အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ခြင်းနဲ့ပတ်သက်ပြီး မြတ်စွာဘုရားရဲ့တရားတော်နဲ့မညီသော ကိစ္စရပ်တိုင်းဟာ သာသနာ ကို ကာကွယ်နေတာမဟုတ်ကြာင်း ရှင်းပြလာတဲ့ ခင်သဇင်..

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★






 




celethatin

Unicode ဖြင့်ဖတ်ပါ
★★★★★

အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ခြင်းနဲ့ပတ်သက်ပြီး မြတ်စွာဘုရားရဲ့တရားတော်နဲ့မညီသော ကိစ္စရပ်တိုင်းဟာ သာသနာ ကို ကာကွယ်နေတာမဟုတ်ကြာင်း ရှင်းပြလာတဲ့ ခင်သဇင်..

မင်းသမီးချောလေး ခင်သဇင်ကတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ ပါဝင် သရုပ်ဆောင်နေပြီး ပီပြင်တဲ့သရုပ်ဆောင်ချက် တွေနဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အချင်းတွေကြောင့်ပရိသတ်အားပေးလက်ခံမှုကို အပြည့်အဝရရှိထားတဲ့သူပဲဖြစ်ပါတယ်နော်။

ခင်သဇင်က လက်ရှိ ဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်းဖေဖော်ဝါရီလ အစတည်းကတိုင် ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာအရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်…..။

ခင်သဇင်က မကြာသေးမီကလည်းသူမရဲ့ Facebook စာမျက်နှာမှာ အမျိုး ဘာသာသာသနာကာကွယ်စောင့်ရှောက်ခြင်းနဲ့ပက်သက်ပြီး သူမရဲ့အမြင်ကိုရေးသားလာခဲ့ပါတယ်။“အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ သာသနာပြုတယ် ဆိုတာမြတ်စွာဘုရားရဲ့ အဆုံးမ တရားတော်နဲ့ အညီ ကုသိုလ် ကောင်းမှုတွေ လုပ်တာဖြစ်တယ်..

ဘုရားကျောင်းကန်ဆောက်တာ သာသနာ ပြုတာလို့ မခေါ်ဘူးတဲ့…လူတွေက ဘုရားရဲ့ တရားတော်တွေကို အကြောင်းပြုပြီးအလုပ်တွေ ကြိုးစားခြင်းနဲ့ သာ ကျောင်းကန် ဆောက်လုပ်ပေးကြခြင်းဖြစ်တယ်တဲ့…ဘုရားရဲ့အဆုံးအမ စကားတော်နဲ့ နေခြင်းသာ သာသနာပြုတယ်လို့ခေါ်တယ်တဲ့….။သာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမ သာလျှင် ဖြစ်တယ်…(ယနေ့ နာဖြစ်သော တရားတော်မှ မျှဝေခြင်းဖြစ်ပါတယ်)

 

ရည်ညွှန်းတရားတော်- စေတနာကောင်းလျှင်ကံကောင်းမည်၊ဒေါက်တာ နန္ဒမာလာဘိဝံသ။

 

အဲတော့ အမျိုးဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာဘုရားတည် ကျောင်းဆောက် ဘုန်းကြီးကို ရှိခိုးပြနေတာတွေကသာသနာ ပြုတာ မဟုတ်ပါကြောင်း ..မြတ်စွာဘုရားရဲ့ တရားတော်နဲ့မညီသော ကိစ္စရပ်တိုင်းဟာသာသနာ ကို ကာကွယ်နေတာမဟုတ်ပါကြောင်း ယနေ့ နာယူဖြစ်သောတရားတော်မှ မျှဝေ လိုက်ပါတယ်

 

အလှူကြောင့် ကုသိုလ်ရတာ တပိုင်းပေမယ့်လို့အကုသိုလ်တွေ ရင်ထဲများနေရင်တော့ ဆင်းရဲမှာအမှန် ဖြစ်ပါတယ်…..” ဆိုပြီးရေးသားမျှဝေ လာခဲ့ပါတယ်။ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Photo credit-Khin Thazin’s Facebook acc
celethatin