.ချစ်ဇနီး၊ သမီးတွေနဲ့အတူတူနေထိုင်ဖို့ (၅)ဧကရှိတဲ့ ခြံအကျယ်ကြီးကို ဖခင်ဆီကမွေးနေ့လက်ဆောင်ရရှိခဲ့တဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း ကိုဇေသီဟ.

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သ႐ုပ္ေဆာင္ နႏၵာလႈိင္ကေတာ့ (၂၀၀၈) ခုႏွစ္မွာ အိမ္ေထာင္က်ခဲ့ၿပီး ေဇဝတီလႈိင္၊ ေဇရတီလႈိင္ နဲ႔ ေဇမဒီလႈိင္ဆိုတဲ့ သမီးသုံးေယာက္ကို ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ နႏၵာလႈိင္က အိမ္ေထာင္က်ၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြကို မလုပ္ကိုင္ေတာ့ေပမယ့္ ေအးခ်မ္းလွတဲ့ သူမရဲ႕ အိမ္ေထာင္ေရးေၾကာင့္ ပရိသတ္ေတြက စိတ္ဝင္စားျခင္းခံရသူပဲ ျဖစ္ပါတယ္။ နႏၵာလႈိင္ရဲ႕ခင္ပြန္း ကိုေဇသီဟကလည္း နာမည္ႀကီးစီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ မသိတဲ့လူမရွိတဲ့သူတစ္ေယာက္ျဖစ္ၿပီး ကိုေဇသီဟက ဒီကေန႔မွာေတာ့ သူ႔ရဲ႕ စိတ္ကူးအိပ္မက္တစ္ခုကို ျဖည့္ဆည္းခြင့္ရေတာ့မယ့္အေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

ကိုေဇသီဟက “အိမ္ေထာင္က်ၿပီးထဲက မိဘေတြနဲ႔ အိမ္ခြဲေနတဲ့ကာလဆိုတာ လပိုင္းေလာက္ပဲ ရွိခဲ့ဖူးတယ္။ သမီးႀကီး အသက္ ၁၂ ႏွစ္ျပည့္ခါနီး အခုထိပါပဲ။ သမီးေတြက ႏိုင္ငံျခားသြားၿပီး ေက်ာင္းတက္ရမဲ့ ႏွစ္ကလဲ တကယ္တမ္း တြက္ၾကည့္ရင္ သိပ္မလိုေတာ့ဘူး။ အဲ့လို ေတြးမိတိုင္း ဆႏၵတစ္ခုျဖစ္မိတယ္။ ကိုယ့္ၿခံ ကိုယ့္ဝင္းမွာ မိသားစုနဲ႔ လြတ္လြတ္လပ္လပ္ ေနဖူးသြားခ်င္မိတယ္။ သမီးေတြ ေက်ာင္းသြားတက္ၿပီး ျပန္လာရင္ အဲ့လို ေနရဖို႔ဆိုတာကလဲ ကံေကာင္းလြန္းမွသာ… အဲ့လိုစိတ္ကူးကို အေကာင္အထည္ေဖာ္ဖို႔ ဒီႏွစ္ေတာ့ အခြင့္အေရးေကာင္းတစ္ခု၊ တစ္နည္းအားျဖင့္ ေမြးေန႔လက္ေဆာင္တစ္ခုရလိုက္ပါတယ္။ ”

“၅ဧကရွိတဲ့ ေဂါက္ကြင္းေဘးက ၿခံကို မေန႔က အေဖေပးတယ္။ ဒီေန႔ ခ်က္ခ်င္း ေျမစညႇိၿပီး အိမ္စေဆာက္ဖို႔လုပ္ပါၿပီ။ အရင္က ေ႐ႊဂုံတိုင္မွာ ဝယ္ထားတဲ့ ဧကဝက္ရွိတဲ့ၿခံကို မေဆာက္ေတာ့ပဲ ဒီေနရာကို ေျပာင္းေဆာက္ေတာ့မယ္။ေက်းဇူးတင္ပါတယ္အေဖ.. ၂၀၂၁ ခုႏွစ္ အသက္ ၄၄ ႏွစ္ျပည့္ေမြးေန႔ လက္ေဆာင္ဟာ တန္ဖိုးႀကီးမားလြန္းပါတယ္။ အႏွစ္သာရ ျပည့္ဝလြန္းပါတယ္။ ၿခံအက်ယ္ႀကီးမွာ သမီးေတြနဲ႔ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဘဝ တစ္ခုကို အိမ္မက္ မက္ေနတာၾကာၿပီ.. မၾကာခင္ အဲ့ဒီဆႏၵ ျပည့္ေတာ့မယ္။” ဆိုၿပီး ဝမ္းသာစြာ ေျပာလာပါတယ္။

နႏၵာလႈိင္ကေတာ့ သူမရဲ႕ မိဘလက္ထပ္ကတည္းက ၿပီးျပည့္စုံၿပီး လိုေလေသးမရွိေနရသူျဖစ္ၿပီး အိမ္ေထာင္က်ၿပီးေနာက္မွာလည္း သာယာေအးခ်မ္းၿပီး အပူအပင္ရယ္လို႔မရွိခဲ့တာ ဒီေန႔ဒီအခ်ိန္ထိပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း နႏၵာလႈိင္တို႔ မိသားစုေလးကိုၾကည့္ၿပီး အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Zay Thiha ‘s fb
Bilie – Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် နန္ဒာလှိုင်ကတော့ (၂၀၀၈) ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး ဇေဝတီလှိုင်၊ ဇေရတီလှိုင် နဲ့ ဇေမဒီလှိုင်ဆိုတဲ့ သမီးသုံးယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ နန္ဒာလှိုင်က အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့် အေးချမ်းလှတဲ့ သူမရဲ့ အိမ်ထောင်ရေးကြောင့် ပရိသတ်တွေက စိတ်ဝင်စားခြင်းခံရသူပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ရဲ့ခင်ပွန်း ကိုဇေသီဟကလည်း နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တာကြောင့် မသိတဲ့လူမရှိတဲ့သူတစ်ယောက်ဖြစ်ပြီး ကိုဇေသီဟက ဒီကနေ့မှာတော့ သူ့ရဲ့ စိတ်ကူးအိပ်မက်တစ်ခုကို ဖြည့်ဆည်းခွင့်ရတော့မယ့်အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

ကိုဇေသီဟက “အိမ်ထောင်ကျပြီးထဲက မိဘတွေနဲ့ အိမ်ခွဲနေတဲ့ကာလဆိုတာ လပိုင်းလောက်ပဲ ရှိခဲ့ဖူးတယ်။ သမီးကြီး အသက် ၁၂ နှစ်ပြည့်ခါနီး အခုထိပါပဲ။ သမီးတွေက နိုင်ငံခြားသွားပြီး ကျောင်းတက်ရမဲ့ နှစ်ကလဲ တကယ်တမ်း တွက်ကြည့်ရင် သိပ်မလိုတော့ဘူး။ အဲ့လို တွေးမိတိုင်း ဆန္ဒတစ်ခုဖြစ်မိတယ်။ ကိုယ့်ခြံ ကိုယ့်ဝင်းမှာ မိသားစုနဲ့ လွတ်လွတ်လပ်လပ် နေဖူးသွားချင်မိတယ်။ သမီးတွေ ကျောင်းသွားတက်ပြီး ပြန်လာရင် အဲ့လို နေရဖို့ဆိုတာကလဲ ကံကောင်းလွန်းမှသာ… အဲ့လိုစိတ်ကူးကို အကောင်အထည်ဖော်ဖို့ ဒီနှစ်တော့ အခွင့်အရေးကောင်းတစ်ခု၊ တစ်နည်းအားဖြင့် မွေးနေ့လက်ဆောင်တစ်ခုရလိုက်ပါတယ်။ ”

“၅ဧကရှိတဲ့ ဂေါက်ကွင်းဘေးက ခြံကို မနေ့က အဖေပေးတယ်။ ဒီနေ့ ချက်ချင်း မြေစညှိပြီး အိမ်စဆောက်ဖို့လုပ်ပါပြီ။ အရင်က ရွှေဂုံတိုင်မှာ ဝယ်ထားတဲ့ ဧကဝက်ရှိတဲ့ခြံကို မဆောက်တော့ပဲ ဒီနေရာကို ပြောင်းဆောက်တော့မယ်။ကျေးဇူးတင်ပါတယ်အဖေ.. ၂၀၂၁ ခုနှစ် အသက် ၄၄ နှစ်ပြည့်မွေးနေ့ လက်ဆောင်ဟာ တန်ဖိုးကြီးမားလွန်းပါတယ်။ အနှစ်သာရ ပြည့်ဝလွန်းပါတယ်။ ခြံအကျယ်ကြီးမှာ သမီးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘဝ တစ်ခုကို အိမ်မက် မက်နေတာကြာပြီ.. မကြာခင် အဲ့ဒီဆန္ဒ ပြည့်တော့မယ်။” ဆိုပြီး ဝမ်းသာစွာ ပြောလာပါတယ်။

နန္ဒာလှိုင်ကတော့ သူမရဲ့ မိဘလက်ထပ်ကတည်းက ပြီးပြည့်စုံပြီး လိုလေသေးမရှိနေရသူဖြစ်ပြီး အိမ်ထောင်ကျပြီးနောက်မှာလည်း သာယာအေးချမ်းပြီး အပူအပင်ရယ်လို့မရှိခဲ့တာ ဒီနေ့ဒီအချိန်ထိပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန္ဒာလှိုင်တို့ မိသားစုလေးကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Zay Thiha ‘s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်