.ကိုဗစ် မပြီးသေးပဲ အမြန်လမ်းပေါ် ပျော်ပွဲစားထွက်နေကြတဲ့ ကိစ္စ ဒေါက်တာခင်ခင်ကြီး ပြောပြီ.
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Unicode ဖြင့်ဖတ်ပါ
★★★★★
အများအားဖြင့် ကိုယ့်ဝေါမှာက ကိုဗစ်နဲ့ပတ်သက်တာတွေပဲ တင်ပါတယ် တခါတလေလဲ ကိုယ်သဘောကျမိတဲ့ ချစ်စရာ ရီစရာတွေ ရှဲပါတယ် ခုဒီပို့စ်လေးကတော့ စိတ်မကောင်းဖြစ်မိလို့ ရှဲတာပါ
ဖတ်မိတဲ့သူ ရှဲတဲ့သူတွေကတစ်ဆင့် လူအများဖတ်မိကြရင် ဒီလိုမျိုး စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာကို ရှောင်ကြဉ်စေဖို့ ရည်ရွယ်ပါတယ်။
မိမိအိမ်မှာ အမှိုက်တွေ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ဖို့တော့ စိတ်ကူးမရှိဘူးမို့လား ဒါဆိုရင်လဲ မိမိနေထိုင်တဲ့တိုင်း/ပြည်နယ် မိမိနိုင်ငံရဲ့ အမြန်လမ်းမကြီးဘေးမှာတော့ ဘယ်လိုစိတ်နဲ့များ ညစ်ပတ်အောင် လုပ်ရက်ကြပါလိမ့် အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ပါ။ အိတ်ထဲထည့်ပြီး ပြန်သယ်သွားကြပါ ပြီးမှစည်းကမ်းတကျ စွန့်ပစ်ကြပါနော်
ကပ်ရောဂါနဲ့ရင်ဆိုင်နေရတဲ့ခေတ်ပျက်ကြီးမှာ စိတ်ဓာတ်တွေတော့ မပျက်ကြပါနဲ့ ဂရုတစိုက် နိုင်ငံကြီးသားပီသစွာ နေထိုင်ပြုမူကျင့်ကြံကြပါ။
အော်ဒါနဲ့ တစ်ခုသတိပေးရအုံးမယ် ကပ်ကြီးမပြီးသေးဘူးနော် ပျော်ပွဲစားစုပြီးထွက်ရမယ့်အချိန်လဲ မဟုတ်သေးပါဘူး နောင်မှ နှောင်းနောင်တတွေ ရနေမှာစိုးလို့ စေတနာမေတ္တာနဲ့ အသိပေး သတိပေးလိုက်ပါတယ် (ဒေါက်တာခင်ခင်ကြီး)
ဘယ်သူ့ကို သွားပြောပြီး အကူအညီတောင်း လုပ်ခိုင်း ရမယ်မသိ။ သတင်းပေး ရမယ်မသိ။
ရန်ကုန် နဲ့ နေပြည်တော်ကြား အမြန်လမ်း လမ်းမ တလျောက်မှာ ပျော်ပွဲစား ထွက်တဲ့ ကား တွေ တော်‌တော်များပါတယ် ။ ကားတွေ များသလောက် စည်းကမ်းမဲ့ စွာ လွှင့်ပြစ်ထား ခဲ့ကြတဲ့ မလက်စတစ် အမိူက်‌တွေဆိုတာ မြင်လို့မကောင်း အောင်ပါဘဲ။
မြို့ပြ မှာ မွန်းကျပ်လို့ စိတ်အပန်း ဖြေ ဖို့ ထွက်လာခဲ့ ကြ ရင် အိမ်ကနေ အစားအသောက်မျိုးစုံ စီစဉ် လာကြ၊ စားကြသောက်ကြ ပြီးရင် သယ်လာတဲ့ အတိုင်း စားထားပြီးသားတွေ ဘာလို့ ပြန်မသယ်ဘဲ လမ်းဘေး စွန့်ပြစ်ခဲ့ သလဲ ဆိုတာ စဉ်းစားမရ ဘူး ။
တော်ရုံ ဆို မပြောလိုပေမဲ့ တော်တော့်ကို လွန်လွန်း အောင်ညစ်ပတ် စုတ်ပြတ်နေအောင် အမိူက်တွေ များ လွန်းပါတယ်။ လမ်းတွေ က ပြန့်ပြူး သာယာ၊ လမ်းမှာ ပွင့်နေတဲ့ ပန်းတွေ လှပ နေသလောက် လမ်းဘေးက အမိူက်တွေ ရုပ်ဆိုး လွန်းလှပါတယ် ။
ဘာလုပ်ကြမလဲ ။ဘာလုပ်ပေး ရမလဲ ။ ပျော်ဖို့ သိရင် စည်းကမ်းရှိဘို့လဲ သိရမယ်ဆိုတဲ့ အသိညဏ် မြန်မာ တွေမှာ မရှိတော့လား။ ရန်ကုန် နေပြည်တော် အမြန်လမ်းကြီး လှသလောက် လမ်းဘေး တလျောက် အမှိုက် များစွာနဲ့ ရွံစရာ ကောင်းနေတာ ဘယ်သူ့ကို ပြောပြရမလဲ ၊ သိရင် ပြောကြပါဦးနော် ။ (Soe Mar Lar)
Zawgyi ဖြင့်ဖတ်ပါ
★★★★★
တော်ရုံ ဆို မပြောလိုပေမဲ့ တော်တော့်ကို လွန်လွန်း အောင်ညစ်ပတ် စုတ်ပြတ်နေအောင် အမိုက်တွေ များ လွန်းပါတယ်။ လမ်းတွေ က ပြန့်ပြူး သာယာ၊ လမ်းမှာ ပွင့်နေတဲ့ ပန်းတွေ လှပ နေသလောက် လမ်းဘေးက အမိုက်တွေ ရုပ်ဆိုး လွန်းလှပါတယ် ။