သူမရဲ့မွေးနေ့မှာ သိန်းချီတန်တဲ့နာရီလေးလက်ဆောင်ရလို့ လက်မှာချက်ချင်းပတ်ကြည့်ပြီး အရမ်းကြိုက်နှစ်သက်နေတဲ့ ပုလဲဝင်း

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★






Unicode ဖြင့်ဖတ်ပါ
★★★★★

တစ်ခေတ်တစ်ခါကတည်းက ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ခဲ့ရတဲ့ သရုပ်ဆောင်ပုလဲဝင်းဟာဆိုရင် ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အခုချိန်ထိလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို ပရိသတ်တွေကကြည့်ရှု့ပြီးအားပေးနေကြဆဲဖြစ်ပါတယ်နော်။ပုလဲဝင်းက အခုချိန်မှာတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး ‌တစ်ယောက်တည်း အပျိုကြီးဘဝဖြင့်အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။

ပုလဲဝင်းက ဟိုးအရင်ကတည်းက ချစ်မွေးအပြည့်ပါတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားပြီး စကားပြောတာလေးကလည်း မပီတာကြောင့် ပရိသတ်တွေကိုအချစ်ပိုစေတာဖြစ်ပါတယ်နော်။ပုလဲဝင်းက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးအသက်အရွယ်ကြီးလာပေမယ့်လည်း ငယ်ရုပ်လေးအတိုင်မပြောင်းလဲဘဲ နုပျိုလှပနေဆဲဖြစ်ပါတယ်။

မနေ့ကဆို‌ရင်တော့ ပုလဲဝင်းရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး သူမရဲ့မွေးနေ့လေးမှာ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့တာဖြစ်ပါတယ်နော်။ပုလဲဝင်းကိုချစ်ခင်ကြတဲ့ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုမွန်ကောင်းလေးတွေရေးပေးကြတဲ့အပြင် လက်ဆောင်ပစ္စည်းတွေပါပေးကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ပုလဲဝင်းက သိန်းချီတန်တဲ့နာရီလေးကို လက်ဆောင်ရလို့ လက်မှာချက်ချင်းပတ်ကြည့်ပြီး အရမ်းကြိုက်နေတာဖြစ်ပါတယ်။ပုလဲဝင်းကတော့ နာရီလေးပတ်ထားပြီး ပို့စ်မျိုးစုံပေးကာဓာတ်ဖမ်းထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source:Pearl Win’s Facebook Account
crd-mmload