.စီးပွားရေးလုပ်ငန်းတွေလည်း အဆင်ပြေနေတဲ့အပြင် ထိုင်းထီ (၂) စောင်လည်း ဆက်တိုက်ပေါက်ခဲ့ကြောင်း ပြောပြလာတဲ့ နေဒွေး.

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source: Nay Dway ‘s fb

Unicode ဖြင့်ဖတ်ပါ
★★★★★

စီးပွားရေးလုပ်ငန်းတွေလည်း အဆင်ပြေနေတဲ့အပြင် ထိုင်းထီ (၂) စောင်လည်း ဆက်တိုက်ပေါက်ခဲ့ကြောင်း ပြောပြလာတဲ့ နေဒွေး

သရုပ်ဆောင် နေဒွေးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီး မြို့ပရိသတ်တွေရော နယ်ပရိသတ်တွေပါ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေသလို မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ ဆန်စက်စီးပွားရေးကိုပါ ဆက်လက်ဦးစီးနေတဲ့ နေဒွေးက သူ့ရဲ့လက်ထက်မှာ စီးပွားရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာပြီး အောင်မြင်မှုတွေကို သိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေကလည်း အဆင်ပြေနေတဲ့အပြင် ဒီကနေ့ ဇန်နဝါရီလ (၁၇) ရက်နေ့မှာလည်း နေဒွေးက ကံကောင်းမှုတွေနဲ့ တွေ့ကြုံခဲ့ပြန်ပါပြီ။ နေဒွေးက “(၂၀၂၁) အရမ်းကံကောင်းမဲ့နှစ် ဆောင်းယွန်းစံဆီ ထိုင်းထီ ၂စောင်ထိုးတာ ၂စောင်လုံးပေါက်တယ် ” ဆိုပြီး သူငယ်ချင်း ဆောင်းယွန်းစံဆီက အားပေးဝယ်ယူထားတဲ့ ထိုင်းထီကလည်း ပေါက်ခဲ့ကြောင်း သူ့ရဲ့ အပျော်တွေကို ဝေမျှပေးလာတာပဲ ဖြစ်ပါတယ်။

နေဒွေးကတော့ မိဘကိုလုပ်ကျွေးနေတဲ့အပြင် စိတ်ရင်းကောင်းပြီး သူတစ်ပါးအတွက်လည်း အမြဲဖေးမကူညီပေးနေတဲ့ သူတော်ကောင်းတစ်ယောက်ဖြစ်တာကြောင့် ကောင်းသောအကျိုးပေးခြင်း ခံစားရတာပဲ ဖြစ်ပါတယ်။ (၂၀၂၁) ခုနှစ်ကတော့ နေဒွေးအတွက် ကံကောင်းခြင်းတွေ ဆက်တိုက်ရရှိမယ်ဆိုတာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Dway ‘s fb
Bilie – Cele Connections