လက်ရှိအခြေနဲ့ ပတ်သတ်ပြီး ပျင်းရင် ကွန်မန့်တွေ ဖတ်ပေးမယ်ဆိုတဲ့ G

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ႏိုင္ငံေရးအေၾကာင္း မေျပာခ်င္လို႔ကို ဘာမွမေျပာဘဲ ေနေနတာ။ဒါေပမဲ့ ညီမကိုဒီထဲဆြဲထည့္ေနတဲ့သူေတြမ်ားလာေတာ့ အခုဝင္ေျပာပါ့မယ္။ညီမသာ ႏိုင္ငံေရးကို အစထဲက ဝါသနာပါခဲ့ရင္ ႏိုင္ငံေရးကိုဘဲ အစထဲကလုပ္မွာ။ပရဟိတထဲေတာင္ ဝင္ခဲ့မွာမဟုတ္ပါဘူး။

ႏိုင္ငံေရးကို ထူးထူးျခားျခား ဝါသနာမပါေပမဲ့ ျပည္သူတစ္ေယာက္အေနနဲ႔ ေတာ့ အခုလိုအျဖစ္အပ်က္ႀကီးကို ဂ႐ုေတာ့စိုက္သင့္တယ္လို႔ အကုန္လုံးကထင္မွာဘဲ။ မွန္ပါတယ္။ ညီမ လည္းဂ႐ုစိုက္ပါတယ္။ အေမျဖစ္ေနလို႔ ဘာမွဝင္မေျပာတာလည္း မဟုတ္ဘူး။ ဒါေပမဲ့ ပရဟိတသမားတစ္ေယာက္အေနနဲ႔ ဝင္မပါသင့္လို႔ ကိုယ့္ခံယူခ်က္ကို ကိုယ့္စိတ္ထဲဘဲထားတာပါ။ ေနာက္ဆုံး ထုတ္ေျပာရင္ေတာင္ ကိုယ္နဲ႔လူခ်င္းသိတဲ့သူေတြကိုဘဲ ထုတ္ေျပာမွာပါ။

ညီမ ဘဝသည္ အေမ့ဘဝ မဟုတ္သလို အေမ့ဘဝသည္လည္း ညီမဘဝ မဟုတ္ပါဘူး။ ကိုယ္ဝါသနာပါတာကိုဘဲ လုပ္ၾကတာပါ။ ႏိုင္ငံေရးထဲ ဝင္မပါခ်င္ရင္ေတာင္ မတရားမႈကိုေတာ့ ႏႈတ္ပိတ္ၿပီးမေနသင့္ဘူးလို႔ တခ်ိဳ႕ကလည္း ေျပာမွာေပါ့။ ဒါကေတာ့ ညီမ မေလ့လာထားတဲ့ ဘာသာရပ္မလို႔ ကိုယ္မကြၽမ္းက်င္တဲ့ နယ္ပယ္မွာ ဆရာဝင္ မလုပ္ခ်င္တာပါ။

ႏိုင္ငံေရးမေျပာနဲ႔ ဘယ္ေနရာမွာမဆို မတရားမႈကေတာ့ ရွိတာပါဘဲ။ ညီမ ကိုယ့္ဘာသာ ကိုယ္ေနၿပီး ကိုယ့္အလုပ္ ကိုယ္လုပ္ေနတာေတာင္ ႏိုင္ငံေရးထဲဆြဲထည့္ၿပီးေတာ့ ဆဲေနၾကတာလည္း အရမ္းေတာ့ မတရားဘူး။ ဒါကလည္းညီမ ဘာမွမတတ္ႏိုင္တဲ့ ကိစၥပါ။ အဲ့လိုဘဲ မတရားမႈေတြအမ်ားစုက ကိုယ္ဘာမွ မတတ္ႏိုင္တာေတြမ်ားပါတယ္။

တစ္မိသားစုလုံးကိုမုန္းတယ္ဆိုလည္းရတယ္။ အေမကိုမုန္းၿပီး ညီမကိုမမုန္းလည္း ရတယ္။ အေမကိုမမုန္းလည္း ညီမကိုမုန္းလို႔ရတယ္။ ပရဟိတသမားတစ္ေယာက္ေနနဲ႔ေတာ့ လူကိုလူလို႔ ျမင္ရမဲ့ တာဝန္ရွိပါတယ္။ ညီမတို႔က အသက္အ႐ြယ္မေ႐ြး၊ က်ားမ မေ႐ြး၊ လူမ်ိဳးဘာသာမေ႐ြး၊ ဝါနီစိမ္းျပာ မေ႐ြး ကူညီဖို႔အစဥ္သင့္ပါဘဲ။

မတရားတာေတြ ႀကဳံရရင္ ေပါက္ကြဲတက္တာ လူ႔သဘာဝပါ။ အဲ့ေတာ့ ညီမရဲ႕ post ေတြေအာက္မွာ ဝင္ဆဲၾကၿပီး ေပါက္ကြဲလို႔ရပါတယ္။ ျပင္းတဲ့အခါ comment ေတြ ဖတ္ေပးပါမယ္ေနာ္။ ဒီေန႔အဖို႔ေတာ့ ဒီေလာက္ပါဘဲ။ ဒီေလာက္ ရွည္ရွည္ဖတ္ေပးလို႔အားလုံးကို ေက်းဇူးတင္ပါတယ္။

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံရေးအကြောင်း မပြောချင်လို့ကို ဘာမှမပြောဘဲ နေနေတာ။ဒါပေမဲ့ ညီမကိုဒီထဲဆွဲထည့်နေတဲ့သူတွေများလာတော့ အခုဝင်ပြောပါ့မယ်။

ညီမသာ နိုင်ငံရေးကို အစထဲက ဝါသနာပါခဲ့ရင် နိုင်ငံရေးကိုဘဲ အစထဲကလုပ်မှာ။ပရဟိတထဲတောင် ဝင်ခဲ့မှာမဟုတ်ပါဘူး။ နိုင်ငံရေးကို ထူးထူးခြားခြား ဝါသနာမပါပေမဲ့ ပြည်သူတစ်ယောက်အနေနဲ့ တော့ အခုလိုအဖြစ်အပျက်ကြီးကို ဂရုတော့စိုက်သင့်တယ်လို့ အကုန်လုံးကထင်မှာဘဲ။ မှန်ပါတယ်။ ညီမ လည်းဂရုစိုက်ပါတယ်။ အမေဖြစ်နေလို့ ဘာမှဝင်မပြောတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ပရဟိတသမားတစ်ယောက်အနေနဲ့ ဝင်မပါသင့်လို့ ကိုယ့်ခံယူချက်ကို ကိုယ့်စိတ်ထဲဘဲထားတာပါ။ နောက်ဆုံး ထုတ်ပြောရင်တောင် ကိုယ်နဲ့လူချင်းသိတဲ့သူတွေကိုဘဲ ထုတ်ပြောမှာပါ။

ညီမ ဘဝသည် အမေ့ဘဝ မဟုတ်သလို အမေ့ဘဝသည်လည်း ညီမဘဝ မဟုတ်ပါဘူး။ ကိုယ်ဝါသနာပါတာကိုဘဲ လုပ်ကြတာပါ။ နိုင်ငံရေးထဲ ဝင်မပါချင်ရင်တောင် မတရားမှုကိုတော့ နှုတ်ပိတ်ပြီးမနေသင့်ဘူးလို့ တချို့ကလည်း ပြောမှာပေါ့။ ဒါကတော့ ညီမ မလေ့လာထားတဲ့ ဘာသာရပ်မလို့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ ဆရာဝင် မလုပ်ချင်တာပါ။

နိုင်ငံရေးမပြောနဲ့ ဘယ်နေရာမှာမဆို မတရားမှုကတော့ ရှိတာပါဘဲ။ ညီမ ကိုယ့်ဘာသာ ကိုယ်နေပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတာတောင် နိုင်ငံရေးထဲဆွဲထည့်ပြီးတော့ ဆဲနေကြတာလည်း အရမ်းတော့ မတရားဘူး။ ဒါကလည်းညီမ ဘာမှမတတ်နိုင်တဲ့ ကိစ္စပါ။ အဲ့လိုဘဲ မတရားမှုတွေအများစုက ကိုယ်ဘာမှ မတတ်နိုင်တာတွေများပါတယ်။

တစ်မိသားစုလုံးကိုမုန်းတယ်ဆိုလည်းရတယ်။ အမေကိုမုန်းပြီး ညီမကိုမမုန်းလည်း ရတယ်။ အမေကိုမမုန်းလည်း ညီမကိုမုန်းလို့ရတယ်။ ပရဟိတသမားတစ်ယောက်နေနဲ့တော့ လူကိုလူလို့ မြင်ရမဲ့ တာဝန်ရှိပါတယ်။ ညီမတို့က အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ လူမျိုးဘာသာမရွေး၊ ဝါနီစိမ်းပြာ မရွေး ကူညီဖို့အစဉ်သင့်ပါဘဲ။

မတရားတာတွေ ကြုံရရင် ပေါက်ကွဲတက်တာ လူ့သဘာဝပါ။ အဲ့တော့ ညီမရဲ့ post တွေအောက်မှာ ဝင်ဆဲကြပြီး ပေါက်ကွဲလို့ရပါတယ်။ ပြင်းတဲ့အခါ comment တွေ ဖတ်ပေးပါမယ်နော်။ ဒီနေ့အဖို့တော့ ဒီလောက်ပါဘဲ။ ဒီလောက် ရှည်ရှည်ဖတ်ပေးလို့အားလုံးကို ကျေးဇူးတင်ပါတယ်။