သင်ကံဆိုးနေတယ်လို့ထင်လား..ဒီပုံပြင်လေးကိုဖတ်ကြည့်ပါ

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

ကံဆိုးဖို့ ဖြစ်လာတာလား၊ ကံကောင်းဖို့ ဖြစ်လာတာလား၊ ဘယ်သူက သိနိုင်မှာလဲဆိုတဲ့ “တရုတ်လယ်သမား ပုံပြင်”

ဘယ်သူသိနိုင်မလဲ..

လယ်သမားအိုကြီးတစ်ယောက်မှာ သူ့လယ်ကို ထွန်ယက်ပေးဖို့ မြင်းအိုကြီးတစ်ကောင်ရှိပါတယ်..။ တစ်နေ့မှာ သူ့မြင်းကြီးဟာ တောင်တန်းတွေရှိတဲ့ဘက်ဆီကို ထွက်ပြေး သွားပါလေရော..။ အဲဒီ့တော့ လယ်သမားကြီးရဲ့ အိမ်နီးချင်းတွေက လယ်သမားကြီး ကံဆိုးလိုက်တာဆိုပြီး သနားနေကြသတဲ့..။ လယ်သမားကြီးက “ကံဆိုးတာလား? ကံကောင်းတာလား? ဘယ်သူကသိမှာလဲ?” လို့ပြောသတဲ့..။

တစ်ပတ်လောက်လဲကြာရော မြင်းအိုကြီးဟာ တခြားမြင်းရိုင်းအုပ်ကြီးကို ခေါ်လာပြီး ပြန်ရောက်လာသတဲ့..။ အဲဒီ့အချိန်လဲကျရော အိမ်နီးချင်းတွေက လယ်သမားကြီးရဲ့ ကံကောင်းမှုကို ချီးကျူးဂုဏ်ပြုကြပြန်တယ်..။ လယ်သမားကြီးကတော့ “ကံဆိုးတာလား? ကံကောင်းတာလား? ဘယ်သူကသိမှာလဲ?” လို့ပဲ ပြောသတဲ့..။

ရက်နဲနဲလည်းကြာလေရော..။ လယ်သမားကြီးရဲ့သားဟာ မြင်းရိုင်းတွေကို ယဉ်ပါးအောင် လုပ်ရင်းနဲ့ တစ်ကောင်ကို တက်အစီးမှာ ပြုတ်ကျပြီး ခြေထောက်သွင်သွင် ကျိုးသွားပါလေရော..။ အားလုံးကတော့ ကံဆိုးလိုက်လေခြင်းဆိုပြီး တွေးသတဲ့..။ လယ်သမားကြီးကတော့ သူ့ရဲ့ထုံးစံအတိုင်းပါပဲ.. “ကံဆိုးတာလား? ကံကောင်းတာလား? ဘယ်သူကသိမှာလဲ?” တဲ့..။

ရက်သတ္တပတ် အနည်းငယ်အကြာမှာ.. စစ်တပ်တစ်ခုဟာ အဲဒီ့ရွာလေးဆီကို ချီတက်လာလေသတဲ့..။ ကျန်းမာသန်စွမ်းတဲ့ လူငယ်ယောက်ျားလေးမှန်သမျှ စစ်မှုမထမ်းမနေရစနစ်ကြောင့် ဒီရွာမှာ စစ်သားသစ်တွေ လာရှာကြတာတဲ့..။ အဲဒီ့အချိန်မှာ လယ်သမားကြီးရဲ့သားဟာ ခြေထောက်ကျိုးနေတဲ့အတွက် ကင်းလွတ်ခွင့်ရသွားခဲ့တယ်..။

ဒါကြောင့် အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်းဟာ “ကံဆိုးဖို့ ဖြစ်လာတာလား? ကံကောင်းဖို့ ဖြစ်လာတာလား? ဘယ်သူကသိနိုင်မှာလဲ?”

Ref – The Chinese farmer

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ကံဆိုးဖို႔ ျဖစ္လာတာလား၊ ကံေကာင္းဖို႔ ျဖစ္လာတာလား၊ ဘယ္သူက သိႏိုင္မွာလဲဆိုတဲ့ “တ႐ုတ္လယ္သမား ပုံျပင္”

ဘယ္သူသိႏိုင္မလဲ..

လယ္သမားအိုႀကီးတစ္ေယာက္မွာ သူ႔လယ္ကို ထြန္ယက္ေပးဖို႔ ျမင္းအိုႀကီးတစ္ေကာင္ရွိပါတယ္..။ တစ္ေန႔မွာ သူ႔ျမင္းႀကီးဟာ ေတာင္တန္းေတြရွိတဲ့ဘက္ဆီကို ထြက္ေျပး သြားပါေလေရာ..။ အဲဒီ့ေတာ့ လယ္သမားႀကီးရဲ႕ အိမ္နီးခ်င္းေတြက လယ္သမားႀကီး ကံဆိုးလိုက္တာဆိုၿပီး သနားေနၾကသတဲ့..။ လယ္သမားႀကီးက “ကံဆိုးတာလား? ကံေကာင္းတာလား? ဘယ္သူကသိမွာလဲ?” လို႔ေျပာသတဲ့..။

တစ္ပတ္ေလာက္လဲၾကာေရာ ျမင္းအိုႀကီးဟာ တျခားျမင္း႐ိုင္းအုပ္ႀကီးကို ေခၚလာၿပီး ျပန္ေရာက္လာသတဲ့..။ အဲဒီ့အခ်ိန္လဲက်ေရာ အိမ္နီးခ်င္းေတြက လယ္သမားႀကီးရဲ႕ ကံေကာင္းမႈကို ခ်ီးက်ဴးဂုဏ္ျပဳၾကျပန္တယ္..။ လယ္သမားႀကီးကေတာ့ “ကံဆိုးတာလား? ကံေကာင္းတာလား? ဘယ္သူကသိမွာလဲ?” လို႔ပဲ ေျပာသတဲ့..။

ရက္နဲနဲလည္းၾကာေလေရာ..။ လယ္သမားႀကီးရဲ႕သားဟာ ျမင္း႐ိုင္းေတြကို ယဥ္ပါးေအာင္ လုပ္ရင္းနဲ႔ တစ္ေကာင္ကို တက္အစီးမွာ ျပဳတ္က်ၿပီး ေျခေထာက္သြင္သြင္ က်ိဳးသြားပါေလေရာ..။ အားလုံးကေတာ့ ကံဆိုးလိုက္ေလျခင္းဆိုၿပီး ေတြးသတဲ့..။ လယ္သမားႀကီးကေတာ့ သူ႔ရဲ႕ထုံးစံအတိုင္းပါပဲ.. “ကံဆိုးတာလား? ကံေကာင္းတာလား? ဘယ္သူကသိမွာလဲ?” တဲ့..။

ရက္သတၱပတ္ အနည္းငယ္အၾကာမွာ.. စစ္တပ္တစ္ခုဟာ အဲဒီ့႐ြာေလးဆီကို ခ်ီတက္လာေလသတဲ့..။ က်န္းမာသန္စြမ္းတဲ့ လူငယ္ေယာက္်ားေလးမွန္သမွ် စစ္မႈမထမ္းမေနရစနစ္ေၾကာင့္ ဒီ႐ြာမွာ စစ္သားသစ္ေတြ လာရွာၾကတာတဲ့..။ အဲဒီ့အခ်ိန္မွာ လယ္သမားႀကီးရဲ႕သားဟာ ေျခေထာက္က်ိဳးေနတဲ့အတြက္ ကင္းလြတ္ခြင့္ရသြားခဲ့တယ္..။

ဒါေၾကာင့္ အေၾကာင္းတစ္စုံတစ္ရာ ျဖစ္ေပၚလာျခင္းဟာ “ကံဆိုးဖို႔ ျဖစ္လာတာလား? ကံေကာင္းဖို႔ ျဖစ္လာတာလား? ဘယ္သူကသိႏိုင္မွာလဲ?”

Ref – The Chinese farmer