.ကျောက်ကပ်အတွက် ထာဝရ အကောင်းဆုံး ဆေးတခွက် (ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါ).

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

ကျောက်ကပ်အတွက်`ထာဝရဆေး´

ဖန်ခွက်ထဲကို အုန်းစိမ်းရည်ထည့်၊ ပြီးရင်ကျောက်ဖရုံယို တစ်တောင့် ထည့်စိမ်ထားလိုက်၊ တစ်နာရီကျော်လောက် စိမ်ထားရင်ရပြီ၊ အရည်လည်းသောက် အဖတ်လည်းစား၊ အဲဒါဟာ ကျောက်ကပ်အတွက် ထာဝရဆေးပဲ ဖြစ်ပါတယ်။ ကျောက်ကပ်အမြဲတန်းကောင်းချင်ရင် တစ်ပတ်တစ်ခါလောက်သောက်ပေး။ ကျောက်ကပ်မကောင်းတော့ဘူးဆိုရင်လည်း စိတ်မပျက်ပါနဲ့၊ အခုပြောတဲ့ ကျောက်ကပ်အတွက် ထာဝရဆေးကို တစ်ပတ် ၃ ကြိမ်စားပေးနိုင်ပါတယ်။

ကျောက်ကပ်ဟာ အသက် ၄၀ ကျော် ပြီဆိုရင် အိုဟောင်းသွားတော့တာ ပါပဲ။ ကျောက်ကပ်အလုပ်လုပ်မှုဟာ အသက် ၄၀ ပြည့်တဲ့နှစ် ကစလို့ ၁ နှစ်ကို ၁ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒါကြောင့် အသက်ကြီးလာတာနဲ့ အမျှ ကျောက်ကပ်လည်း အားနည်း လာတော့တယ်။

သို့သော်လည်း သူ့ကို သေချာထိန်းသိမ်း စောင့်ရှောက်တတ်ရင်တော့ အကောင်းအတိုင်းရှိနေပြီး လုပ်ဆောင်ချက်တွေ မကျဆင်းနိုင်ဘူး။ ကျောက်ကပ်အတွက် မြစ်ချင်းပြီး သဘာဝဆေးဟာ ကျောက်ဖရုံသီးဖြစ်ကြောင်း အရင်အပတ်က ပြောခဲ့ပြီ းဖြစ်တယ်။

ကျောက်ဖရုံသီးကို ကမ္ဘာပေါ်မှာ အကောင်းဆုံးရေ ဖြစ်တဲ့ အုန်းစိမ်းရည်ထဲ ထည့်စိမ်လိုက်တဲ့အခါမှာတော့ ကျောက်ကပ်အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးဆေး ဖြစ်သွားတော့တာပါပဲ။

ယ္ခုအခါမှာ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ အများကြီးဖြစ်နေကြပါတယ်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း၊ လုပ်ဆောင်ချက် ကျဆင်းခြင်း၊ ဆီးအမြှုပ်များခြင်း၊ ဆီးဆိပ်များခြင်း၊၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကျောက်ကပ်ကင်ဆာစသည်ဖြင့် အမျိုးမျိုးဖြစ်နေကြတာ တွေ့ရပါတယ်။

ကျောက်ကပ်ရောဂါ ဖြစ်တဲ့သူတွေ ကြည့်လိုက်ရင် မိန်းမထက်ယောက်ကျားက ပိုများတာကို တွေ့ရပါတယ်။ ယောက်ကျားမှာ ဆီး၊ မိန်းမမှာမီးတဲ့။ ယောက်ကျားတွေ ဆီးမကောင်းရင် ကျောက်ကပ်ရောဂါ ဖြစ်လွယ်တယ်။ ယောက်ကျားတွေက ပေလည်းပေကြတာကိုး။ ဒါကြောင့်လည်းယောက်ကျားတွေအသက် တိုကြတာဖြစ်တယ်။

အသက်ကြီးသည်အထိ ကျောက်ကပ်ကောင်းကြတဲ့ သူတွေကို ကြည့်ရင် သူတို့ဟာ အစားအသောက်ကို သင့်ရုံလောက်ပဲစားကြတဲ့ သူတွေ ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။ ကျောက်ကပ်ဟာ စားသမျှ အစားအသောက်တွေထဲက ပါလာတဲ့ အညစ်အကြေး အဆိပ်အတောက်တွေကို သန့်စင်ပေးပြီး ဆီးလမ်းကြောင်းကနေ စွန့်ထုတ်ပေးရတဲ့ အင်္ဂါ ဖြစ်ပါတယ်။

သင့်ရုံသာ စားရင် ကျောက်ကပ်က အလုပ်နည်းနည်းပဲ အလုပ်လုပ်ရလို့ မပင်ပန်းဘဲ ကြာရှည်ခံမယ်။ အစားကြူးရင်တော့ ကျောက်ကပ်က ပင်ပင်ပန်းပန်း အလုပ်လုပ်ရလို့ ကြာရှည်မခံနိုင်ဘူး။ အဲဒါအရေးကြီးဆုံး အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအပြင် အခြားသော ဆောင်ရန်ရှောင်ရန်တွေလည်း ရှိပါသေးတယ်။ ဘာတွေလည်းဆိုရင်

ထုံးဓာတ်များတဲ့ရေကိုရှောင်ခြင်း -အက်စစ်ဓာတ်များတဲ့အစားအသောက်ကိုလျှော့စားခြင်း – အယ်ကာလီများတဲ့အစားအသောက်ကိုပိုစားခြင်း -အသီးအရွက်မစားတဲ့အကျင့်ကိုပြုပြင်ခြင်း -အနီရောင်အသားကိုသင့်ရုံသာစားခြင်း -အသားထက်အဆီကနေကယ်လိုရီပိုရယူခြင်း -ဝမ်းမချုပ်အောင်လေ့ကျင့်ခြင်း – ချွေးထွက်အောင်ပြုလုပ်ပေးခြင်း -သွားနှင့်ခံတွင်းကိုအမြဲသန့်ရှင်းနေစေခြင်း

-ကိုယ်လက်လှုပ်ရှားမှုများစေခြင်း -ည၁၀နာရီအိပ်ယာဝင်ခြင်း -အရက်သေစာမူးယစ်ဆေးဝါးရှောင်ရှားခြင်း -အနားယူပေးခြင်း -သင့်ရုံသာစားသောက်ခြင်း -အစာကိုကြေညက်အောင်ဝါးစားခြင်း ဓာတုဆေးဝါးများကိုလိုအပ်မှသောက်ခြင်း -ကွမ်းယာ၊ဆေးလိပ်သုံးစွဲမှုမများစေခြင်း -ဆိုဒီယမ်ပါသောအစာများလျှော့စားခြင်း -ပန်းရောင်ကျောက်ဆားသုံးခြင်း -သွေးတိုးစာများလျှော့စားခြင်း -မနက်စောစောစာကိုပြည့်စုံစွာစားခြင်း -ရေသောက်မနည်းစေခြင်း -နေရောင်ခြည်ခံပေးခြင်းတွေပဲဖြစ်ပါတယ်။

အဲဒီလို ဆောင်ရန်ရှောင်ရန်တွေကို သိထားပြီး ကျောက်ကပ်အတွက် ထာဝရဆေးကိုလည်း ပုံမှန်စားပေးသွားမယ် ဆိုရင်တော့ ကိုယ့်ကျောက်ကပ်အတွက် စိတ်ပူစရာ မရှိနိုင်လောက်တော့ဘူးပေါ့။ ကျောက်ကပ်ဆေးနေရတဲ့ သူတွေလည်းရှီ းပတီးပေါင်းစားခြင်းနဲ့ အတူ အခုပေးတဲ့ဆေးကို သောက်နိုင်စားနိုင်ကြပါတယ်။

ကျောက်ကပ်အတွက်ဆေးကို ဘယ်အချိန်မှာ စားရမလဲတဲ့။ အသင့်တော်ဆုံး အချိန်ကတော့ ကျောက်ကပ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့ ညနေ ၃ နာရီကနေ ၅ နာရီမတိုင်မီ နေ့လည် ၂ နာရီ လောက်ပါပဲ။ ပြီးရင် ရေများများသောက်ပေးပါ။ ကျောက်ကပ်က အနည်အနှစ်တွေ အားလုံးဆီးလမ်းကြောင်းကနေ ထွက်သွားပါလိမ့်မယ်။ ညနေ ၅ နာရီကနေ ၇ နာရီက ဆီးအိမ်အဆိပ်ထုတ်ချိန်ဖြစ်တဲ့အတွက် အဲဒီအချိန်တွေ အထိ ဆီးကောင်းကောင်းသွားပေးနေဖို့လည်း လိုပါတယ်။

ကျောက်ကပ်ရောဂါတွေဟာ ဖြစ်လာရင် သိပ်ကိုစိတ်ညစ်ရတတ်တယ်။ ပိုက်ဆံတွေ အများကြီးကုန်ပြီး လူဖြစ်လည်းရှုံးတတ်တယ်။ ဒါကြောင့် မိမိကျောက်ကပ်ကို သဘာဝနည်းနဲ့ စောင့်ရှောက်ပါလို့ နည်းကောင်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ်။ မိတ်ဆွေများ အားလုံးကျောက်ကပ်ရောဂါတွေကနေ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ကြပါစေ။

ချစ်ခင်လေးစားလျှက်
(sharing is caring)
စာရေးဆရာမင်းကျော်ဝင်

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေက်ာက္ကပ္အတြက္`ထာဝရေဆး´

ဖန္ခြက္ထဲကို အုန္းစိမ္းရည္ထည့္၊ ၿပီးရင္ေက်ာက္ဖ႐ုံယို တစ္ေတာင့္ ထည့္စိမ္ထားလိုက္၊ တစ္နာရီေက်ာ္ေလာက္ စိမ္ထားရင္ရၿပီ၊ အရည္လည္းေသာက္ အဖတ္လည္းစား၊ အဲဒါဟာ ေက်ာက္ကပ္အတြက္ ထာဝရေဆးပဲ ျဖစ္ပါတယ္။ ေက်ာက္ကပ္အၿမဲတန္းေကာင္းခ်င္ရင္ တစ္ပတ္တစ္ခါေလာက္ေသာက္ေပး။ ေက်ာက္ကပ္မေကာင္းေတာ့ဘူးဆိုရင္လည္း စိတ္မပ်က္ပါနဲ႔၊ အခုေျပာတဲ့ ေက်ာက္ကပ္အတြက္ ထာဝရေဆးကို တစ္ပတ္ ၃ ႀကိမ္စားေပးႏိုင္ပါတယ္။

ေက်ာက္ကပ္ဟာ အသက္ ၄၀ ေက်ာ္ ၿပီဆိုရင္ အိုေဟာင္းသြားေတာ့တာ ပါပဲ။ ေက်ာက္ကပ္အလုပ္လုပ္မႈဟာ အသက္ ၄၀ ျပည့္တဲ့ႏွစ္ ကစလို႔ ၁ ႏွစ္ကို ၁ ရာခိုင္ႏႈန္း က်ဆင္းသြားပါတယ္။ ဒါေၾကာင့္ အသက္ႀကီးလာတာနဲ႔ အမွ် ေက်ာက္ကပ္လည္း အားနည္း လာေတာ့တယ္။

သို႔ေသာ္လည္း သူ႔ကို ေသခ်ာထိန္းသိမ္း ေစာင့္ေရွာက္တတ္ရင္ေတာ့ အေကာင္းအတိုင္းရွိေနၿပီး လုပ္ေဆာင္ခ်က္ေတြ မက်ဆင္းႏိုင္ဘူး။ ေက်ာက္ကပ္အတြက္ ျမစ္ခ်င္းၿပီး သဘာဝေဆးဟာ ေက်ာက္ဖ႐ုံသီးျဖစ္ေၾကာင္း အရင္အပတ္က ေျပာခဲ့ၿပီ းျဖစ္တယ္။

ေက်ာက္ဖ႐ုံသီးကို ကမာၻေပၚမွာ အေကာင္းဆုံးေရ ျဖစ္တဲ့ အုန္းစိမ္းရည္ထဲ ထည့္စိမ္လိုက္တဲ့အခါမွာေတာ့ ေက်ာက္ကပ္အတြက္ ကမာၻေပၚမွာ အေကာင္းဆုံးေဆး ျဖစ္သြားေတာ့တာပါပဲ။

ယၡဳအခါမွာ ေက်ာက္ကပ္နဲ႔ ပတ္သက္တဲ့ ေရာဂါေတြ အမ်ားႀကီးျဖစ္ေနၾကပါတယ္။ ေက်ာက္ကပ္ေရာင္ျခင္း၊ ေက်ာက္ကပ္ေက်ာက္တည္ျခင္း၊ ေက်ာက္ကပ္အားနည္းျခင္း၊ လုပ္ေဆာင္ခ်က္ က်ဆင္းျခင္း၊ ဆီးအျမႇဳပ္မ်ားျခင္း၊ ဆီးဆိပ္မ်ားျခင္း၊၊ ေက်ာက္ကပ္ပ်က္စီးျခင္း၊ ေက်ာက္ကပ္ကင္ဆာစသည္ျဖင့္ အမ်ိဳးမ်ိဳးျဖစ္ေနၾကတာ ေတြ႕ရပါတယ္။

ေက်ာက္ကပ္ေရာဂါ ျဖစ္တဲ့သူေတြ ၾကည့္လိုက္ရင္ မိန္းမထက္ေယာက္က်ားက ပိုမ်ားတာကို ေတြ႕ရပါတယ္။ ေယာက္က်ားမွာ ဆီး၊ မိန္းမမွာမီးတဲ့။ ေယာက္က်ားေတြ ဆီးမေကာင္းရင္ ေက်ာက္ကပ္ေရာဂါ ျဖစ္လြယ္တယ္။ ေယာက္က်ားေတြက ေပလည္းေပၾကတာကိုး။ ဒါေၾကာင့္လည္းေယာက္က်ားေတြအသက္ တိုၾကတာျဖစ္တယ္။

အသက္ႀကီးသည္အထိ ေက်ာက္ကပ္ေကာင္းၾကတဲ့ သူေတြကို ၾကည့္ရင္ သူတို႔ဟာ အစားအေသာက္ကို သင့္႐ုံေလာက္ပဲစားၾကတဲ့ သူေတြ ျဖစ္တယ္ဆိုတာ ေတြ႕ရလိမ့္မယ္။ ေက်ာက္ကပ္ဟာ စားသမွ် အစားအေသာက္ေတြထဲက ပါလာတဲ့ အညစ္အေၾကး အဆိပ္အေတာက္ေတြကို သန္႔စင္ေပးၿပီး ဆီးလမ္းေၾကာင္းကေန စြန္႔ထုတ္ေပးရတဲ့ အဂၤါ ျဖစ္ပါတယ္။

သင့္႐ုံသာ စားရင္ ေက်ာက္ကပ္က အလုပ္နည္းနည္းပဲ အလုပ္လုပ္ရလို႔ မပင္ပန္းဘဲ ၾကာရွည္ခံမယ္။ အစားၾကဴးရင္ေတာ့ ေက်ာက္ကပ္က ပင္ပင္ပန္းပန္း အလုပ္လုပ္ရလို႔ ၾကာရွည္မခံႏိုင္ဘူး။ အဲဒါအေရးႀကီးဆုံး အခ်က္ပဲ ျဖစ္ပါတယ္။ အဲဒီအျပင္ အျခားေသာ ေဆာင္ရန္ေရွာင္ရန္ေတြလည္း ရွိပါေသးတယ္။ ဘာေတြလည္းဆိုရင္

ထုံးဓာတ္မ်ားတဲ့ေရကိုေရွာင္ျခင္း -အက္စစ္ဓာတ္မ်ားတဲ့အစားအေသာက္ကိုေလွ်ာ့စားျခင္း – အယ္ကာလီမ်ားတဲ့အစားအေသာက္ကိုပိုစားျခင္း -အသီးအ႐ြက္မစားတဲ့အက်င့္ကိုျပဳျပင္ျခင္း -အနီေရာင္အသားကိုသင့္႐ုံသာစားျခင္း -အသားထက္အဆီကေနကယ္လိုရီပိုရယူျခင္း -ဝမ္းမခ်ဳပ္ေအာင္ေလ့က်င့္ျခင္း – ေခြၽးထြက္ေအာင္ျပဳလုပ္ေပးျခင္း -သြားႏွင့္ခံတြင္းကိုအၿမဲသန္႔ရွင္းေနေစျခင္း

-ကိုယ္လက္လႈပ္ရွားမႈမ်ားေစျခင္း -ည၁၀နာရီအိပ္ယာဝင္ျခင္း -အရက္ေသစာမူးယစ္ေဆးဝါးေရွာင္ရွားျခင္း -အနားယူေပးျခင္း -သင့္႐ုံသာစားေသာက္ျခင္း -အစာကိုေၾကညက္ေအာင္ဝါးစားျခင္း ဓာတုေဆးဝါးမ်ားကိုလိုအပ္မွေသာက္ျခင္း -ကြမ္းယာ၊ေဆးလိပ္သုံးစြဲမႈမမ်ားေစျခင္း -ဆိုဒီယမ္ပါေသာအစာမ်ားေလွ်ာ့စားျခင္း -ပန္းေရာင္ေက်ာက္ဆားသုံးျခင္း -ေသြးတိုးစာမ်ားေလွ်ာ့စားျခင္း -မနက္ေစာေစာစာကိုျပည့္စုံစြာစားျခင္း -ေရေသာက္မနည္းေစျခင္း -ေနေရာင္ျခည္ခံေပးျခင္းေတြပဲျဖစ္ပါတယ္။

အဲဒီလို ေဆာင္ရန္ေရွာင္ရန္ေတြကို သိထားၿပီး ေက်ာက္ကပ္အတြက္ ထာဝရေဆးကိုလည္း ပုံမွန္စားေပးသြားမယ္ ဆိုရင္ေတာ့ ကိုယ့္ေက်ာက္ကပ္အတြက္ စိတ္ပူစရာ မရွိႏိုင္ေလာက္ေတာ့ဘူးေပါ့။ ေက်ာက္ကပ္ေဆးေနရတဲ့ သူေတြလည္းရွီ းပတီးေပါင္းစားျခင္းနဲ႔ အတူ အခုေပးတဲ့ေဆးကို ေသာက္ႏိုင္စားႏိုင္ၾကပါတယ္။

ေက်ာက္ကပ္အတြက္ေဆးကို ဘယ္အခ်ိန္မွာ စားရမလဲတဲ့။ အသင့္ေတာ္ဆုံး အခ်ိန္ကေတာ့ ေက်ာက္ကပ္အဆိပ္ထုတ္ခ်ိန္ျဖစ္တဲ့ ညေန ၃ နာရီကေန ၅ နာရီမတိုင္မီ ေန႔လည္ ၂ နာရီ ေလာက္ပါပဲ။ ၿပီးရင္ ေရမ်ားမ်ားေသာက္ေပးပါ။ ေက်ာက္ကပ္က အနည္အႏွစ္ေတြ အားလုံးဆီးလမ္းေၾကာင္းကေန ထြက္သြားပါလိမ့္မယ္။ ညေန ၅ နာရီကေန ၇ နာရီက ဆီးအိမ္အဆိပ္ထုတ္ခ်ိန္ျဖစ္တဲ့အတြက္ အဲဒီအခ်ိန္ေတြ အထိ ဆီးေကာင္းေကာင္းသြားေပးေနဖို႔လည္း လိုပါတယ္။

ေက်ာက္ကပ္ေရာဂါေတြဟာ ျဖစ္လာရင္ သိပ္ကိုစိတ္ညစ္ရတတ္တယ္။ ပိုက္ဆံေတြ အမ်ားႀကီးကုန္ၿပီး လူျဖစ္လည္းရႈံးတတ္တယ္။ ဒါေၾကာင့္ မိမိေက်ာက္ကပ္ကို သဘာဝနည္းနဲ႔ ေစာင့္ေရွာက္ပါလို႔ နည္းေကာင္းေလးတစ္ခု မွ်ေဝေပးလိုက္ပါတယ္။ မိတ္ေဆြမ်ား အားလုံးေက်ာက္ကပ္ေရာဂါေတြကေန ကင္းေဝးၿပီး ကိုယ္စိတ္ႏွစ္ပါး ခ်မ္းေျမ့ၾကပါေစ။

ခ်စ္ခင္ေလးစားလွ်က္
(sharing is caring)
စာေရးဆရာမင္းေက်ာ္ဝင္