အာဏာရှင်ကို ဝိုင်းဝန်းတော်လှန်နေကြတဲ့ လူငယ်တွေကို “လမ်းပျောက်နေပြီလား”လို့ မေးလာတဲ့သူတွေကို ထိထိမိမိ ပြန်လည်ချေပလိုက်တဲ့ ဟဲဗီးဖြိုး…

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အာဏာရွင္ကို ဝုိင္းဝန္းေတာ္လွန္ေနၾကတဲ့ လူငယ္ေတြကို “လမ္းေပ်ာက္ေနၿပီလား”လုိ႔ ေမးလာတဲ့သူေတြကို ထိထိမိမိ ျပန္လည္ေခ်ပလုိက္တဲ့ ဟဲဗီးၿဖိဳး…

လက္ရွိအေရးအခင္းမွာ လူငယ္အမ်ားစုဟာ လမ္းေပၚထြက္ၿပီး အာဏာရွင္ကိုေတာ္လွန္ေန ၾကတာပါ။ လူငယ္ေတြဟာ အျမင္သစ္အေတြးသစ္ေတြနဲ႔ လူႀကီးေတြမေတြးလိုက္ႏိုင္တဲ့ ေထာင့္ေပါင္းစုံကေန စဥ္းစားေတြးေခၚၿပီး အကြက္က်က်စီစဥ္တတ္ၾကသူေတြပါ။ ေလ့လာမႈအားေကာင္းတာရယ္ အသစ္အဆန္းေတြေလ့လာစရာေပါတဲ့ေခတ္ႀကီးမွာ ဘက္ေပါင္းစုံ ေထာင့္ေပါင္းစုံက ကူညီေပးၾကတဲ့ Gen X,Y,Z တို႔ရဲ႕အားအျပင္ အာဏာရွင္ကို ဆန႔္က်င္ၾကတဲ့ CDM ဟာလည္း ဒီအေရးေတာ္ပုံမွာ အေရးႀကီးတဲ့က႑တစ္ခုက ပါဝင္ခဲ့ပါတယ္

လူငယ္အမ်ားစုဟာ မတရားသျဖင့္ သတ္ျဖတ္ခံ၊ ဖမ္းဆီးႏွိပ္စက္ခံခဲ့ရၿပီး လူမေသေသာ္လည္း ဘဝေသသြားတဲ့အထိကို စြန႔္လႊတ္အနစ္နာခံၿပီး အာဏာရွင္ကိုေတာ္လွန္ေနၾကတာပါ။ ေန႔စဥ္နဲ႔အမွ် သပိတ္စစ္ေၾကာင္းေတြလည္းခ်ီတက္ေနၿပီး ရင္တြင္းဆႏၵကို ေဖာ္ထုတ္ၾကပါတယ္။

တိုးတက္ရမယ့္ အနာဂတ္ေတြအားလုံး ေမွာင္အတိက်သြားတာမ်ိဳး ဘယ္သူမွလက္မခံႏိုင္ၾကပါဘူး။ အေမွာင္ေခတ္ကို ေက်ာ္ျဖတ္လာတဲ့သူေတြဟာ အလင္းျပျပေလးျမင္ေနရခ်ိန္မွ အေမွာင္ထဲျပန္မေရာက္ခ်င္ၾကသူေတြခ်ည္း ပါပဲ။ လက္ရွိအခ်ိန္ထိ ေတာ္လွန္ေရးေတြလုပ္ေနၾကတာဟာ ဒီအေရးေတာ္ပုံေအာင္ျမင္မယ္ဆိုတဲ့ ယုံၾကည္ခ်က္တစ္ခုတည္းနဲ႔ပါ။

လူငယ္ေတြကိုလမ္းေပ်ာက္ေနၿပီလားဆိုတဲ့ေမးခြန္းေမးၾကသူေတြကို ” မင္းတို႔ လူငယ္ေတြ လမ္းေပ်ာက္ေနတာလား ? ကြၽန္ေတာ္တို႔ လူငယ္ေတြ လမ္းေဖာက္ေနတာပါ… ” ဆိုၿပီး ဟဲဗီးၿဖိဳးက သူ႔ရဲ႕လူမႈကြန္ရက္ကတဆင့္ေျပာျပလာခဲ့ပါတယ္။ လူငယ္တိုင္းဟာ ခြန္အားအျပည့္နဲ႔ အာဏာရွင္ကို ေတာ္လွန္ေနၾကတဲ့အခ်ိန္မွာ လူႀကီးေတြဟာလည္း လူငယ္ေတြအတြက္ ခြန္အားျဖစ္ေပးဖို႔လိုအပ္ပါတယ္။ ရည္႐ြယ္ခ်က္ပန္းတိုင္ေတြ တူညီေနၿပီဆိုၿပီး စုေပါင္းအားနဲ႔ အာဏာရွင္ကိုေတာ္လွန္ႏိုင္မွာ အေသအခ်ာပါပဲ။

crd : MM Load

Unicode ဖြင့်ဖတ်ပါ
★★★★★

အာဏာရှင်ကို ဝိုင်းဝန်းတော်လှန်နေကြတဲ့ လူငယ်တွေကို “လမ်းပျောက်နေပြီလား”လို့ မေးလာတဲ့သူတွေကို ထိထိမိမိ ပြန်လည်ချေပလိုက်တဲ့ ဟဲဗီးဖြိုး…

လက်ရှိအရေးအခင်းမှာ လူငယ်အများစုဟာ လမ်းပေါ်ထွက်ပြီး အာဏာရှင်ကိုတော်လှန်နေ ကြတာပါ။ လူငယ်တွေဟာ အမြင်သစ်အတွေးသစ်တွေနဲ့ လူကြီးတွေမတွေးလိုက်နိုင်တဲ့ ထောင့်ပေါင်းစုံကနေ စဉ်းစားတွေးခေါ်ပြီး အကွက်ကျကျစီစဉ်တတ်ကြသူတွေပါ။ လေ့လာမှုအားကောင်းတာရယ် အသစ်အဆန်းတွေလေ့လာစရာပေါတဲ့ခေတ်ကြီးမှာ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက ကူညီပေးကြတဲ့ Gen X,Y,Z တို့ရဲ့အားအပြင် အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ CDM ဟာလည်း ဒီအရေးတော်ပုံမှာ အရေးကြီးတဲ့ကဏ္ဍတစ်ခုက ပါဝင်ခဲ့ပါတယ်

လူငယ်အများစုဟာ မတရားသဖြင့် သတ်ဖြတ်ခံ၊ ဖမ်းဆီးနှိပ်စက်ခံခဲ့ရပြီး လူမသေသော်လည်း ဘဝသေသွားတဲ့အထိကို စွန့်လွှတ်အနစ်နာခံပြီး အာဏာရှင်ကိုတော်လှန်နေကြတာပါ။ နေ့စဉ်နဲ့အမျှ သပိတ်စစ်ကြောင်းတွေလည်းချီတက်နေပြီး ရင်တွင်းဆန္ဒကို ဖော်ထုတ်ကြပါတယ်။

တိုးတက်ရမယ့် အနာဂတ်တွေအားလုံး မှောင်အတိကျသွားတာမျိုး ဘယ်သူမှလက်မခံနိုင်ကြပါဘူး။ အမှောင်ခေတ်ကို ကျော်ဖြတ်လာတဲ့သူတွေဟာ အလင်းပြပြလေးမြင်နေရချိန်မှ အမှောင်ထဲပြန်မရောက်ချင်ကြသူတွေချည်း ပါပဲ။ လက်ရှိအချိန်ထိ တော်လှန်ရေးတွေလုပ်နေကြတာဟာ ဒီအရေးတော်ပုံအောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ပါ။

လူငယ်တွေကိုလမ်းပျောက်နေပြီလားဆိုတဲ့မေးခွန်းမေးကြသူတွေကို ” မင်းတို့ လူငယ်တွေ လမ်းပျောက်နေတာလား ? ကျွန်တော်တို့ လူငယ်တွေ လမ်းဖောက်နေတာပါ… ” ဆိုပြီး ဟဲဗီးဖြိုးက သူ့ရဲ့လူမှုကွန်ရက်ကတဆင့်ပြောပြလာခဲ့ပါတယ်။ လူငယ်တိုင်းဟာ ခွန်အားအပြည့်နဲ့ အာဏာရှင်ကို တော်လှန်နေကြတဲ့အချိန်မှာ လူကြီးတွေဟာလည်း လူငယ်တွေအတွက် ခွန်အားဖြစ်ပေးဖို့လိုအပ်ပါတယ်။ ရည်ရွယ်ချက်ပန်းတိုင်တွေ တူညီနေပြီဆိုပြီး စုပေါင်းအားနဲ့ အာဏာရှင်ကိုတော်လှန်နိုင်မှာ အသေအချာပါပဲ။

crd : MM Load