုပ်ပေးတဲ့ အကူမိန်းကလေးကို နှစ်သစ်လက်ဆောင် ရွှေဆွဲသီးလေးပေးပြီး ပျော်ရွှင်စေခဲ့တဲ့ နန်းစန္ဒာလှထွန်း

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ချစ်စရာကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ သရုပ်ဆောင်ကောင်းရုံသာမက အနေအထိုင်အေးဆေးပြီး တည်ငြိမ်လွန်းတာကြောင့် ပရိသတ်တွေ ချစ်ရသူလေးတစ်ယောက်ပါပဲ။ ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲကနေစတင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး ဇာတ်လမ်းတွဲတွေ တောက်လျှောက် ရိုက်ကူးလာရတဲ့ နန်းစန္ဒာလှထွန်းက “အရိပ်”၊ “ကျွန်တော်အမုန်းဆုံးကျွန်တော်”၊ “ဝင်္ကပါရှင်းတမ်း” စတဲ့ဇာတ်လမ်းတွဲတွေကလည်း သူမကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုပြီး အောင်မြင်လာစေတာပဲ ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်ကာလမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင်နေရတဲ့ နန်းစန္ဒာလှထွန်းက ကြင်နာတတ်ပြီး စိတ်နှလုံးသားကောင်းကြောင်း ဒီကနေ့မှာတော့ ပရိသတ်ကြီး မျက်မြင်ကိုယ်တွေ့တွေ့ရပြီပဲ ဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းက သူမရဲ့ အလုပ်ကိစ္စတွေနဲ့ ပက်သတ်ပြီး ဝေယျာဝစ္စတွေ အနီးကပ်လိုက်လုပ်ပေးတဲ့ အကူမိန်းကလေးကို ရွှေဆွဲသီးလေးလက်ဆောင်ပေးခဲ့ပြီး ပျော်ရွှင်စေခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

နန်းစန္ဒာလှထွန်းပေးတဲ့ လက်ဆောင်လေးကတော့ တန်ဖိုးကြီးတယ်မကြီးဘူးဆိုတာထက် မိန်းကလေးရဲ့ သိတတ်လိမ္မာမှုကို ဂုဏ်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းစန္ဒာလှထွန်းရဲ့ စိတ်ထားလေးကို ပိုလို့တောင်ချစ်သွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်
Swelsone News

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ခ်စ္စရာေကာင္းတဲ့ အၿပဳံးေတြကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာေလး နန္းစႏၵာလွထြန္းကေတာ့ သ႐ုပ္ေဆာင္ေကာင္း႐ုံသာမက အေနအထိုင္ေအးေဆးၿပီး တည္ၿငိမ္လြန္းတာေၾကာင့္ ပရိသတ္ေတြ ခ်စ္ရသူေလးတစ္ေယာက္ပါပဲ။ ပၪၥလက္႐ြာ” ဇာတ္လမ္းတြဲကေနစတင္ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့ၿပီး ဇာတ္လမ္းတြဲေတြ ေတာက္ေလွ်ာက္ ႐ိုက္ကူးလာရတဲ့ နန္းစႏၵာလွထြန္းက “အရိပ္”၊ “ကြၽန္ေတာ္အမုန္းဆုံးကြၽန္ေတာ္”၊ “ဝကၤပါရွင္းတမ္း” စတဲ့ဇာတ္လမ္းတြဲေတြကလည္း သူမကို တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ပိုၿပီး ေအာင္ျမင္လာေစတာပဲ ျဖစ္ပါတယ္။

လက္ရွိ ကိုဗစ္ကာလမွာလည္း အႏုပညာလႈပ္ရွားမႈေတြကို ျဖည္းျဖည္းနဲ႔ ပုံမွန္လုပ္ကိုင္ေနရတဲ့ နန္းစႏၵာလွထြန္းက ၾကင္နာတတ္ၿပီး စိတ္ႏွလုံးသားေကာင္းေၾကာင္း ဒီကေန႔မွာေတာ့ ပရိသတ္ႀကီး မ်က္ျမင္ကိုယ္ေတြ႕ေတြ႕ရၿပီပဲ ျဖစ္ပါတယ္။ နန္းစႏၵာလွထြန္းက သူမရဲ႕ အလုပ္ကိစၥေတြနဲ႔ ပက္သတ္ၿပီး ေဝယ်ာဝစၥေတြ အနီးကပ္လိုက္လုပ္ေပးတဲ့ အကူမိန္းကေလးကို ေ႐ႊဆြဲသီးေလးလက္ေဆာင္ေပးခဲ့ၿပီး ေပ်ာ္႐ႊင္ေစခဲ့တာကို အခုလိုပဲ ေတြ႕ရပါတယ္။

နန္းစႏၵာလွထြန္းေပးတဲ့ လက္ေဆာင္ေလးကေတာ့ တန္ဖိုးႀကီးတယ္မႀကီးဘူးဆိုတာထက္ မိန္းကေလးရဲ႕ သိတတ္လိမၼာမႈကို ဂုဏ္ျပဳေပးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း နန္းစႏၵာလွထြန္းရဲ႕ စိတ္ထားေလးကို ပိုလို႔ေတာင္ခ်စ္သြားၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

ဆယ္လီကြန္နက္ရွင္
Swelsone News