အင်တာဗျူးဗီဒီယိုတစ်ခုမှာ သမီးလေးအကြောင်းပြောနေရင်းနဲ့ မျက်ရည်ကျမိခဲ့တာကြောင့် ပရိသတ်တွေ အထင်မလွဲစေဖို့ ပြန်လည်ရှင်းပြလာတဲ့ ရန်ကျော်

ေဇာ္ဂ်ီ / ယူနီကုဒ်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သရုပ္ေဆာာင္ မင္းသားၾကီး ရန္ေက်ာ္ကေတာ့ လြန္ခဲ့တဲ့ နွစ္သံုးဆယ္ဝန္းက်င္ကတည္းက ဒီေန့ဒီအခ်ိန္ထိ အနုပညာေလာကမွာ နာမည္ရရိွေနဆဲ ဝါရင့္သရုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ ရန္ေက်ာ္ကေတာ့ အဆိုေတာ္ ေမခလာနဲ့ လက္ထပ္ျပီး သမီးေလးတစ္ေယာက္ကို ေမြးဖြားထားရာ တစ္ဦးတည္းေသာ သမီးေလးကို တုန္ေနေအာင္ခ်စ္ရွာသူတစ္ေယာက္ ျဖစ္ပါတယ္။ တစ္ေန့တစ္ျခား ပိုလွလာတဲ့ သမီးေလးနဲ့ ပက္သတ္ျပီး သဝန္တိုစိတ္မခ်မႈေတြျဖစ္ေနတဲ့ ရန္ေက်ာ္က ဒီတစ္ေခါက္မွာလည္း အင္တာဗ်ဴးဗီဒီယိုတစ္ခုမွာ သမီးေလးအေၾကာင္းေျပာေနရင္းနဲ့ မ်က္ရည္က်မိခဲ့တာေၾကာင့္ ပရိသတ္ေတြ စိတ္မကြက္သြားေစဖို့ ျပန္လည္ရွင္းျပလာတာကို အခုလိုပဲ ေတြ့ရပါတယ္။

ရန္ေက်ာ္က “ကြၽန္ေတာ့္ညီအစ္ကိုေမာင္ႏွမေတြခင္ဗ်ာ အင္တာဗ်ဴးတစ္ခုမွာ ကြၽန္ေတာ္မ်က္ရည္က်ၿပီးစိတ္မေကာင္းျဖစ္တာ အေမနဲ႔အေဖကိုသတိရပါလို႔ပါခင္ဗ်။ ကြၽန္ေတာ္မ်က္ရည္က်ၿပီးစိတ္မေကာင္းျဖစ္တာကို ကြၽန္ေတာ္သမီးေလးေပၚမွာအထင္လြဲသြားမွာစိုးလို႔ပါခင္ဗ်ာ။ ကြၽန္ေတာ့္သမီးေလးလိမၼာပါတယ္။ အေဖနဲ႔အေမနဲ႔ေျပာတဲ့စကားကိုလည္းနားေထာင္ပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ကိုက စိတ္ပူတတ္တာပါခင္ဗ်။ ာကြၽန္ေတာ့္ရင္ဘတ္ထဲက ဆြဲထုတ္သြားမယ့္လူမရွိပါဘူး။ ကြၽန္ေတာ္အသက္ႀကီးလာလို႔လားေတာ့မသိပါဘူးဗ်ာ။ စိတ္ပူတတ္လာတယ္”

“အဲဒါလည္းကြၽန္ေတာ့္ရဲ႕စိတ္ပါ။ ကြၽန္ေတာ့္ကိုနားလည္ေပးပါခင္ဗ်ာ။ ကြၽန္ေတာ့္ေၾကာင့္ ခုနစ္ရက္သားသမီး စိတ္မေကာင္းျဖစ္ရရင္လည္း ကြၽန္ေတာ္အႏူးအၫြတ္ေတာင္းပန္ပါတယ္ခင္ဗ်ာ။ကြၽန္ေတာ္က ကြၽန္ေတာ့္သမီးေလးကို ကြၽန္ေတာ္ခ်စ္တဲ့အတြက္ ကြၽန္ေတာ့္အေဖအေမ ကြၽန္ေတာ့္ကိုဘယ္ေလာက္ခ်စ္မလဲဆိုတာ သိလို႔ စိတ္မေကာင္းျဖစ္ၿပီ မ်က္ရည္က်မိတာပါ။ ကြၽန္ေတာ့္သမီးေလးဘာမွမဆိုင္ပါဘူးခင္ဗ်ာ။ ကြၽန္ေတာ္ေရးတဲ့စာေတြ မ်ားသြားလို႔ရွိရင္လည္း ကြၽန္ေတာ္အႏူးအၫြတ္ေတာင္းပန္ပါတယ္ခင္ဗ်ာ။ အားလုံးကိုေလးစားပါတယ္။ ေက်းဇူးလည္းတင္ပါတယ္ခင္ဗ်ာ။”ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ရန္ေက်ာ္ကေတာ့ အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာ သမီးေလးအေပၚ စိုးရိမ္လြန္းအားၾကီးျပီး သူ့ရဲ့ ခံစားခ်က္ေတြကို ေပါက္ထြက္လာတာေၾကာင့္ သမီးေလးအေပၚ ပရိသတ္ေတြအထင္အျမင္လြဲမွားတာမ်ိဳးမရိွရေအာင္ ျပန္လည္ေျဖရွင္းလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Yan Kyaw’s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

အင်တာဗျူးဗီဒီယိုတစ်ခုမှာ သမီးလေးအကြောင်းပြောနေရင်းနဲ့ မျက်ရည်ကျမိခဲ့တာကြောင့် ပရိသတ်တွေ အထင်မလွဲစေဖို့ ပြန်လည်ရှင်းပြလာတဲ့ ရန်ကျော်

သရုပ်ဆောာင် မင်းသားကြီး ရန်ကျော်ကတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ဝန်းကျင်ကတည်းက ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ နာမည်ရရှိနေဆဲ ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ ရန်ကျော်ကတော့ အဆိုတော် မေခလာနဲ့ လက်ထပ်ပြီး သမီးလေးတစ်ယောက်ကို မွေးဖွားထားရာ တစ်ဦးတည်းသော သမီးလေးကို တုန်နေအောင်ချစ်ရှာသူတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုလှလာတဲ့ သမီးလေးနဲ့ ပက်သတ်ပြီး သဝန်တိုစိတ်မချမှုတွေဖြစ်နေတဲ့ ရန်ကျော်က ဒီတစ်ခေါက်မှာလည်း အင်တာဗျူးဗီဒီယိုတစ်ခုမှာ သမီးလေးအကြောင်းပြောနေရင်းနဲ့ မျက်ရည်ကျမိခဲ့တာကြောင့် ပရိသတ်တွေ စိတ်မကွက်သွားစေဖို့ ပြန်လည်ရှင်းပြလာတာကို အခုလိုပဲ တွေ့ရပါတယ်။

ရန်ကျော်က “ကျွန်တော့်ညီအစ်ကိုမောင်နှမတွေခင်ဗျာ အင်တာဗျူးတစ်ခုမှာ ကျွန်တော်မျက်ရည်ကျပြီးစိတ်မကောင်းဖြစ်တာ အမေနဲ့အဖေကိုသတိရပါလို့ပါခင်ဗျ။ ကျွန်တော်မျက်ရည်ကျပြီးစိတ်မကောင်းဖြစ်တာကို ကျွန်တော်သမီးလေးပေါ်မှာအထင်လွဲသွားမှာစိုးလို့ပါခင်ဗျာ။ ကျွန်တော့်သမီးလေးလိမ္မာပါတယ်။ အဖေနဲ့အမေနဲ့ပြောတဲ့စကားကိုလည်းနားထောင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကိုက စိတ်ပူတတ်တာပါခင်ဗျ။ ာကျွန်တော့်ရင်ဘတ်ထဲက ဆွဲထုတ်သွားမယ့်လူမရှိပါဘူး။ ကျွန်တော်အသက်ကြီးလာလို့လားတော့မသိပါဘူးဗျာ။ စိတ်ပူတတ်လာတယ်”

“အဲဒါလည်းကျွန်တော့်ရဲ့စိတ်ပါ။ ကျွန်တော့်ကိုနားလည်ပေးပါခင်ဗျာ။ ကျွန်တော့်ကြောင့် ခုနစ်ရက်သားသမီး စိတ်မကောင်းဖြစ်ရရင်လည်း ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်က ကျွန်တော့်သမီးလေးကို ကျွန်တော်ချစ်တဲ့အတွက် ကျွန်တော့်အဖေအမေ ကျွန်တော့်ကိုဘယ်လောက်ချစ်မလဲဆိုတာ သိလို့ စိတ်မကောင်းဖြစ်ပြီ မျက်ရည်ကျမိတာပါ။ ကျွန်တော့်သမီးလေးဘာမှမဆိုင်ပါဘူးခင်ဗျာ။ ကျွန်တော်ရေးတဲ့စာတွေ များသွားလို့ရှိရင်လည်း ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ။ အားလုံးကိုလေးစားပါတယ်။ ကျေးဇူးလည်းတင်ပါတယ်ခင်ဗျာ။”ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ရန်ကျော်ကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ သမီးလေးအပေါ် စိုးရိမ်လွန်းအားကြီးပြီး သူ့ရဲ့ ခံစားချက်တွေကို ပေါက်ထွက်လာတာကြောင့် သမီးလေးအပေါ် ပရိသတ်တွေအထင်အမြင်လွဲမှားတာမျိုးမရှိရအောင် ပြန်လည်ဖြေရှင်းလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yan Kyaw’s fb
Bilie – Cele Connections