.မတော်တဆတစ်ခုကြောင့်သူမရဲ့တန်ဖိုးကြီးကားထိခိုက်ပျက်ဆီးသွားကြောင်းကိုဗီဒီယိုရိုက်ပြီးဝမ်းနည်းစွာပြသလိုက်တဲ့ပွင့်နဒီမောင်.

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင်  မင်းသမီးချောလေး  ပွင့်နဒီမောင်ကတော့  ဆယ်စုနှစ်ကျော်တိုင်အောင်  အနုပညာလောကမှာ  ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးခဲ့သူလည်း  ဖြစ်ပါတယ်။  လက်ရှိမှာ ကားရိုက်တွေ သိပ်မရှိတော့ပေမယ့်လည်း  ပရိသတ်တွေအတွက် ကြော်ငြာနဲ့ Photo Shooting လေးတွေတော့  ရိုက်ကူးလျက်ရှိနေတာလည်း  ဖြစ်ပါတယ်။ ဒါ့အပြင်  ချစ်ရတဲ့ ခင်ပွန်းနဲ့အတူ  ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးဘဝကို  ရရှိပိုင်ဆိုင်ထားတာလည်း  ဖြစ်ပါတယ်။

ဒါ့အပြင်  သရုပ်ဆောင်  ထူးခြားနဲ့အတူ  ဝက်နံရိုးမှးတောက်ဟင်းလျာကို  အပတ်စဉ် စနေ၊တနင်္ဂနွေတိုင်း ရောင်းချပေးနေတာလည်း  ဖြစ်ပါတယ်။  ဘဝကိုအေးချမ်းစွာနဲ့  ဖြတ်သန်းနေတဲ့  သူမကို  ပရိသတ်တွေက အားကျနေကြတာလည်း  ဖြစ်ပါတယ်။ ပွင့်နဒီမောင်ဟာ  သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း  ပရိသတ်တွေကို အမြဲဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။ မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူမရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ  ဖြစ်ပါတယ်။

ဒါကတော့  မတော်တဆတစ်ခုကြောင့်သူမရဲ့တန်ဖိုးကြီးကားထိခိုက်ပျက်ဆီးသွားတာကိုဗီဒီယိုရိုက်ကာပြသလိုက်တာပဲ  ဖြစ်ပါတယ်။   ပွင့်နဒီမောင်ဟာ အိမ်ရှေ့ကို ကားထုတ်ရင်းနဲ့ ခြံတံခါးနဲ့တိုက်မိကာ  ကားပျက်ဆီးသွားခဲ့တာပဲ  ဖြစ်ပါတယ်။  သူမကလည်း  ” တွတ်ပီကံမကောင်းဘူး ” ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေလည်း  ကြည့်ရှုနိုင်အောင်  ဒီဗီဒီယိုလေးကို တစ်ဆင့်  ပြန်လည်ကူး ယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source- Pwint Nadi Maung’s Facebook Account
Crd-mmload