ကျန်းမာရေးဝန်ကြီး နုတ်ထွက်ကြောင်း ကြေညာချက် ဖေ့စ်ဘွတ်ကနေပြန်ဖြုတ်

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ရာထူးကနုတ်ထွက်ကြောင်း ကြေညာချက်ကို ဖေ့်စ်ဘွတ်လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့ပြီး နာရီပိုင်း အတွင်းမှာပဲ ပြန်လည်ဖယ်ရှားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်တရက်မှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေး ရာထူးနုတ်ထွက်ကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်နေ ကြေညာခဲ့တာပါ။

ဒါပေမဲ့လည်း နုတ်ထွက်ကြောင်း သတင်းစကားပါးထားတဲ့ ကြေညာချက်ကို ပြန်လည်ဖယ်ရှားလိုက်တာကြောင့် ဝန်ကြီးဒေါက်တာမြင့်ထွေး ရာထူးက နုတ်ထွက်တယ်ဆိုတာ အတည်ဖြစ်မဖြစ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး နိုင်ငံအဝန်း စတင်နေတာ ရက်ပိုင်းအကြာမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

က်န္းမာေရးဝန္ႀကီး ႏုတ္ထြက္ေၾကာင္း ေၾကညာခ်က္ ေဖ့စ္ဘြတ္ကေနျပန္ျဖဳတ္ ​

က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး ရာထူးကႏုတ္ထြက္ေၾကာင္း ေၾကညာခ်က္ကို ေဖ့္စ္ဘြတ္လူမႈကြန္ရက္မွာ ထုတ္ျပန္ခဲ့ၿပီး နာရီပိုင္း အတြင္းမွာပဲ ျပန္လည္ဖယ္ရွားလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီး ေနာက္တရက္မွာပဲ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနဝန္ႀကီး ေဒါက္တာျမင့္ေထြး ရာထူးႏုတ္ထြက္ေၾကာင္း ေဖ့စ္ဘြတ္လူမႈကြန္ရက္ေန ေၾကညာခဲ့တာပါ။

ဒါေပမဲ့လည္း ႏုတ္ထြက္ေၾကာင္း သတင္းစကားပါးထားတဲ့ ေၾကညာခ်က္ကို ျပန္လည္ဖယ္ရွားလိုက္တာေၾကာင့္ ဝန္ႀကီးေဒါက္တာျမင့္ေထြး ရာထူးက ႏုတ္ထြက္တယ္ဆိုတာ အတည္ျဖစ္မျဖစ္ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေဆးထိုး လုပ္ငန္းေတြကို က်န္းမာေရးဝန္ႀကီးဌာနက ဦးေဆာင္ၿပီး ႏိုင္ငံအဝန္း စတင္ေနတာ ရက္ပိုင္းအၾကာမွာပဲ စစ္တပ္က အာဏာသိမ္းလိုက္တာလည္း ျဖစ္ပါတယ္။