အောင်မင်းခန့်နဲ့ သူမတို့ စုံတွဲကို ပရိတ်သတ်တွေက စိတ်ပါလက်ပါနဲ့ Ship ပေးကြတာမို့ ရင်ထဲအထိတောင် တမျိုးကြီးခံစားနေရကြောင်း ရင်ဖွင့်လာတဲ့ ယွန်းယွန်း

အောင်မင်းခန့်နဲ့ သူမတို့ စုံတွဲကို ပရိတ်သတ်တွေက စိတ်ပါလက်ပါနဲ့ Ship ပေးကြတာမို့ ရင်ထဲအထိတောင် တမျိုးကြီးခံစားနေရကြောင်း ရင်ဖွင့်လာတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင်တစ်ယောက် အဖြစ်ကနေ တဖြည်းဖြည်းအရွယ်ရောက်လာခဲ့တဲ့ အကယ်ဒမီ ယွန်းယွန်းကတော့ အခုဆိုရင် လှသွေးကြွယ်တဲ့ အသက် (၂၀) စွန်းစွန်း မိန်းမပျိုလေးတစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှ ားမှုတွေများစွာကို ပြုလုပ်ခဲ့သလို အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာလည်း မင်းသမီးပေါက်စလေးတစ်ယောက်အဖြစ် သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ယွန်းယွန်းက Double Dating ဆိုတဲ့ အစီအစဉ်လေးကို ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေး ဝန်းရံမှုကို အခိုင်အမာရရှိနေလျက်ရှိပါတယ်။

ဒီကနေ့မှာလည်း ယွန်းယွန်းက သူမပါဝင်ထားတဲ့ Double Dating အစီအစဉ်လေးကို စိတ်ပါလက်ပါ အားပေးကြတဲ့ ပရိသတ်တွေကြောင့် ပျော်ရွှင်ရကြောင်းကိုလည်း အခုလိုပဲ ပြောပြလာပါတယ်။

ယွန်းယွန်းက “DD fans တွေ အရမ်း အရမ်းကို ချစ်ဖို့ကောင်းတာပဲ.. အသေးစိတ်လေးကြည့်ပေးကြသလို စိတ်ပါလက်ပါနဲ့ကို Ship ပေးကြတယ်.. မြင်ရတာပျော်ဖို့ကောင်းသလို ရင်ထဲထိလည်း တစ်မျိုးကြီးပဲ.. ချစ်တတ်လိုက်ကြတာ..” ဆိုပြီး သူမရဲ့ ခံစားချက်အချို့ကို ရင်ဖွင့်ပြောပြလာ ခဲ့ပါတယ်။

ပရိသတ်တွေကတော့ Double Dating အစီအစဉ်လေးကြောင့် အောင်မင်းခန့်နဲ့ ယွန်းယွန်းကို တစ်တွဲ၊ စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့ကိုတစ်တွဲ သဘော တူနေကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း အတွဲနှစ်တွဲ ဘယ်လိုတွေ ဆက် Ro ကြဦးမလဲဆိုတာ သိချင်နေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါ တယ်။

Source: Yoon Yoon’s fb
Cele Connections (crd)