မော်ဒယ်ဓာတ်ပုံရိုက်ပေးမည်ဆိုကာ အသက်မပြည့်သူမိန်းကလေးကိုအလိုမတူပြုပြီး video ဖိုင် အွန်လိုင်းပေါ်တင်ခဲ့သူတွေကို ဖမ်းဆီးထား

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

အသက်မပြည့်သူမိန်းကလေးအား အဓမ္မကျင့်ပြီး video ဖိုင် အွန်လိုင်းပေါ်တင်ခဲ့သူတွေကို ဖမ်းဆီးထား

ဟိုတယ်မှာအဓမ္မပြုကျင့်ထားတဲ့ video ကို အွန်လိုင်းပေါ်တင်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ (၂၆)ရက်နေ့က မြိတ်မြို့မှာ ဖြစ်ပွါးခဲ့တဲ့ အသက်မပြည့်သေးတဲ့ (၁၄)နှစ်အရွယ်မိန်းကလေးကို သွေးဆောင်ဖြားယောင်းပြီး ဟိုတယ်မှာ အဓမ္မကျင့်ကာ video ဖိုင်ကို အွန်လိုင်းပေါ်တင်ခဲ့တဲ့ တရားခံတွေကို ဖမ်းဆီးကာ အမှုဖွင့်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

တရားခံက (၃)ဦးဖြစ်ပြီး (၁)ဦးက မိန်းကလေးကို အဓမ္မကျင့်သူဖြစ်ကာ ကျန်နှစ်ဦးက videoဖိုင်ရိုက်ကူးပေးသူတွေဖြစ်ပါတယ်။

“ တကယ်တော့ အွန်လိုင်းပေါ်တက်လာတဲ့ videoအရဆိုရင် အားလုံးကလည်းသုံးသပ်ကြတာက သူတို့ဘာသာ နှစ်ဦးသဘောတူ အတူနေထိုင်ကြတယ် ထင်ကြတာပေါ့။ အဲဒီ video ကို အွန်လိုင်းပေါ်တင်လိုက်တဲ့အခါမှသာ မိန်းကလေးမိဘတွေက တရားစွဲတဲ့သဘောပါ။ အခုတော့ တရားခံတွေကို ဖမ်းဆီးထားတယ်လို့တော့ သိရပါတယ်။ ကျန်တဲ့အသေးစိတ်ကိစ္စတော့ ဘာမှမသိရသေးပါဘူး”လို့မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက Duwunကို ပြောပါတယ်

မိန်းကလေးကို အဓမ္မကျင့်ခဲ့တာက ဒီဇင်ဘာ (၂၆)ရက်နေ့ကဖြစ်ပြီး video ဖိုင်ကိုတော့ ဇန်နဝါရီလ (၉)ရက်နေ့မှသာ တရားခံတွေဘက်က အကောင့်အတုနဲ့ အွန်လိုင်းပေါ်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်တဲ့ အသက် (၂၇)နှစ်အရွယ် ကိုထက်ဆိုသူက သူရဲ့ တပည့်နှစ်ယောက်နဲ့အတူ မိန်းကလေးကို မော်ဒယ်ဓာတ်ပုံရိုက်ကူးပေးမယ်၊ တစ်ခါရိုက်ကူးက ငွေကျပ် (၅)သောင်းပေးမယ်ဆိုပြီး ခေါ်ဆောင်ကာ အဓမ္မကျင့်ကြံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံဆရာ ကိုထက်က ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး သူရဲ့တပည့်နှစ်ဦးက ဓာတ်ပုံနဲ့ video ကိုရိုက်ကူးပေးခဲ့တာလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ကိုထက်နဲ့ အပေါင်းအပါနှစ်ဦးကို မြိတ်မြို့ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆/၁၁၄တို့ဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဓူဝံ

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အသက္မျပည့္သူမိန္းကေလးအား အဓမၼက်င့္ၿပီး video ဖိုင္ အြန္လိုင္းေပၚတင္ခဲ့သူေတြကို ဖမ္းဆီးထား

ဟိုတယ္မွာအဓမၼျပဳက်င့္ထားတဲ့ video ကို အြန္လိုင္းေပၚတင္ခဲ့တာျဖစ္ပါတယ္။

ဒီဇင္ဘာလ (၂၆)ရက္ေန႔က ၿမိတ္ၿမိဳ႕မွာ ျဖစ္ပြါးခဲ့တဲ့ အသက္မျပည့္ေသးတဲ့ (၁၄)ႏွစ္အ႐ြယ္မိန္းကေလးကို ေသြးေဆာင္ျဖားေယာင္းၿပီး ဟိုတယ္မွာ အဓမၼက်င့္ကာ video ဖိုင္ကို အြန္လိုင္းေပၚတင္ခဲ့တဲ့ တရားခံေတြကို ဖမ္းဆီးကာ အမႈဖြင့္ထားၿပီျဖစ္တယ္လို႔ သိရပါတယ္။

တရားခံက (၃)ဦးျဖစ္ၿပီး (၁)ဦးက မိန္းကေလးကို အဓမၼက်င့္သူျဖစ္ကာ က်န္ႏွစ္ဦးက videoဖိုင္႐ိုက္ကူးေပးသူေတြျဖစ္ပါတယ္။

“ တကယ္ေတာ့ အြန္လိုင္းေပၚတက္လာတဲ့ videoအရဆိုရင္ အားလုံးကလည္းသုံးသပ္ၾကတာက သူတို႔ဘာသာ ႏွစ္ဦးသေဘာတူ အတူေနထိုင္ၾကတယ္ ထင္ၾကတာေပါ့။ အဲဒီ video ကို အြန္လိုင္းေပၚတင္လိုက္တဲ့အခါမွသာ မိန္းကေလးမိဘေတြက တရားစြဲတဲ့သေဘာပါ။ အခုေတာ့ တရားခံေတြကို ဖမ္းဆီးထားတယ္လို႔ေတာ့ သိရပါတယ္။ က်န္တဲ့အေသးစိတ္ကိစၥေတာ့ ဘာမွမသိရေသးပါဘူး”လို႔ၿမိတ္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးပိုင္ေဌးက Duwunကို ေျပာပါတယ္

မိန္းကေလးကို အဓမၼက်င့္ခဲ့တာက ဒီဇင္ဘာ (၂၆)ရက္ေန႔ကျဖစ္ၿပီး video ဖိုင္ကိုေတာ့ ဇန္နဝါရီလ (၉)ရက္ေန႔မွသာ တရားခံေတြဘက္က အေကာင့္အတုနဲ႔ အြန္လိုင္းေပၚျဖန္႔ေဝခဲ့တာ ျဖစ္ပါတယ္။

ျဖစ္စဥ္မွာ ဓာတ္ပုံလုပ္ငန္းလုပ္ကိုင္တဲ့ အသက္ (၂၇)ႏွစ္အ႐ြယ္ ကိုထက္ဆိုသူက သူရဲ႕ တပည့္ႏွစ္ေယာက္နဲ႔အတူ မိန္းကေလးကို ေမာ္ဒယ္ဓာတ္ပုံ႐ိုက္ကူးေပးမယ္၊ တစ္ခါ႐ိုက္ကူးက ေငြက်ပ္ (၅)ေသာင္းေပးမယ္ဆိုၿပီး ေခၚေဆာင္ကာ အဓမၼက်င့္ႀကံခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဓာတ္ပုံဆရာ ကိုထက္က ျပစ္မႈက်ဴးလြန္ခဲ့တာျဖစ္ၿပီး သူရဲ႕တပည့္ႏွစ္ဦးက ဓာတ္ပုံနဲ႔ video ကို႐ိုက္ကူးေပးခဲ့တာလို႔လည္း ဆိုပါတယ္။

လက္ရွိမွာေတာ့ ကိုထက္နဲ႔ အေပါင္းအပါႏွစ္ဦးကို ၿမိတ္ၿမိဳ႕ရဲစခန္းမွာ ရာဇသတ္ႀကီးပုဒ္မ ၃၆၃/၃၇၆/၁၁၄တို႔ျဖင့္ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

ဓူဝံ