.ကိုဗစ် ကပ်ရောဂါ ဒုတိယမြောက်နှစ်တွင် ပိုဆိုးလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေး.

ေဇာ္ဂ်ီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ကိုဗစ် ကပ်ရောဂါ ဒုတိယမြောက်နှစ်တွင် ပိုဆိုးလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေး

ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ဒုတိယနှစ်ဟာ ပထမနှစ်ထက် ပိုမိုကြမ်းတမ်းနိုင်ဖွယ်ရှိကြောင်း၊ အထူးသဖြင့် ကူးစက်မှုန်းပိုမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ပျံ့နှံ့နေတဲ့ ကမ္ဘာ့မြောက်ခြမ်းမှာ ပိုကြမ်းတမ်းနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ ကပ်ရောဂါဖြစ်ပွားနေတဲ့ ဒုတိယနှစ်ထဲကို ရောက်နေပါပြီ၊ ဒီနှစ်က ကူးစက်ပျံ့နှံ့မှု ပိုပြီးတော့တောင် ကြမ်းလာနိုင်ပြီး ဒီပြဿနာအချို့ကို ကျွန်တော်တို့ တွေ့နေရပါတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ရိုင်ယန်က ဆိုရှယ်မီဒီယာပေါ်မှာ ကျင်းပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုအတွင်း ပြောခဲ့ပါတယ်။

လက်ရှိမှာ ကိုဗစ် ကြောင့် သေဆုံးသူဦးရေ ၂ သန်းပြည့်တော့မှာဖြစ်ပြီး လူဦးရေ ၉၁.၅ သန်းကျော် ကူးစက်ခံခဲ့ရပါတယ်။ သီတင်းနှစ်ပတ်ကြာ ကူးစက်မှုလျော့ကျခဲ့ပြီးနောက် ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၅ သန်း ကိုဗစ် ကူးစက်ခံခဲ့ရကြောင်း သိရပါတယ်။

“ကမ္ဘာ့မြောက်ဘက်ခြမ်း အထူးသဖြင့် ဥရောပနဲ့ မြောက်အမေရိကမှာ ရာသီဥတုအေးခြင်း၊ လူတွေ အပြင်သိပ်မထွက်ခြင်း၊ အချင်းချင်း ထိတွေ့မှုပိုများလာခြင်းတို့က နိုင်ငံအများအပြားမှာ ကူးစက်ပျံ့နှံ့မှု မြင့်တက်စေခဲ့ပါတယ်” လို့ မိုက်ရိုင်ယန်က ပြောပါတယ်။ “အားလပ်ရက်တွေပြီးတဲ့နောက် နိုင်ငံအချို့မှာ အခြေအနေက အရင်တုန်းကထက် အများကြီး ပိုဆိုးလာခဲ့တယ်” လို့ သူကဆိုပါတယ်။

လက်ရှိမှာလည်း ဗြိတိန်မှာ ပထမဆုံးတွေ့လာရတဲ့ ပိုမိုကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်ပူပန်နေကြပါတယ်။ ယခုအခါ ဥရောပတစ်လွှား အစိုးရများက ပိုမိုတင်းကျပ်ပြီး အချိန်ကာလရှည်ကြာတဲ့ ကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေကို သတ်မှတ်ထုတ်ပြန်ထားပါတယ်။

ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု တစ်နှစ်ကျော်လွန်ပြီး ဒုတိယနှစ်အတွင်း ရောက်ရှိလာချိန်မှာ နိုင်ငံအသီးသီးဟာ ကူးစက်မှုထိန်းချုပ်ရေးအပြင် ကာကွယ်ဆေးထိုးနှံမှုများ စတင်လုပ်ဆောင်နိုင်ရန်လည်း ကြိုးပမ်းနေကြရပါတယ်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ကိုဗစ္ ကပ္ေရာဂါ ဒုတိယေျမာက္ႏွစ္တြင္ ပိုဆိုးလာႏိုင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕က သတိေပး

ကိုဗစ္ ကမာၻ႔ကပ္ေရာဂါ ကူးစက္ျဖစ္ပြားမႈ ဒုတိယႏွစ္ဟာ ပထမႏွစ္ထက္ ပိုမိုၾကမ္းတမ္းႏိုင္ဖြယ္ရွိေၾကာင္း၊ အထူးသျဖင့္ ကူးစက္မႈန္းပိုျမန္တဲ့ မ်ိဳးဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္အသစ္ ပ်ံ႕ႏွံ႔ေနတဲ့ ကမာၻ႔ေျမာက္ျခမ္းမွာ ပိုၾကမ္းတမ္းႏိုင္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းက ဇန္နဝါရီ ၁၃ ရက္ေန႔မွာ ေျပာခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ကပ္ေရာဂါျဖစ္ပြားေနတဲ့ ဒုတိယႏွစ္ထဲကို ေရာက္ေနပါၿပီ၊ ဒီႏွစ္က ကူးစက္ပ်ံ႕ႏွံ႔မႈ ပိုၿပီးေတာ့ေတာင္ ၾကမ္းလာႏိုင္ၿပီး ဒီျပႆနာအခ်ိဳ႕ကို ကြၽန္ေတာ္တို႔ ေတြ႕ေနရပါတယ္” လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ အေရးေပၚကိစၥရပ္မ်ားဆိုင္ရာ အႀကီးအကဲ ေဒါက္တာမိုက္႐ိုင္ယန္က ဆိုရွယ္မီဒီယာေပၚမွာ က်င္းျပဳလုပ္ခဲ့တဲ့ အခမ္းအနားတစ္ခုအတြင္း ေျပာခဲ့ပါတယ္။

လက္ရွိမွာ ကိုဗစ္ ေၾကာင့္ ေသဆုံးသူဦးေရ ၂ သန္းျပည့္ေတာ့မွာျဖစ္ၿပီး လူဦးေရ ၉၁.၅ သန္းေက်ာ္ ကူးစက္ခံခဲ့ရပါတယ္။ သီတင္းႏွစ္ပတ္ၾကာ ကူးစက္မႈေလ်ာ့က်ခဲ့ၿပီးေနာက္ ကပ္ေရာဂါကူးစက္ျဖစ္ပြားမႈ အေျခအေနကို ေလ့လာသုံးသပ္ခဲ့ၾကပါတယ္။ ကမာၻ႔ က်န္းမာေရးအဖြဲ႕ႀကီးရဲ႕ စာရင္းေတြအရ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ကမာၻတစ္ဝန္း လူဦးေရ ၅ သန္း ကိုဗစ္ ကူးစက္ခံခဲ့ရေၾကာင္း သိရပါတယ္။

“ကမာၻ႔ေျမာက္ဘက္ျခမ္း အထူးသျဖင့္ ဥေရာပနဲ႔ ေျမာက္အေမရိကမွာ ရာသီဥတုေအးျခင္း၊ လူေတြ အျပင္သိပ္မထြက္ျခင္း၊ အခ်င္းခ်င္း ထိေတြ႕မႈပိုမ်ားလာျခင္းတို႔က ႏိုင္ငံအမ်ားအျပားမွာ ကူးစက္ပ်ံ႕ႏွံ႔မႈ ျမင့္တက္ေစခဲ့ပါတယ္” လို႔ မိုက္႐ိုင္ယန္က ေျပာပါတယ္။ “အားလပ္ရက္ေတြၿပီးတဲ့ေနာက္ ႏိုင္ငံအခ်ိဳ႕မွာ အေျခအေနက အရင္တုန္းကထက္ အမ်ားႀကီး ပိုဆိုးလာခဲ့တယ္” လို႔ သူကဆိုပါတယ္။

လက္ရွိမွာလည္း ၿဗိတိန္မွာ ပထမဆုံးေတြ႕လာရတဲ့ ပိုမိုကူးစက္ျမန္ မ်ိဳးဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ကို စိုးရိမ္ပူပန္ေနၾကပါတယ္။ ယခုအခါ ဥေရာပတစ္လႊား အစိုးရမ်ားက ပိုမိုတင္းက်ပ္ၿပီး အခ်ိန္ကာလရွည္ၾကာတဲ့ ကူးစက္မႈထိန္းခ်ဳပ္ေရး အစီအမံေတြကို သတ္မွတ္ထုတ္ျပန္ထားပါတယ္။

ကိုဗစ္ ကမာၻ႔ကပ္ေရာဂါ ကူးစက္ျဖစ္ပြားမႈ တစ္ႏွစ္ေက်ာ္လြန္ၿပီး ဒုတိယႏွစ္အတြင္း ေရာက္ရွိလာခ်ိန္မွာ ႏိုင္ငံအသီးသီးဟာ ကူးစက္မႈထိန္းခ်ဳပ္ေရးအျပင္ ကာကြယ္ေဆးထိုးႏွံမႈမ်ား စတင္လုပ္ေဆာင္ႏိုင္ရန္လည္း ႀကိဳးပမ္းေနၾကရပါတယ္။