မိခင်ဖြစ်သူနဲ့ပတ်သက်ပြီး ဝမ်းနည်းစရာကောင်းတဲ့သူမရဲ့အကြောင်းလေးပြောပြလာခဲ့တဲ့ ခင်သဇင်…

ပရိတ်သတ်ကြီးရေ…သရုပ်ဆောင်ခင်သဇင်ဟာဆိုရင် အနုပညာလောကမှာပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့

မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်နော်။ဇာတ်လမ်းတွဲတွေမှာဆိုရင်လည်းပါဝင်ရိုက်ကူးခဲ့တဲ့သူမက


သရုပ်ဆောင်ပိုင်နိုင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုတစ်ခဲနက်ရရှိထားတာပဲဖြစ်ပါတယ်.။

လူတိုင်း အပေါ်မှာလည်း လိုအပ်တာ မှန်သမျှ အမြဲ ကူညီပေးတတ်တာကြောင့်လူချစ်လူခင်ပေါများသူလည်း ဖြစ်ပါတယ်။


အမေများနေ့ လေး မှာ အပင်ပန်းခံပြီး မွေးပေးခဲ့ကြတဲ့ မိခင်ရဲ့ ကျေးဇူးတွေကို ဆပ်လို့ မကုန်တဲ့အကြောင်းတွေကို

အားလုံးရဲ့ လူမှုကွန်ယက်များတွင် ရေးသားထားကြတာ ဖြစ်ပါတယ်။ ခင်သဇင်ကသူမရဲ့ လူမှုကွန်ယက်အကောင့်တွင်


လူမှန်းသိတတ်စအရွယ်ကတည်းက မိခင်ဖြစ်သူ နဲ့အတူမနေခဲ့ရတဲ့ သူမရဲ့ရင်ထဲက ခံစားချက်တွေကို ပြောပြ လာတာ

ဖြစ်ပါတယ်။အမေ ဆိုတာ နဲ့လူမှန်းသိတတ်စ အရွယ်တည်းက အတူမနေခဲ့ရ အသံမကြားရ မထိတွေ့ရဘဲ ကြီးပြင်းခဲ့ရတဲ့


ကျွန်မ က ဒီလို အမေများနေ့ကို ရောက်လာမှာ အကြောက်ရဆုံးပါပဲ…အားလုံးက ပုံတွေ တင်ကြလည်း ကိုယ့်မှာက

အမေနဲ့ တွဲရိုက်ထားတဲ့ပုံ တင်စရာ မရှိနေပါဘူး…အမေဆုံးပါးသွားတဲ့ နောကဆောက်လုပ် လှူဒါန်းထားတဲ့ ဘုန်းကြီးကျောင်းဆောင်လေးပဲ ရှိပါတယ်..


ဒီလို နေ့ရောက် တိုင်း ဆုတောင်းပေး ဖြစ်တာက ဤလှူဒါန်း ရပါသော ကောင်းမှု ကုသိုလ် အစုစုတို့ကြောင့်အမေကောင်းရာဘုံဘဝမှ

ာ ပျော်ရွှင်နေပါစေလို့ ဒီဘဝမှာ တော်စပ်ခဲ့တဲ့ သမီး ခင်သဇင်က အမြဲဆု တောင်းပေးနေပါတယ်..🙏🏼ချစ်တဲ့ သမီးငယ်


ခင်သဇင် ❤️၉/၅/၂၀၂၁ ” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ခင်သဇင် ရေးသားထားတဲ့

စာလေးကြောင့် ကရုဏာသက်နေကြတာ ဖြစ်ပါတယ်။အမေများနေ့ မှာ မိခင်များအားလုံး ချစ်ရတဲ့ သားသမီးများနဲ့အတူ
ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။


Creditcelethatin