ငှက်ပျောတုံး ဖက်အိပ်ရတဲ့ ဘဝဆိုတာ မရှိတော့ဘူးလို့ လူပျိုကြီးတွေကို သက်သေပြလိုက်တဲ့ ဖြစ်ရပ်

ငှက်ပျောတုံး ဖက်အိပ်ရတဲ့ ဘဝဆိုတာ မရှိတော့ဘူးလို့ လူပျိုကြီးတွေကို သက်သေပြလိုက်တဲ့ ဖြစ်ရပ်..

ဟောင်ကောင်က လူပျိုကြီးကတော့ ဒေါ်လာ ၁ သောင်းတန် ဆီလီကွန်အရုပ်မနဲ့လက်ထပ်လိုက်ပါပြီ..

ဖြစ်ပုံက ဤသို့နှယ်..

ဟောင်ကောင်က လူပျိုကြီးကတော့ နာငြီးသက်သာအောင် ဘဝ တသက်စာအတွက် သူတစ်ယောက်ထဲကိုဘဲ ထာဝရချစ်စေဘို့ မိန်းမအစစ်ထက်သာတဲ့ အလှပဂေး ဆီလီကွန်အရုပ်မလေးကို အာဝါဟ ဝိဟာဟ လုပ်လိုက်တဲ့သတင်းလေးကို ဗဟုသုတအဖြစ် ဘာသာပြန်ရေးသားလိုက်ပါတယ်ဗျ ။

ချင်ထျင့်လုံ ဆိုတဲ့အသက် ၃၆ နှစ်အရွယ် လူပျိုသိုးကြီးက ပြီးခဲ့လက သူနဲ့ ၂ နှစ်တာတွဲလာခဲ့တဲ့ ဆီလီကွန်ရာဘာအရုပ်မ Moji ဆိုသူလေးနဲ့ သူ့ဘဝရဲ့ တသက်တာကြင်ယာ အဖြစ်လက်ထပ်လိုက်ပါပြီတဲ့ ၊ သူ့ဘဝအတွက် စိတ်ချမ်းသာမှုတွေပေးပြီး ထားရာမှာနေ လိုရာပုံသွင်းလို့ရတဲ့ မိန်းခလေးဖြစ်လို့ သူကျေနပ်မိပါတယ်တဲ့ ။

အရေးကြီဆုံးအချက်ကတော့ သူ့အတွက် နားငြီးသက်တယ်ဆိုဘဲ.. သူရဲ့ပြောပြချက်အရတော့ လွန်ခဲ့တဲ့နှစ်များစွာက ဆီလီကွန်အရပ်မလေးတွေ ရောင်းတဲ့ ဆိုင်ရှေ့ကလမ်းဖြတ်လျှောက်မိတိုင်း အရပ်မလေးတစ်ရုပ်ဟာ သူ့ရဲ့တည်ငြိမ်နေတဲ့နှလုံးသားကို တဆတ်ဆတ်ဆွဲလှုပ်ခါရမ်းလိုက်သလို ချစ်ခင်စုံမက်မိခဲ့တယ်လို့ဆိုပါတယ် ။

ဒါပေမယ့်လည်း စျေးက မိုးထိမြင့်မားနေတာမို့ မြင်သာမြင် မကြင်ရတဲ့ဘဝနဲ့ သူ့ရဲ့ လိုချင်တက်မက်မှုစွဲလမ်းစိတ်ကို ချွန်းအုပ်လို့ထိန်းခဲ့ပါတယ် ၊ ၂၀၁၉ ခုနှစ်မှာတော့ အင်တာနက်ကနေ အထူးလျှော့စျေးနဲ့ ရောင်းချခဲ့တဲ့အတွက် အပြေးအလွှားဝယ်ယူခဲ့ပါတယ် ။

ယခင်က ရာဘာအရုပ်မတစ်ရုပ်ကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ သိန်း ၁၃၀ ကျော်) ရှိပါတယ် ၊ နောက်တော့ အင်တာနက်ကနေ ဒေါ်လာ ၁၅၀၀ (မြန်မာငွေ သိန်း ၂၀ ခန့်) အထိ လျှော့ချခဲ့လို့ ချက်ချင်းဘဲ မှာပြီးယူဝယ်ခဲ့ပါတယ် ။

သူဘာ့ကြောင့် ဆီလီကွန်အရုပ်မလေးကို ဝယ်ခဲ့ရသလဲဆိုတော့သူဟာ ယခင်သူတွဲခဲ့ဖူးတဲ့ ချစ်သူတွေနဲ့မတူပါဘူး ၊ သူတို့ဟာ လိုချင်တာမရရင် အမြဲတမ်းပေါက်ပေါက်ဖောက်သလိုမြည်တွန်တောက်တီးသလို သူ့ကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင်ခဲ့ကြပါဘူး ၊ မျက်နှာနဲ့ဖုန်းမခွါသလို BG ဂိမ်းက ဆော့လိုက်ပါသေးတယ် ။

Moji လေးကတော့ သူအတွက်အမြဲတမ်း နုပျိုလန်းဆန်းနေပြီး သူကတစ်ရက်နဲ့တစ်ရက် အိုသွားမှာကိုစိုးမိပါတယ်။ ဒါ့ကြောင့်သူ့ကို အရမ်းချစ်မိပါတယ် ၊ သူ့အတွက်အကောင်းဆုံးဆိုတဲ့ အလှဆုံးအဝတ်အစားတွေ ဖုန်းကအစလက်ဆောင်အဖြစ် ဝယ်ပေးခဲ့ပါတယ် ၊ သူနဲ့ချစ်တင်းနှောနေတဲ့အချိန်လည်း သူကအရမ်းချစ်ဘို့ကောင်းတယ် ၊ သူနဲ့နေရတာ ကြည်နူးမိတယ်လို့ဆိုပါတယ် ။

ကဲ.. လောကကြီးက ခေတ်တွေပြောင်းလာပါပြီ ၊ လူပျိုကြီးတွေ ငှက်ပျောတုံးဖက်အိပ်ရတဲ့ ဘဝဆိုတာ မရှိတော့ဘူးပေါ့ ၊ ကျွန်တော်စဉ်းစားမိတာကတော့ ဖက်ခေါင်းအုံးကြီး ဖက်အိပ်ရတာကမှ တော်ကာကျမလားပေါ့ ၊ ဒေါ်လာ ၁ သောင်းရှိမှတော့ ကိုယ်ချစ်တဲ့အစစ်မလေးနဲ့ ဘဝခရီးလမ်းကိုအတူဖြတ်သန်းရဲရမှာပေါ့ ။ အခုတော့လူတစ်ကိုယ် စိတ်တစ်မျိုးစီ စိတ္တဇများဆန်နေမလားလို့တွေးမိပါတယ် ။

ဆီလီကွန်မရဲ့ အဝတ်အစားတွေ ကိုယ်ဘဲလျှော်နေရရင်ဒုက္ခ ၊ ပင်မင်းပို့ပြန်ရင်လည်း “ဟယ် ဒီလူပျိုကြီးမိန်းမလည်းမရှိဘဲနဲ့ အမျိုးသမီးအဝတ်အစားတွေ လာလျှော်တယ် ဟဲ့” ဆိုပြီး ရပ်ကွက်ထဲအတင်းလိုက်တုတ် ဒေါ်ခင်အေးဟန်လို သူတွေနဲ့တွေ့ရင် ဒုက္ခ ။

ဘာဘဲပြောပြော ဟိုတစ်နေ့က ထိုင်းကလူပျိုကြီးက နယ်စပ်ကနေသွင်းလာတဲ့ သူ့ရဲ့ကြင်ယာတော် အသစ်စက်စက် ဆီလီကွန်အရုပ်မလေးကို အကောက်ခွန်အရာရှိတွေက သိမ်းဆည်းလိုက်လို့ ကံဆိုးရှာပြီး ဟောင်ကောင်က လူပျိုကြီးကတော့ လျှော့စျေးနဲ့ ရလို့ သူ့ဘဝလေးစိုပြေငြိမ်းသွားတယ်ဆိုတော့လည်း.. ကံကောင်းတာပေါ့နော်..

ကျန်တာတွေတော့ မတွေးတော့ မရေးတော့ပါဘူး ၊ မိတ်ဆွေတွေထဲက မကျွတ်မလွတ်သေးတဲ့ လူပျိုကြီးသူငယ်ချင်းတွေရော သူ့ကိုအားမကျကြဘူးလားလို့..

SiThuMaung