“ဒိုက်” ဆိုတဲ့ ကာရိုက်တာနဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းအထိ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ သာထက်ဉာဏ်ဇော်
ေဇာ္ဂ်ီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ပရိသတ်ကြီးရေ ဒါရိုက်တာ ဟိန်းစိုးရဲ့ အနုပညာလက်ရာတစ်ခုဖြစ်တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲလေးကတော့ မနေ့က ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ဇာတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ပညာပေးဒရမ်မာဇာတ်ကားလေးဖြစ်တဲ့အပြင် ဘဝအသိတွေများစွာကိုလည် ပေးစွမ်းနိုင်ခဲ့တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲလေးက ပရိသတ်တွေကြားမှာ အောင်မြင်တာထက်ပိုတဲ့ အတိုင်းအတာတစ်ခုကို ရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သာထက်ဉာဏ်ဇော်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အတိုင်းထက်အလွန်ရရှိခဲ့ပြီဖြစ်ပြီး သူ့အနေနဲ့လည်း ဇာတ်လမ်းတွဲဇာတ်သိမ်းပိုင်းမှာ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်လာတာ တွေ့ရပါတယ်။
“”မမှီဝဲနဲ့ကင်းအောင်နေ” ကို တစ်နိုင်ငံလုံးမှ များကြီးကြည့်ရှုအားပေးကြသော ချစ်ပရိသတ်တွေအားလုံးကို ပထမဆုံးအနေနဲ့ ကျေးဇူးများကြီးတင်ရှိပါတယ်ဗျ။ ” ဒိုက် ” ဆိုတဲ့ ဇာတ်ကောင်နေရာကို ယုံကြည်စွာရွေးချယ်ပြီး အခွင့်အရေးပေးခဲ့ကြသော ကျွန်တော်တို့ Forever Group ရဲ့ သက်ဆိုင်ရာ လူကြီးများ နှင့် ဆရာသမားများအားလုံးကို ဂါရဝပြု ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မိသားစုလိုရင်းနှီးရပါသော ကျွန်တော် အရမ်းချစ်ရ‌သော Producer ဆရာ ဦးသီ နှင့် မချွင်းမချန် စေတနာအပြည့်ဖြင့် သင်ကြားပေးသော Director ဆရာ ဦးဟိန်းစိုး တို့ကို ထပ်မံ၍ ကျေးဇူးများကြီးတင်ပြီး ဂါရဝပြုပါတယ်။”
“” မမှီဝဲနဲ့ကင်းအောင်နေမှာ ” ဒိုက် ” ဆိုတဲ့ ဇာတ်ကောင်ကို အဖက်ဖက်မှာ ပေါ်လွင်အောင် စိတ်ရောကိုယ်ပါနှစ်ပြီး အချိန်ရရင်ရသလို သင်ကြားပေး‌သော အဖေ ” ဦးဗေဒါ ” ဆိုတဲ့ သဘာဝမင်းသားကြီး ကိုထူးခန့်ကျော် နှင့် ကိုဝေလု ” ဦးထွန်းသက် ” အစ်ကိုဆိုရင် ရိုက်ကူးရေးအချိန်ရော အပြင် personal ကိစ္စတွေကအစ အကြီးတစ်ယောက်ပီသစွာ ယနေ့ထိကူညီ စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးများကြီးတင်ပါတယ်။ ဇာတ်လမ်းတွဲထဲတွင် ပါဝင်သော အနုပညာရှင် သရုပ်ဆောင်များအားလုံးကို ဂါရဝပြု ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျား” ဆိုပြီး ကျေးဇူးတင်စကားပြောလာပါတယ်။
သာထက်ဉာဏ်ဇော်ကတော့ သူ့ရဲ့ ကာရိုက်တာအပေါ် စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး ကြိုးစားသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အောင်မြင်မှုအသီးအပွင့်တွေကို ခံစားနေရပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သာထက်ဉာဏ်ဇော်ရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Thar Htet Nyan Zaw’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်