ယွန်းယွန်းအဖေ သင်ပေးတဲ့ပုံလေးအတိုင်း သဇင်ထူးမြင့်နဲ့ နှစ်ယောက်တည်းဓာတ်ဖမ်းထားတဲ့ ကြည်နူးစရာပုံရိပ်လေးတွေ ချပြလာတဲ့ စည်သူဝင်း

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ယြန္းယြန္းအေဖ သင္ေပးသလုိအတုိင္းေလး သဇင္ထူးျမင့္နဲ႔ ႏွစ္ေယာက္တည္းဓာတ္ဖမ္းထားတဲ့ ၾကည္ႏူးစရာပံုရိပ္ေလးေတြ ခ်ျပလာတဲ့ စည္သူဝင္း

မင္းသားေခ်ာေလး စည္သူဝင္းကေတာ့ ဇာတ္လမ္းတြဲေတြစတင္႐ိုက္ကူးၿပီး တျဖည္းျဖည္းနဲ႔ လူသိမ်ားေအာင္ျမင္လာခဲ့တာပဲ ျဖစ္ပါတယ္ ။ ေခ်ာေမာခန္႔ညားတဲ့႐ုပ္ရည္ကို ပိုင္ဆိုင္ထားတဲ့ စည္သူဝင္းက အရပ္လည္းရွည္ၿပီး စတိုင္လ္က်တာေၾကာင့္ မိန္းကေလးပရိသတ္ေတြက သည္းသည္းလႈပ္အားေပးၾကတာ ျဖစ္ပါတယ္ ။

လက္ရွိမွာေတာ့ စည္သူဝင္းက ေၾကာ္ျငာေတြလည္း ႐ိုက္ေနရသလို အစီအစဥ္ေလးတစ္ခုကိုလည္း လက္ခံ႐ိုက္ကူးၿပီး ေအာင္ျမင္ေနတာ ျဖစ္ပါတယ္ ။

စည္သူဝင္းက သိန္းလင္းစိုး၊ ေအာင္မင္းခန္႔၊ ယြန္းယြန္း၊ သဇင္ထူးျမင့္တို႔နဲ႔အတူ “Double Dating ” ဆိုတဲ့အစီအစဥ္ေလးမွာ ပါဝင္ေနတာ ျဖစ္ပါတယ္ ။

အထူးသျဖင့္ စည္သူဝင္းက ဦးခင္လႈိင္ရဲ႕သမီးေခ်ာေလး သဇင္ထူးျမင့္နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ၿပီး ပရိသတ္ေတြရဲ႕ဝန္းရံအားေပးမႈကို ပိုမိုရရွိေနတာ ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ရက္ကလည္း စည္သူဝင္းနဲ႔ သဇင္ထူးျမင့္တို႔အဖြဲ႕သားေတြက ႐ိုက္ကူးေရးအတြက္ အတူတူခရီးထြက္ခဲ့ၾကေသးတာ ျဖစ္ပါတယ္ ။

အခုလည္း စည္သူဝင္းက “ယြန္းေဖေဖသင္ေပးတဲ့ပို႔စ္” ဆိုၿပီး သဇင္ထူးျမင့္နဲ႔အတူ ႐ိုက္ကူးထားတဲ့ပုံေလးကို တင္ေပးထားတာ ျဖစ္ပါတယ္ ။ စည္သူဝင္းကေတာ့ သဲေလးသဇင္ထူးျမင့္နဲ႔အတူ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ၾကည္ၾကည္ႏူးႏူး ဓာတ္ဖမ္းခဲ့တဲ့ ခ်စ္စရာပုံရိပ္ေလးေတြကို ထုတ္ျပလိုက္တာ ျဖစ္ပါတယ္ ။

ကဲ အရမ္း႐ိုေနတဲ့ စည္သူဝင္းနဲ႔ သဇင္ထူးျမင့္တို႔အႏုပညာေမာင္ႏွမႏွစ္ေယာက္ရဲ႕ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Myanmar Load (crd)

Unicode ဖြင့်ဖတ်ပါ
★★★★★

ယွန်းယွန်းအဖေ သင်ပေးသလိုအတိုင်းလေး သဇင်ထူးမြင့်နဲ့ နှစ်ယောက်တည်းဓာတ်ဖမ်းထားတဲ့ ကြည်နူးစရာပုံရိပ်လေးတွေ ချပြလာတဲ့ စည်သူဝင်း

မင်းသားချောလေး စည်သူဝင်းကတော့ ဇာတ်လမ်းတွဲတွေစတင်ရိုက်ကူးပြီး တဖြည်းဖြည်းနဲ့ လူသိများအောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ် ။ ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ စည်သူဝင်းက အရပ်လည်းရှည်ပြီး စတိုင်လ်ကျတာကြောင့် မိန်းကလေးပရိသတ်တွေက သည်းသည်းလှုပ်အားပေးကြတာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ စည်သူဝင်းက ကြော်ငြာတွေလည်း ရိုက်နေရသလို အစီအစဉ်လေးတစ်ခုကိုလည်း လက်ခံရိုက်ကူးပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။

စည်သူဝင်းက သိန်းလင်းစိုး၊ အောင်မင်းခန့်၊ ယွန်းယွန်း၊ သဇင်ထူးမြင့်တို့နဲ့အတူ “Double Dating ” ဆိုတဲ့အစီအစဉ်လေးမှာ ပါဝင်နေတာ ဖြစ်ပါတယ် ။

အထူးသဖြင့် စည်သူဝင်းက ဦးခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်နဲ့အတူ တွဲဖက်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို ပိုမိုရရှိနေတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကလည်း စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့အဖွဲ့သားတွေက ရိုက်ကူးရေးအတွက် အတူတူခရီးထွက်ခဲ့ကြသေးတာ ဖြစ်ပါတယ် ။

အခုလည်း စည်သူဝင်းက “ယွန်းဖေဖေသင်ပေးတဲ့ပို့စ်” ဆိုပြီး သဇင်ထူးမြင့်နဲ့အတူ ရိုက်ကူးထားတဲ့ပုံလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ စည်သူဝင်းကတော့ သဲလေးသဇင်ထူးမြင့်နဲ့အတူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်ကြည်နူးနူး ဓာတ်ဖမ်းခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ် ။

ကဲ အရမ်းရိုနေတဲ့ စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့အနုပညာမောင်နှမနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Myanmar Load (crd)