.မန္တလေး သပိတ်ကျင်းမှာ တရွာလုံးသောက်နေတဲ့ အများသုံးရေကန်အား အဆိပ်ခတ်တဲ့သူ (၂) ဦးကို မိပြီ.

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

မန္တလေး သပိတ်ကျင်းမှာ တရွာလုံးသောက်နေတဲ့ အများသုံးရေကန်အား အဆိပ်ခတ်တဲ့သူ (၂) ဦးကို မိပြီ

မန္တလေး သပိတ်ကျင်းမြို့နယ်က ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အတွင်း အဆိပ်ခတ်သူ နှစ်ဦးအား ဖမ်းဆီးရမိပြီလို့ မြို့နယ်ပြန်/ဆက်သတင်းများအရ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အတွင်းမှ ရေကို သောက်သုံးမိပြီး အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်စဉ်တွင် အဆိပ်ခတ်သူ နှစ်ဦးကို ဖမ်းဆီးရမိခြင်းဖြစ်တယ်လို့ သပိတ်ကျင်းမြို့ မြို့မ ရဲစခန်းကဆိုပါတယ်။

သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာ အုပ်စု ဆင်မွှေးကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်က အများသုံးရေကန် အတွင်းမှ ရေကိုသောက်သုံးမိ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ကြောင့် သပိတ်ကျင်းမြို့ မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄၁/၂၀၂၀ ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေးခဲ့ပြီး ရေကန်အတွင်းမှ ရေကို ဓာတုဗေဒဝန်ရုံးတွင် ပေးပို့စစ်ဆေး ခဲ့ရာ ဆိုင်ရာနိုက် စမ်းသပ်တွေ့ရှိရ၍ လူတစ်ဦး တစ်ယောက်အား အသက် သေ စေရန် အကြံဖြင့် အဆိပ်ခတ်သူကို အရေးယူ ပေးရန် သပိတ်ကျင်းမြို့ မြို့မရဲစခန်း၌ (ပ)၁၃/၂၀၂၁၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၂၈ ဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါအမှု အား ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးခင်ဇော်မြင့်၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲမှူးအောင်ကျော်ဦးနှင့်အဖွဲ့၊ သပိတ်ကျင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွဋ်ဦးရှိန်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး တင်မိုးဇော်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ ရေကန်အတွင်း အဆိပ်ချသူ မင်းခန့်မောင်နှင့် ၎င်းအား စေခိုင်းသူဝင်းနိုင်တို့ကို စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးရာ ပြစ်မှုကျူးလွန်သူ မင်းခန့်မောင်က မိမိ သဘောဆန္ဒအလျောက် ဇန်နဝါရီ ၂၅ ရက် တွင် သပိတ်ကျင်းမြို့ မြို့နယ်တရားရုံး၌ ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါအမှုနှင့် ပတ်သက်၍ သပိတ်ကျင်းမြို့ မြို့မရဲစခန်းမှ အမှုအား အမြန် တရားစွဲတင်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရ ပါတယ်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

မႏၲေလး သပိတ္က်င္းမွာ တ႐ြာလုံးေသာက္ေနတဲ့ အမ်ားသုံးေရကန္အား အဆိပ္ခတ္တဲ့သူ (၂) ဦးကို မိၿပီ

မႏၲေလး သပိတ္က်င္းၿမိဳ႕နယ္က ဆင္ေမႊးေက်း႐ြာရွိ အမ်ားသုံးေရကန္အတြင္း အဆိပ္ခတ္သူ ႏွစ္ဦးအား ဖမ္းဆီးရမိၿပီလို႔ ၿမိဳ႕နယ္ျပန္/ဆက္သတင္းမ်ားအရ သိရပါတယ္။

သပိတ္က်င္းၿမိဳ႕နယ္ အုံးဇုံးေက်း႐ြာအုပ္စု ဆင္ေမႊးေက်း႐ြာရွိ အမ်ားသုံးေရကန္အတြင္းမွ ေရကို ေသာက္သုံးမိၿပီး အမ်ိဳးသမီးတစ္ဦး ေသဆုံးမႈ ျဖစ္စဥ္တြင္ အဆိပ္ခတ္သူ ႏွစ္ဦးကို ဖမ္းဆီးရမိျခင္းျဖစ္တယ္လို႔ သပိတ္က်င္းၿမိဳ႕ ၿမိဳ႕မ ရဲစခန္းကဆိုပါတယ္။

သပိတ္က်င္းၿမိဳ႕နယ္ အုံးဇုံးေက်း႐ြာ အုပ္စု ဆင္ေမႊးေက်း႐ြာတြင္ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာ ၂၁ ရက္က အမ်ားသုံးေရကန္ အတြင္းမွ ေရကိုေသာက္သုံးမိ၍ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့သည့္ျဖစ္စဥ္ ေၾကာင့္ သပိတ္က်င္းၿမိဳ႕ ၿမိဳ႕မရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ ၄၁/၂၀၂၀ ျဖင့္ ေရးဖြင့္စုံစမ္းစစ္ေဆးခဲ့ၿပီး ေရကန္အတြင္းမွ ေရကို ဓာတုေဗဒဝန္႐ုံးတြင္ ေပးပို႔စစ္ေဆး ခဲ့ရာ ဆိုင္ရာႏိုက္ စမ္းသပ္ေတြ႕ရွိရ၍ လူတစ္ဦး တစ္ေယာက္အား အသက္ ေသ ေစရန္ အႀကံျဖင့္ အဆိပ္ခတ္သူကို အေရးယူ ေပးရန္ သပိတ္က်င္းၿမိဳ႕ ၿမိဳ႕မရဲစခန္း၌ (ပ)၁၃/၂၀၂၁၊ ရာဇ သတ္ႀကီးပုဒ္မ ၃၀၂/၃၂၈ ျဖင့္ ေျပာင္းလဲဖြင့္လွစ္ခဲ့ျခင္းျဖစ္ပါတယ္။

အဆိုပါအမႈ အား ျပင္ဦးလြင္ခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဒုတိယ ရဲမႉးႀကီးခင္ေဇာ္ျမင့္၏ ႀကီးၾကပ္ကြပ္ကဲ မႈျဖင့္ မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ မႉး႐ုံးမွ ရဲမႉးေအာင္ေက်ာ္ဦးႏွင့္အဖြဲ႕၊ သပိတ္က်င္းၿမိဳ႕နယ္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးထြဋ္ဦးရွိန္၊ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး တင္မိုးေဇာ္တို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က စုံစမ္းေဖာ္ထုတ္ခဲ့ရာ ေရကန္အတြင္း အဆိပ္ခ်သူ မင္းခန္႔ေမာင္ႏွင့္ ၎အား ေစခိုင္းသူဝင္းႏိုင္တို႔ကို စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးရမိၿပီး ဆက္လက္စစ္ေဆးရာ ျပစ္မႈက်ဴးလြန္သူ မင္းခန္႔ေမာင္က မိမိ သေဘာဆႏၵအေလ်ာက္ ဇန္နဝါရီ ၂၅ ရက္ တြင္ သပိတ္က်င္းၿမိဳ႕ ၿမိဳ႕နယ္တရား႐ုံး၌ ေျဖာင့္ခ်က္ေပးခဲ့ျခင္းျဖစ္တယ္လို႔ဆိုပါတယ္။

အဆိုပါအမႈႏွင့္ ပတ္သက္၍ သပိတ္က်င္းၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ အမႈအား အျမန္ တရားစြဲတင္ႏိုင္ေရးအတြက္ ဆက္လက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရ ပါတယ္။