အရေးပေါ်အခြေအနေပြီးပါက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပြန်ကျင်းပမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ဆို

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

ရွေးကောက်ပွဲပြန်ကျင်းပပြီး အနိုင်ရနိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။

Ei Ei Htun

လက်ရှိနိုင်ငံရေးအခြေအနေအရ အရေးပေါ်ဆိုင်ရာပြဌာန်းချက်တွေကို ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲပြန်လည်ကျင်းပပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားကြောင်း မြန်မာ့ရုပ်မြင်သံကြားသတင်းဌာနက ကြေညာလိုက်ပါတယ်။
ရွေးကောက်ပွဲပြန်ကျင်းပပြီးမှာသာ အနိုင်ရနိုင်ငံရေးပါတီကို နိုင်ငံတော်တာဝန်တွေ လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ နိုင်ငံရေး အရေးအပေါ်အခြေအနေအဖြစ်ကြေညာထားပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း မြဝတီရုပ်သံက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကလည်း နိုင်ငံတစ်ဝှမ်းမှာ အကျိုးသက်ရောက်မှုရှိပြီး အမိန့်ထုတ်ပြန်တဲ့ ဒီကနေ့ကနေ တစ်နှစ်သတ်မှတ်ထေားကြောင်းသိရပါတယ်။ အရေးပေါ်အခြေအနေသတ်မှတ်ချက် တစ်နှစ်ပြည့်မှ ရွေးကောက်ပွဲကို ပြန်ကျင်းပမှာလည်းဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ ဒီကနေ့မနက်ပိုင်းကပဲ လက်ရှိအနိုင်ရပါတီမှ သမ္မတအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဝန်ကြီးချုပ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ကာ ဒုသမ္မတကို ယာယီသမ္မတ ဦးမြင့်ဆွေအဖြစ် ခန့်အပ်လိုက်ပြီးတဲ့နောက် တပ်မတော်ကို အာဏာလွှဲအပ်ကြောင်း မြဝတီရုပ်သံလိုင်းက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုလိုလုပ်ဆောင်ရခြင်းက ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းနေခြင်း၊ မဲစာရင်းပြဿနာများကို ဖြေရှင်းပေးရန်ငြင်းပယ်ခြင်း အပါအဝင် လွှတ်တော်အစည်းအဝေးများကို ရွေ့ဆိုင်းပေးရန်တောင်းဆိုမှုကို လက်မခံခြင်းတို့ကြောင့် အခုလိုလုပ်ဆောင်ရခြင်းဖြစ်ပြီး မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်းကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ရဲ့ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးအပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေ႐ြးေကာက္ပြဲျပန္က်င္းပၿပီး အႏိုင္ရႏိုင္ငံေရးပါတီကို ႏိုင္ငံေတာ္အာဏာ လႊဲေျပာင္းေပးသြားမယ္လို႔ ဆိုပါတယ္။

Ei Ei Htun

လက္ရွိႏိုင္ငံေရးအေျခအေနအရ အေရးေပၚဆိုင္ရာျပဌာန္းခ်က္ေတြကို ေဆာင္႐ြက္ၿပီးစီးပါက လြတ္လပ္ၿပီး တရားမွ်တတဲ့ေ႐ြးေကာက္ပြဲျပန္လည္က်င္းပေပးသြားမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားေၾကာင္း ျမန္မာ့႐ုပ္ျမင္သံၾကားသတင္းဌာနက ေၾကညာလိုက္ပါတယ္။
ေ႐ြးေကာက္ပြဲျပန္က်င္းပၿပီးမွာသာ အႏိုင္ရႏိုင္ငံေရးပါတီကို ႏိုင္ငံေတာ္တာဝန္ေတြ လႊဲေျပာင္းေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ လတ္တေလာမွာေတာ့ ႏိုင္ငံေရး အေရးအေပၚအေျခအေနအျဖစ္ေၾကညာထားၿပီး ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး အာဏာတို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ လႊဲေျပာင္းေပးအပ္လိုက္ေၾကာင္း ျမဝတီ႐ုပ္သံက ဒီကေန႔မနက္ပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

လက္ရွိထုတ္ျပန္ထားတဲ့ အေရးေပၚအေျခအေနကလည္း ႏိုင္ငံတစ္ဝွမ္းမွာ အက်ိဳးသက္ေရာက္မႈရွိၿပီး အမိန႔္ထုတ္ျပန္တဲ့ ဒီကေန႔ကေန တစ္ႏွစ္သတ္မွတ္ေထားေၾကာင္းသိရပါတယ္။ အေရးေပၚအေျခအေနသတ္မွတ္ခ်က္ တစ္ႏွစ္ျပည့္မွ ေ႐ြးေကာက္ပြဲကို ျပန္က်င္းပမွာလည္းျဖစ္ပါတယ္။

တပ္မေတာ္အေနနဲ႔ ဒီကေန႔မနက္ပိုင္းကပဲ လက္ရွိအႏိုင္ရပါတီမွ သမၼတအပါအဝင္ ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ဝန္ႀကီးခ်ဳပ္ေတြကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးတဲ့ေနာက္ ႏိုင္ငံေတာ္အား အေရးေပၚ အေျခအေနအျဖစ္ ေၾကညာလိုက္ကာ ဒုသမၼတကို ယာယီသမၼတ ဦးျမင့္ေဆြအျဖစ္ ခန႔္အပ္လိုက္ၿပီးတဲ့ေနာက္ တပ္မေတာ္ကို အာဏာလႊဲအပ္ေၾကာင္း ျမဝတီ႐ုပ္သံလိုင္းက ဒီကေန႔ မနက္ပိုင္းမွာ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

အခုလိုလုပ္ေဆာင္ရျခင္းက ေ႐ြးေကာက္ပြဲမွာ မဲစာရင္းေတြမွားယြင္းေနျခင္း၊ မဲစာရင္းျပႆနာမ်ားကို ေျဖရွင္းေပးရန္ျငင္းပယ္ျခင္း အပါအဝင္ လႊတ္ေတာ္အစည္းအေဝးမ်ားကို ေ႐ြ႕ဆိုင္းေပးရန္ေတာင္းဆိုမႈကို လက္မခံျခင္းတို႔ေၾကာင့္ အခုလိုလုပ္ေဆာင္ရျခင္းျဖစ္ၿပီး မဲစာရင္းမ်ား စစ္ေဆးအတည္ျပဳျခင္းကို ေဆာင္႐ြက္ႏိုင္ရန္အတြက္ ႏိုင္ငံေတာ္ရဲ႕ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး အာဏာတို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ လႊဲေျပာင္းေပးအပ္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

Crd-duwun