.Live Sale အမြဲရောင်းပေးနေကျ ရတနာဆိုင်မှ သူမကြိုက်နေတဲ့ LV ပုံစံ တန်ဖိုးကြီးစိန်နားကပ်တရံ လက်ဆောင်ပေးလို့ ပါးစပ်မစေ့နိုင်အောင် ပျော်ရွှင်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်.
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source : Nying Shin
CeleKhitThit (crd)
Unicode ဖြင့်ဖတ်ပါ
★★★★★
Live Sale အမြဲရောင်းပေးနေကျ ရတနာဆိုင်မှ သူမကြိုက်နေတဲ့ LV ပုံစံ တန်ဖိုးကြီးစိန်နားကပ်တရံ လက်ဆောင်ပေးလို့ ပါးစပ်မစေ့နိုင်အောင် ပျော်ရွှင်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်..
ပရိသတ်ကြီးရေနှိုင်းယှဉ်မြင့်မိုရ်ကတော့ မြန်မာ ရုပ်ရှင်ဇာတ်ကားပရိသတ်တွေမသိသူမရှိလောက်တဲ့ ဇာတ်ပို့ဇာတ်ရန်တစ်ယောက်ပါပဲနော်။ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီဖြစ်ပြီး ကျရာဇာတ်ကောင်တွေကို ကျွမ်းကျင် ပိုင်နိူင်လွန်းတဲ့သူတစ်ယောက်ပါ။
ဟာသဖြစ်ဖြစ်အကြမ်းအရမ်းဖြစ်ဖြစ် မင်းသားမင်းသမီးတွေရဲ့ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေး တတ်တဲ့ ဇာတ်ရံကောင်းတစ်ဦးလို့ဆိုရမှာပါ။
အခုလိုcovid ကာလမှာ အိမ်မှာပဲ Stay Homeနေနေကြရတာကြောင့် အနုပညာ ရှင်တော်တော်များများ ဟာဆိုရင်ရိုက်ကူးရေးတွေရပ်နားထားပေမယ့် နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online ဈေးရောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာဖြစ်ပြီး အရမ်းကို ရောင်းကောင်းပြီး ရက်လွတ်တွေမရှိအောင် မအားမလပ်နဲ့ဖြစ်လောက် ထိပါပဲနော်။
အလှူအတန်းတွေလည်းဆက်တိုက်လုပ်ကိုင်နိုင်ပြီး အိမ်အကြီးကြီးကိုလည်းCovidကာလမှာဝယ်ယူနိုင်ခဲ့တာပါ။ ဒီနေ့ကျရောက်တဲ့ ဇန်နဝါရီလ၂၄ရက်နေ့ကတော့ သူမရဲ့ အသက်၃၇နှစ်ပြည့်မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ”နှိုင်းရှင်မွေးနေ့မှာ နှိုင်းရှင်ကြိုက်တဲ့LV စိနိနားကပ်လေးကို မြတ်မွန်ရတနာမှ ချစ်ရတဲ့ ဖြူချောက လက်ဆောင်ပေးတယ်
နှိုင်းရှင်ကို အမြဲဂရုစိုက်တယ်ဘယ်တော့မှ လက်တွဲမဖြုတ်ချခဲ့ဘူးအဲ့လိုစိတ်တွေကြောင့်…စလက်တွဲတဲ့ 1.7.2020မှ မနေ့က Live ထိမရောင်းရပဲ ပြန်ရတဲ့နေ့တရက်မှ မရှိခဲ့ဘူးး
ဒီ့ထက်ပိုကြိုးစားပေးပါ့မယ်မြတ်မွန်ရတနာနဲ့ ဖြူချောလည်း ဒီ့ထက်ပိုအောင်မြင်ပါစေ”ဆိုတဲ့စာလေးနဲ့ တန်ဖိုးကြီးစိန်နားကပ်လက်ဆောင်ရရှိခဲ့ကြောင်း ဝမ်းသာစွာပြောပြခဲ့တာပါ။ ပရိသတ်ကြီးလည်း နှိုင်းယှဉ်ုမင့်မိုရ်အတွက်ဆုတောင် းစကားပြောခဲ့ပေးပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source : Nying Shin
CeleKhitThit (crd)