ဖြူးဘက်က မိဘရင်းတွေ စွန့်ပစ်လိုက်တဲ့ (၅)ရက်သား ကလေးငယ်ကို ဂရုဏာအပြည့်နဲ့ ခေါ်ယူစောင့်ရှောက်ပြီး သားချောလေးတွေဖြစ်လာအောင် မွေးမြူပေးမယ့် မေမေ ခိုင်နှင်းဝေ

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★









Crd

Unicode ဖြင့်ဖတ်ပါ
★★★★★

ဖြူးဘက်က မိဘရင်းတွေ စွန့်ပစ်လိုက်တဲ့ (၅)ရက်သား ကလေးငယ်ကို ဂရုဏာအပြည့်နဲ့ ခေါ်ယူစောင့်ရှောက်ပြီး သားချောလေးတွေဖြစ်လာအောင် မွေးမြူပေးမယ့် မေမေ ခိုင်နှင်းဝေ…

သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေကတော့ လက်ရှိမှာလည်း ပရဟိတအလုပ်တွေနဲ့အတူ လိုအပ်နေသူတွေကို ဖေးမကူညီနေသူပဲ ဖြစ်ပါတယ်..။

ခိုင်နှင်းဝေကတော့ စားဝတ်နေရေးခက်ခဲပြီး ချို့တဲ့ကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်နဲ့ အလှူငွေတွေအပြင် အခြားလိုအပ်တာတွေကိုလည်း လှူဒါန်းပြီး မိဘမဲ့ကလေးငယ်လေးတွေကိုလည်း ပြုစုစောင့်ရှောက်ပေးနေတာကြောင့် အများက လေးစားချစ်ခင်နေကြသူလည်း ဖြစ်ပါတယ်..။

ခိုင်နှင်းဝေကတော့ ဒီကနေ့မေလ(၂၈)ရက်နေ့မှာလည်း ဖြူးမြို့နယ် ဇေယျဝတီမြို့က စွန့်ပစ်ခံလိုက်ရတဲ့ (၅)ရက်သား ကလေးငယ်လေးကိုလည်း ခေါ်ယူမွေးစားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်..။

(၅)ရက်သားလေးအတွက် အသက်ကယ်ပေးဖို့ ဒေသခံများက ဆက်သွယ်အကူအညီတောင်းခံလာတာဖြစ်ပြီး အမှန်တကယ်စွန့်ပစ်ခံရတဲ့ကလေးဖြစ်တာကြောင့်လည်း ခိုင်နှင်းဝေက သူမအနေနဲ့ ခေါ်ယူစောင့်ရှောက်ဖို့ ဆုံးဖြတ်စီစဉ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်..။

“ဖြူး မြို့နယ် ဇေယျဝတီမြို့ ဘက်က စွန့်ပစ်ခံ (၅)ရက်သားလေးကို ပေးဘို့ ကျမဆီ ဆက်သွယ်လာပါတယ်ရှင်..အသက်ကယ်ပေးပါရန် ဒေသခံ လူများမှ ဆက်သွယ်လာပြီး အမှန် တကယ် စွန့်ပစ်ခံကလေးလေး ဖြစ်တဲ့ အတွက် ကျမတို့ “ခိုင်” မိသားစုမှ ခေါ်ယူစောင့်ရှောက်ဘို့ ဆုံးဖြတ်လိုက်ပါတယ်..

ကိုအာကြီးနဲ့ အဖော်ရပြီး သားချောလေးတွေ ဖြစ်လာအောင် ကျမ စိတ်ကူးပုံဖော်ရင်း အဝေးက သားလေးကို ခေါ်ဘို့ စီစဉ် နေပါတယ်ရှင်..…” ဆိုပြီး ခိုင်နှင်းဝေက ပြောပြထားတာ ဖြစ်ပါတယ်..။

ကလေးငယ်လေးတွေရဲ့ အနာဂတ်အတွက် တာဝန်ယူစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေကိုလည်း အားပေးစကားတွေနဲ့ ချီးကျူးထားကြတာလည်း တွေ့ရပါတယ်..။

Crd