ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဝန်ကြီးချုပ်တွေကို တပ်မတော်ဖမ်းဆီး

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို တပ်မတော်က ဒီကနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ RFA က သတင်းရရှိပါတယ်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ…

“ကျနော်တို့ပါတီက လူတွေကို စစ်တပ်က လိုက်ခေါ်နေပြီ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ကို စစ်တပ်က ထိန်းသိမ်းလိုက်ပြီလို့ ကြားတယ်။ နောက်ရှမ်းပြည်နယ်က ဝန်ကြီး ဦးစိုးညွှန့်လွင်၊ ကယားပြည်နယ် NLD ဥက္ကဋ္ဌ ဦးသောင်းဌေး၊ လင်းခေးမြို့နယ် ဥက္ကဌ၊တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ NLD ဗဟိုကော်မတီဝင်ထဲက ဦးဟံသာမြင့်နဲ့ ဦးသိန်းလွင်တို့ကို ထိန်းသိမ်းတယ်လို့ ကြားတယ်၊ ကျနော့်ဆီလည်း လာဖမ်းမယ်ဆိုလို့ စောင့်နေတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် စတင်ခေါ်ယူမယ့်နေ့ မနက်လင်းအားကြီးမှာ အခုလို အဖမ်းအဆီး သတင်းတွေ ထွက်ပေါ်လာတာပါ။

လောလောဆယ်အထိ RFA က စုံစမ်းသိရှိရသလောက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်အတော်များများကိုလည်း ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးသွားပြီလို့ သတင်းရရှိပါတယ်။

ဒါ့ပြင် နိုင်ငံ‌ရေးလှုပ်ရှားသူတချို့နဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တချို့ကိုလည်း စစ်တပ်က ဖမ်းဆီးသွားပြီလို့ သိရပါတယ်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္အပါအဝင္ NLD အစိုးရေခါင္းေဆာင္ေတြ၊ ျပည္နယ္နဲ႔တိုင္း ဝန္ႀကီးခ်ဳပ္ေတြကို တပ္မေတာ္က ဒီကေန႔ မနက္အေစာပိုင္းမွာ ဖမ္းဆီးထိန္းသိမ္းလိုက္ၿပီလို႔ RFA က သတင္းရရွိပါတယ္။

NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫႊန႔္ကို RFA က ဆက္သြယ္ေမးျမန္းရာမွာ…

“က်ေနာ္တို႔ပါတီက လူေတြကို စစ္တပ္က လိုက္ေခၚေနၿပီ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ သမၼတႀကီးတို႔ကို စစ္တပ္က ထိန္းသိမ္းလိုက္ၿပီလို႔ ၾကားတယ္။ ေနာက္ရွမ္းျပည္နယ္က ဝန္ႀကီး ဦးစိုးၫႊန႔္လြင္၊ ကယားျပည္နယ္ NLD ဥကၠ႒ ဦးေသာင္းေဌး၊ လင္းေခးၿမိဳ႕နယ္ ဥကၠဌ၊တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ NLD ဗဟိုေကာ္မတီဝင္ထဲက ဦးဟံသာျမင့္နဲ႔ ဦးသိန္းလြင္တို႔ကို ထိန္းသိမ္းတယ္လို႔ ၾကားတယ္၊ က်ေနာ့္ဆီလည္း လာဖမ္းမယ္ဆိုလို႔ ေစာင့္ေနတယ္” လို႔ ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ စတင္ေခၚယူမယ့္ေန႔ မနက္လင္းအားႀကီးမွာ အခုလို အဖမ္းအဆီး သတင္းေတြ ထြက္ေပၚလာတာပါ။

ေလာေလာဆယ္အထိ RFA က စုံစမ္းသိရွိရသေလာက္ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္၊ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ အပါအဝင္ ျပည္နယ္နဲ႔တိုင္း ဝန္ႀကီးခ်ဳပ္အေတာ္မ်ားမ်ားကိုလည္း ဒီကေန႔မနက္ပိုင္းမွာ ဖမ္းဆီးသြားၿပီလို႔ သတင္းရရွိပါတယ္။

ဒါ့ျပင္ ႏိုင္ငံ‌ေရးလႈပ္ရွားသူတခ်ိဳ႕နဲ႔ ဗကသ ေက်ာင္းသားေခါင္းေဆာင္တခ်ိဳ႕ကိုလည္း စစ္တပ္က ဖမ္းဆီးသြားၿပီလို႔ သိရပါတယ္။