တသက်လုံး မိဘတွေက လိုလေသေးမရှိဖူးဖူးမှုတ်ထားတဲ့ သူဌေးသမီလေးမို့ သူမဘဝမှ အခုလောက်ပင်ပန်းပြီး အလုပ်မများဖူးဘူးလို့ ဆိုလာတဲ့ နေခြည်ဦး

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★








Myanmar Load

Unicode ဖြင့်ဖတ်ပါ
★★★★★

တသက်လုံး မိဘတွေက လိုလေသေးမရှိဖူးဖူးမှုတ်ထားတဲ့ သူဌေးသမီလေးမို့ သူမဘဝမှ အခုလောက်ပင်ပန်းပြီး အလုပ်မများဖူးဘူးလို့ ဆိုလာတဲ့ နေခြည်ဦး

Beauty Blogger တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းထက်ကို စတင်ဝင်ရောက်လာသူလေးကတော့ သရုပ်ဆောင် နေခြည်ဦးပဲဖြစ်ပါတယ်။

အချိန်တိုလေးအတွင်း ပရိသတ်အားပေးအချစ်ပိုမှုကို တစ်ခဲနက်ရရှိခဲ့တဲ့ နေခြည်ဦးဟာဆိုရင် ပွင့်လင်းတဲ့အပြောအဆိုနဲ့ ယုံကြည်မှုရှိတဲ့ သူရဲ့ ပုံစံကြောင့် မြင်သူတိုင်းက အချစ်ပိုကြတာလည်းဖြစ်ပါတယ်။ သူမရဲ့ လူမှုဘဝကို အမြဲချပြလေ့ရှိတဲ့ နေခြည်ဦးကတော့ မိန်းကလေးအချင်းချင်းကပါ စိတ်ဝင်စားစေတာဖြစ်ပါတယ်။

နေခြည်ဦးက လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဦးလွင်မြို့ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ချမ်းအေးလှတဲ့ ဆောင်းတွင်းအချိန်မှာ ခက်ခက်ခဲခဲရိုက်ကူးရတဲ့ သူမက ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားနေတာလည်းဖြစ်ပါတယ်။

ရိုက်ကူးရေး အားလပ်ချိန်တွေမှာ ပရိသတ်တွေကို အချိန်ပေးလေ့ရှိတဲ့ နေခြည်ဦးက လက်ရှိမှာလည်း သူမခံစားရတဲ့ အကြောင်းအရာလေးကို ပြောပြလာခဲ့ပါတယ်။

ဒါကတော့ ကာရိုက်တာကို စိတ်နှစ်ရင်း အကောင်းဆုံးသရုပ်ဆောင်နေရတဲ့ သူမက စိတ်ရှုပ်ရလောက်အောင် အလုပ်များနေတဲ့ အကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးက ” ဘဝမှာ တစ်ခါမှ ဒီလောက် အလုပ်မများဖူးဘူး။

2021 treating me goood ” ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားလာတာပါ။ အဆိုပါ ပိုစ့်ရဲ့အောက်မှာလည်း ကောမန့်လေးနဲ့ ပရိသတ်တွေကို ရင်ဖွင့်ထားတာဖြစ်လို့ ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Myanmar Load