.ပိုင်တံခွန်ထံကနေ မထင်မှတ်ထားတဲ့ လက်ဆောင်လေးရရှိလာတဲ့အတွက်ကြောင့် ပျော်ရွှင်မဆုံးဖြစ်နေတဲ့ ဖြူဖြူကျော်သိန်း.

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Unicode ဖြင့်ဖတ်ပါ
★★★★★

အသံပါဝါအားကောင်းလွန်းတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဖြူဖြူကျော်သိန်းရဲ့ ထွက်ရှိသမျှ သီချင်းတိုင်းဟာဆိုရင် ဂီတလောကမှာ အောင်မြင်လာလျက်ရှိပါတယ်။ သူမကတော့ ဒီဇိုင်းဆန်းဆန်းလေးတွေနဲ့ ဖော်ရွေဆက်ဆံမှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူပဲဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းကတော့ သီချင်းအသစ်တွေ ထွက်ရှိလာနိုင်ဖို့ကိုလည်း ကြိုးစားလျက်ရှိပါတယ်။ သူမရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူတစ်ဦးပါပဲနော်။ ဒီနေ့မှာတော့ ဖြူဖြူကျော်သိန်းက”တံခွန် ရေ…ယူ့ရဲ့ Crazy Cream Ice-Cream Sandwich လေး အရမ်းစားကောင်းတယ်‌နော်။ ရေခဲမုန့်ကိုမှ ရောင်စုံပေါင်မုန့်နဲ့ညှပ်စားရတာ မျိုး၊ အဆန်းလေး။ Chocochips ရော၊ Raspberry ရော နှစ်မျိုးလုံးကောင်းတယ်။ နောက် flavour အသစ်တွေရှိရင်လည်း ထပ်ပို့လို့ရတယ်နော်… ဘား အားမနာနဲ့ ။ I love ice-cream!!”လို့ဆိုပြီး မင်းသားချောပိုင်တံခွန်ရဲ့ လက်ဆောင်ကြောင့် ပျော်ရွှ်င်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

ပိုင်တံခွန်ရဲ့ လက်ဆောင်လေးကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမဆဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Source….Phyu Phyu Kyaw Thein’s Facebook
Angella(CeleChitThu)

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Angella(CeleChitThu)
ယူနီကုဒ်ဖြင့်ဖတ်ရန်