.ဦးမေတ္တာ ခံစားနေရတဲ့ ရောဂါဝေဒနာကို သက်သာပျောက်ကင်းသွားအောင် ဆေးကုသပေးနိုင်ခဲ့လို့ ဝမ်းသာကြည်နူးနေတဲ့ ထူးခန့်ကျော်.

ပရိသတ်တွေ ငယ်စဉ်ကတည်းက အားပေးချစ်ခင်ကြရတဲ့ ယွန်းယွန်းက အသက် (၂၁) နှစ်ကျော် အပျိုဖြန်းလေးတစ်ယောက် ဖြစ်လို့နေပြီ ဖြစ်ပါတယ်။။ အသက်အရွယ်တစ်ခုကို ရရှိလာပြီဖြစ်တဲ့ ယွန်းယွန်းက ကျောင်းပညာတွေကိုလည်းသင်ယူနေရင်း တစ်ဖက်မှာလည်း အနုပညာလုပ်ငန်းတွေကို လက်လှမ်းမှီသလောက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျောင်းပိတ်ရက်တွေရရှိထားချိန်မှာ ယွန်းယွန်းက အနုပညာအလုပ်တွေကို အာရုံစိုက်ပြီး အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ လှသွေးကြွယ်လာခဲ့ပြီဖြစ်တဲ့ ယွန်းယွန်းက ပရိသတ်တွေဆီက အမှတ်တရလက်ဆောင်တွေကို ရရှိသလို သူမကို ချစ်တဲ့သူတွေဆီကလည်း လက်ဆောင်တွေကို မကြာခဏ ရရှိလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ယွန်းယွန်းက နှင်းဆီပန်းအဖြူဆွတ်ဆွတ် အပွင့် (၁၀၀) နဲ့ တစ်စုံတစ်ယောက်သောသူဆီက ချစ်လက်ဆောင်လေးရရှိခဲ့ကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလိုပဲ ပြသလာပါတယ်။

ယွန်းယွန်းကတော့ “From one of my blessings” ဆိုပြီး ရေးသားထားတာမို့ သူမကို ဘယ်သူကများ လက်ဆောင်ပေးလဲဆိုတာ ပရိသတ်တွေက သိချင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရသူလေး ယွန်းယွန်းကို အားကျနေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ဆယ်လီကွန်နက်ရှင်
Swelsone News