သင်ဟာ တနင်္ဂနွေနေ့မှာ မွေးဖွားသူဆိုရင် ဖတ်ကြည့်ပါ
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Zawgyi ဖြင့်ဖတ်ပါ
★★★★★
နင်္ဂနွေ သားသမီးများ
တနင်္ဂနွေသားသမီးတွေဟာ တော်၇ုံတန်ရုံ စိတ်အားငယ်လေ့ ရှိသူများမဟုတ်သလို အခြားသူတွေကို အမြဲ စိတ်ဓါတ်ခွန်အားပေး လှုံ့ဆော်ပေးနိုင်သူတွေ ဖြစ်တယ်။
ဖြစ်တတ်တယ်။
ကြိုးစားပါ။
Unicode ဖြင့်ဖတ်ပါ
★★★★★
နင်္ဂနွေ သားသမီးများ
တနင်္ဂနွေသားသမီးများဟာ ဂြိုလ်အားဖြင့် နေမင်းစိုးမိုးသူများဖြစ်တယ်။
တနင်္ဂနွေသားသမီးများဟာ ကြင်နာပြီး ရက်ရောတတ်သူများ ဖြစ်တယ်။
စိန်ခေါ်မှုတွေကို ကြိုက်တတ်သူတွေဖြစ်လို့ အခက်အခဲ အတားအဆီး ပိုများလေလေ ပိုပြီး ကျော်လွားနိုင်လေလေ ဆိုတဲ့ လူမျိုးပါ။
အဲဒါကြောင့် တနင်္ဂနွေသားသမီးတွေဟာ အဖွဲအစည်းတွေမှာ ဦးဆောင်မှုကောင်းတဲ့ ပုဂ္ဂိုလ်များ ဖြစ်တတ်ကြတယ်။
တနင်္ဂနွေသားသမီးတွေဟာ တော်ရုံတန်ရုံ စိတ်အားငယ်လေ့ ရှိသူများမဟုတ်သလို အခြားသူတွေကို အမြဲ စိတ်ဓါတ်ခွန်အားပေး လှုံ့ဆော်ပေးနိုင်သူတွေ ဖြစ်တယ်။
တနင်္ဂနွေသားသမီးတွေဟာ လွတ်လပ်မှုကို မြတ်နိုးသူများ ဖြစ်ပြီး
အလုပ်လုပ်တဲ့အခါ ကန့်သတ်ချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့
လုပ်ရတာတွေကို သိပ်မကြိုက်တတ်ပါဘူး။
တနင်္ဂနွေသားသမီးများဟာ များသောအားဖြင့် အိမ်းတွင်းပုန်းတာ ပိုကြိုက်ကြတယ်။
အလိမ်ခံရမှာ ကြောက်တဲ့အတွက် ဘယ်သူ့ကို သိပ်ယုံကြည့်လေ့မရှိဘူး။
သူငယ်ချင်းတွေ အများကြီးထားလေ့မရှိဘူး။ အလွန်ရင်းနှီးတဲ့သူတွေ အနည်းငယ်လောက်ပဲ ရှိကြပါတယ်။
အဲဒါကြောင့်ကို ချစ်သူရှာတဲ့နေရာမှာ အနည်းငယ်အခက်အခဲတွေ့တတ်ကြတယ်။
ဒါပေမယ့် ချစ်တဲ့သူ တွေ့ပြီဆိုရင် အရူးအမှုး ချစ်တတ်ကြတယ်။ ခေါင်းမာပြီး စိတ်ဆတ်တယ်။ နည်းနည်းလည်း မှားရင်
လည်း စိတ်ခဏခဏတိုတတ်သူတွေ ဖြစ်လို့ အချစ်ရေးမှာ နားလည်မှုလွဲပြီး မကြာခဏ စကားများရတတ်တယ်။
ဒါကြောင့် တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့
အကြောင်းအရင်းကို အရင်ရှာဖွေပါ။
အိမ်ထောင်ရေးမှာ ဆိုရင်လည်း လူမှုရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ မကြာခဏကတောက်ကဆ
ဖြစ်တတ်တယ်။
အတ္တနဲ့ မာနကြောင့် နှစ်ဦးကြားဆက်ဆံရေးကို ပိုပြီး ဝေးကွာစေတတ်တယ်။
အဲဒါကို သတိထားပြီး ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ကိုယ်ချင်းစာတတ်အောင် နားလည်မှုပေးနိုင်အောင်
ကြိုးစားပါ။
အခြားနေ့သားတွေကိုလည်း တင်ပေးမှာဖြစ်လို့
Page မှာ ဆက်လက်စောင့်မျှော် ဖတ်ရှုပါ။
#တနင်္ဂနွေသားသမီးများ
Share From Min Thein Kha – မင်းသိင်္ခ