တယောက်နဲ့တယောက် အသေးစိတ် ဂရုတစိုက်ရှိကြတဲ့ ရွှေနှစ်ရွှေစုံတွဲရဲ့ အချစ်ကြီးကြပုံကို သူကိုယ်တိုင်မြင်တွေ့လိုက်ရလို့ ချီးကျူးလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★








Source: Myo Minn Soe’s fb
Cele Connections

Unicode ဖြင့်ဖတ်ပါ
★★★★★

တယောက်နဲ့တယောက် အသေးစိတ် ဂရုတစိုက်ရှိကြတဲ့ ရွှေနှစ်ရွှေစုံတွဲရဲ့ အချစ်ကြီးကြပုံကို သူကိုယ်တိုင်မြင်တွေ့လိုက်ရလို့ ချီးကျူးလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး..

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာချစ်တတ်လွန်းလို့ ပရိသတ်တွေကြားမှာ နာမည်ကျော်တဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။

နဖူးစာရွာလည်ပြီး လက်ထပ်ခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင်သက် (၂) နှစ်ကျော်ကြာလာခဲ့ပြီဖြစ်ပေမယ့် ကြင်စဦးဇနီးမောင်နှံအတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့နဲ့ ခင်မင်ရင်းနှီးပြီးသားဖြစ်တဲ့ နိုင်ငံကျော် ဒီဇိုင်နာမျိုးမင်းစိုးက သူ့ရဲ့ဆိုင်မှာ ပိုးထည်တွေလာဝယ်ရင်း တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်ရှိကြတဲ့ ရွှေနှစ်ရွှေအကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

“ပိုးစစ်ချိတ်တွေအများကြီးဝယ်သွားသော…ရွှေမှုံနဲ့ရွှေထူးကျေးဇူးအထူးပါလို့….ပြီးတော့ရွှေမျိုးready to wearအကျီလေးတွေကောအများကြီးအားပေးသွားလို့ကျေးဇူးအထူးပါလို့..

ရွှေမှူံဝတ်ဖို့ရွှေထူးရွေးပေးသလို…ရွှေထူးဝတ်ဖို့လည်းရွှေမှုံပဲရွေးပေးတာပဲယူကြတဲ့အရမ်းချစ်ကြတဲ့ ရွှေ၂ရွှေစုံတွဲလေး မြင်ရတာစိတ်ချမ်းသာလိုက်တာ…” ဆိုပြီး ရွှေထူးနဲ့ ရွှေမှုံရတီအကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

ဒီဇိုင်နာမျိုးမင်းစိုးက တစ်ယောက်နဲ့တစ်ယောက် အသေးစိတ်ကအစ ဂရုတစိုက်ရှိကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ အချစ်ကြီးကြပုံကို မျက်မြင်ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံတို့ကတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်ကြီးကြပုံက ပရိသတ်တွေသာမက အနီးအနားက ခင်မင်သူတွေပါ အားကျကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Myo Minn Soe’s fb
Cele Connections