၂၀၂၁ခုနှစ်အ အတွက် ထီပေါက်ကိန်း ရှိသည့် နေ့နံပိုင်ရှင်များ
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Unicode ဖြင့်ဖတ်ပါ
★★★★★
မြန်မာ့ ဆန်းကျမ်း ဗေဒင်ပညာရပ်၏ ငွေဝင်ထီပေါက် ကိန်းများ ထဲမှ ဆန်းဗေဒင်ဆရာကြီး ရန်ကုန်ကျော်ရင်၏ ငွေဝင်ခြင်း ထီပေါက်ခြင်းနည်းအရယခုမြန်မာသက္ကရာဇ် ၁၃၈၀ အတွင်း ထီပေါက်ငွေဝင်ကိန်း ရှိမည့်သူများကို နေ့နံ အလိုက် အသေးစိတ် တွက်ချက်ပေးလိုက်ပါသည်။
တနင်္ဂနွေ သားသမီးများအသက် ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ရဝ၊ ရ၈ နှစ်များကို ဖြတ်သန်းနေသော တနင်္ဂနွေ သားသမီးများသည် ထီကံ အလွန် အကျိုးပေးသူများ ဖြစ်ပြီး ထီထိုးသောအခါ တွက်ချက် ထိုးစရာမလို။ ကြုံရာဆိုင်တွင် ထိုးရပါမည်။ အကျိုးပေးဂဏန်းမှာ ၁နှင့်၃တို့ ဖြစ်သည်။
တနင်္လာ သားသမီးများအသက် ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ရဝ၊ ရ၈ နှစ်များကို ဖြတ်သန်းနေသော တနင်္လာ သားသမီးများသည် ထီပေါက်ခြင်း ငွေဝင်ခြင်းများ ဤနှစ်တွင် ကြုံရမည်။ထီထိုးသောအခါ ကိုယ်တိုင်ထိုးရမည်။ ၂၄ပစ္စည်း ရွတ်ခြင်း ခေါင်းလောင်းထိုး၍ ဆုတောင်းခြင်း ပြုရမည်။အကျိုးပေးဂဏန်းမှာ ၂၊ ၄၊ ၈၊ ၉ တို့ ဖြစ် သည်
အင်္ဂါသားသမီးများအသက် ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ရဝ၊ ရ၈ နှစ်များကို ဖြတ်သန်းနေသော အင်္ဂါ သားသမီးများသည် ငွေနှင့်ပက်သက်၍ ကံကောင်းသူများဖြစ်ပါသည်။
မိမိအိမ်နှင့် အနီးဆုံးထီဆိုင်တွင် ထီထိုးပါ။ထီပေါက်လိုပါက ဝက်သား အမဲသားရှောင်၊ အသုဘမပို့ရ၊ ထီပေါက်ပါက အလှူဒါန ကြီးကြီးကျယ်ကျယ် လုပ်ပါမည်ဟု သစ္စာပြုပါ။အကျိုးပေးဂဏန်းမှာ ၃နှင့်၅ ဖြစ်သည်။
ဗုဒ္ဓဟူး သားသမီးများအသက် ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ရဝ၊ ရ၈- နှစ်များကို ဖြတ်သန်းနေသော ဗုဒ္ဓဟူး သားသမီးများသည် မထင်မှတ်ဘဲ ငွေဝင် ထီပေါက်နိုင်သော ကာလဖြစ်၏။ထီကို ကိုယ်တိုင်မထိုးရ၊ ကြုံရာဆိုင်တွင် ထိုးရမည်၊ ၁ ရွက်ကျန် ထိုးရုံနှင့် တစ်သက်စံနိုင်သူများ ဖြစ်၏။ အကျိုးပေးဂဏန်းမှာ ၄ ၈. ၆ တို့ဖြစ်သည်။
ကြာသပတေးသားသမီးများ အသက် ၁၄၊၁၅၊ ၂၂၊၂၃၊ ၃၀၊၃၁၊ ၃၈၊ ၃၉၊ ၄၆၊၄၇၊ ၅၄၊ ၅၅၊ ၆၂၊၆၃၊ ရဝ၊ ရ၁၊ ရ၈၊ ရ၉ နှစ်များကို ဖြတ်သန်းနေသော ကြာသပတေး သားသမီးများသည် ထူးထူးခြားခြား ငွေဝင်နိုင်သလို ထီပေါက်နိုင်သော…..ကံဇာတာပါသူများဖြစ်၏။ ထီကို ကိုယ်တိုင် တွက်ချက်၍ အခြားသူအား နွားနို့နှင့်ပေါင်မုန့် ကျွေး၍ ထိုးရမည်။ အကျိုးပေးဂဏန်းမှာ ၅၊ ရ၊ ၀ ဖြစ်သည်။
သောကြာသားသမီးများအသက်၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ရဝ၊ ရ၈ များကို ဖြတ်သန်းနေသော သောကြာသားသမီးများသည် ငွေနံကောင်းသူများ ဖြစ်ပါ၏။မိမိနေထိုင်ရာမှ ဝေးသော ဆိုင်စက်ဘီး လက်တွန်းလှည်းဖြင့် တွန်းသော ဆိုင်များတွင် ထိုးပါ။ အကျိုးပေးဂဏန်းမှာ ၁နှင့် ၆ ဖြစ်သည်။
စနေသားသမီးများအသက် ၁၄၊ ၂၂၊ ၃၀၊ ၃၈၊ ၄၆၊ ၅၄၊ ၆၂၊ ရဝ၊ ရ၈ နှစ်များကို ဖြတ်သန်းနေသော စနေသားသမီးများသည် လွန်စွာ ငွေဝင်နိုင်သော ကာလဖြစ်သည်။
ထီမထိုးဘဲ ထီပေါက်သလို ငွေဝင်နိုင် သော ကာလဖြစ်၏။ ထီထိုးပါက ကိုယ်တိုင်တွက်ချက်၍ ထိုးပါ။အခြားသူ မထိုးခိုင်းရ။အကျိုးပေးဂဏန်းရ ၂ ၉ဖြစ်၏။ ငွေနံ အထူးကောင်းသူများ ဖြစ်၏။ ငွေဝင်ထီပေါက်နိုင်သော်လည်းအရက်သောက်သူများ အတွက် ဤကိန်းက တာဝ
န်မယူပါ။အရက်သောက်သူများ ဖြစ်ပါက စီးပွားပျက် အမှုဖြစ်၍ ထောင်ကျနိုင်ပါသည်။ အထက်ပါ ငွေဝင် ထီပေါက်စေသော ဟောကွက်များတွင် ငွေနံတနင်္လာကို ဤနှစ်၏ အကောင်းဆုံးသော ဇေယျစနေ ကပ်၍ ဟောခြင်း ဖြစ်၏။
တနလ်ာနံ ငွေဖြစ်သော်လည်း ကိုယ်ပိုင်ငွေ မဟုတ်ဘဲ အခြားသူ၏ ငွေများဝင်ခြင်း၊ ခေတ္တ သိမ်းထားခြင်း တနင်္လာသားသမီးများက အကူအညီများစွာပေးခြင်း တနင်္လာနံများ ဝင်လာခြင်းသည် ကိုယ်ပိုင်ငွေဖြစ်သော ထီပေါက်ခြင်းကို ပျက်ပြယ်တတ်သည်ကို သတိပြုရပါမည်။ ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
ဆရာလင်းဝေအောင်