တစ်ပတ်အတွင်း သူငယ်ချင်း ယွန်းယွန်းနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့တဲ့ အမှတ်တရအခွီးဗီဒီယိုလေးကို ချပြလာတဲ့ သဇင်ထူးမြင့်

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★





Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ မင်းသမီးချောလေး သဇင်ထူးမြင့် ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို ရပ်တည်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ အကယ်ဒမီ ရွှေကြိုမှာ ဝင်ရောက်အားဖြည့်ပြီး နောက်ပိုင်း အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ယခုဆိုရင် သဇင်ထူးမြင့် က ကြော်ငြာတွေအပြင် ဇာတ်လမ်းလေးတွေလည်း ရိုက်ကူးနေရတာကို တွေ့ရပါတယ်။

သဇင်ထူးမြင့် နဲ့ ယွန်းယွန်းတို့က အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး သူတို့နှစ်ယောက်ကိုတော့ ပရိသတ်ကလည်း ချစ်အားပိုနေရတာဖြစ်ပါတယ်။ လတ်တလောမှာလည်း သဇင်ထူးမြင့် က ယွန်းယွန်း ၊ အောင်မင်းခန့် ၊ စည်သူဝင်းတို့နဲ့အတူ Double Dating ဗီဒီယိုလေးတွေကို ရိုက်ကူးနေတာ တွေ့ရပါတယ်။ ယခုမှာတော့ သဇင်ထူးမြင့် က ပရိသတ်တွေချစ်အားပိုလောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးကတော့ သူငယ်ချင်း ယွန်းယွန်း နဲ့အတူ တစ်ပတ်အတွင်းတွေ့ဆုံခဲ့ကြတဲ့ ရယ်စရာအခွီးလေးတွေကို ရိုက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်က အမြဲတမ်းလွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်နေတာက ချစ်စရာလည်း ကောင်းလောက်ပါတယ်။ ကဲ..ချစ်ပရိသတ်တွေလည်း သဇင်ထူးမြင့် နဲ့ ယွန်းယွန်း တို့ရဲ့ ချစ်စရာ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

crd-mmload