သူမရဲ့အမေ ကျန်းမာရေးမကောင်းလို့ဘန်ကောက်မှာ ဆေးကုသမှုခံယူနေရတာနဲ့ပတ်သက်ပြီး ယုတ်မာရိုင်းစိုင်းစွာဝေဖန်ပြောဆိုတဲ့သူတွေကို ထိထိမိမိပြန်လည်တုန့်ပြန်လိုက်တဲ့ အိမ့်ချစ်
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Unicode ဖြင့်ဖတ်ပါ
★★★★★
ပရိတ်သတ်ကြီးရေ….ဂီတလောကမှာ အချစ်တေးသီချင်းကောင်းလေးတွေကို သီဆိုရင်းပရိတ်သတ်အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ပြည်သူချစ်တေးသံရှင်တစ်ယောက်ဟာဆိုရင်တော့ အိမ့်ချစ်ပဲဖြစ်ပါတယ်နော်။လူငယ်ပီပီ တက်ကြွဖျက်လတ်ပြီးပွင့်လင်းတဲ့သူမရဲ့အမူအရာလေးတွေဟာဆိုရင်လညး် ပရိတ်သတ်ကိုဆွဲဆောင်ထားတဲ့အချက်တစ်ချက်ဆိုရင်လည်းမမှားပါဘူးနော်။အိမ့်ချစ်ဟာဆိုရင် ဝါရင့်တေးသံရှင်ကြီး ဦးချစ်ကောင်းရဲ့သမီးလေးဖြစ်ပြီး ဖခင်ရဲ့ဂီတအမွေကို အပြည့်အဝဆက်ခံထားတဲ့သူပဲဖြစ်ပါတယ်။ထူးခြားတဲ့အသံပိုင်ရှင်လေးအိမ့်ချစ်က ချစ်ခင်ပွန်းနဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မှာနေထိုင်နေတာပဲဖြစ်ပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့နွေဦးတော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့ပေမယ့်လည်းအခြေအနေတစ်ခုကြောင့်တော်လှန်ရေးမှာဆက်လက်ပြီးမပါဝင်နိုင်တော့တာပဲဖြစ်ပါတယ်နော်..။အဲ့ဒါကတော့ သူမသိပ်ချစ်ရတဲ့ မိခင်ကြီးဟာ ကျန်းမာရေးအတော်လေးမကောင်းတဲ့အတွက် ဆေးရုံတက်နေရတာကြောင့်ပဲဖြစ်ပါတယ်။အိမ့်ချစ်ရဲ့အမေဟာ မတ်လပိုင်းလောက်ကတည်းက ဘန်ကောက်မှာဆေးကုသမှုခံယူခဲ့ရတာပြီး သူမကိုယ်တိုင်အမေဖြစ်သူရဲ့ဘေးမှာ စောင့်ရှောက်ပေးနေရတာပဲဖြစ်ပါတယ်။
အဲ့လိုအခြေအနေတွေကြောင့် တော်လှန်ရေးမှာဆက်လက်မပါဝင်နိုင်တာကိုလည်း ပရိတ်သတ်တွေကနားလည်ပေးကြတာကိုလည်းတွေ့မြင်ရပါတယ်နော်။ဒီကနေ့မှာဆိုရင်တော့ အိမ့်ချစ်ရဲ့အမေဆေးရုံတက်နေရတာနဲ့ပတ်သက်ပြီး လူတစ်ချို့ရဲ့ယုတ်မာရိုင်းစိုင်းလွန်းတဲ့ပြောဆိုမှုတွေကိုခံနေရတာကြောင့် သည်းမခံနိုင်တော့ပဲပေါက်ကွဲစွာနဲ့ပြန်လည်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်.။
အိမ့်ချစ်က “နင်တို့အဖေအမေတွေနေမကောင်းဖြစ်တဲ့အခါ ဆေးရုံဆေးခန်းမပြကြနဲ့ ထိုင်ကြည့်နေပြီးသေမှတစ်ခါတည်းအသုဘချလိုက်ပေါ့နော်ရိုင်းတယ်ထင်လဲမတတ်နိုင်ပါဘူးရှင် ခန္ဒီပါရမီပြည့်နေရအောင်လဲ ဘုရားလဲမဟုတ်ဘူးဒီလိုသူတစ်ပါးမိဘကိုစော်ကားတဲ့သူတွေအတွက်ဝဋ်ဆိုတာနောင်ဘဝမကူးပါဘူး အဲ့လိုရေးတဲ့လူတွေကတော်လှန်ရေးစိတ်ပြင်းထန်နေတာမဟုတ်ဘူး မစ္ဆရိယစိတ်ပြင်းထန်နေတဲ့လူတွေပဲနိုင်ငံရေးအကြောင်းပြပြီး အငုံ့စိတ်ကိုအာသာဖြေတဲ့အနေနဲ့ ရေးနေတာ
အောက်ဆုံးကကောမန့်ပုံကိုကြည့်ပါတော်တော်စိတ်အခြေအနေဆိုးလို့သာ ဒီလိုမျိုးရေးနိုင်တာလေ (ဒါတောင်ကျန်သေးတယ် တခြားမန့်တွေမတင်တာ)ဒါကြောင့်လဲအမေစုကပြောခဲ့တာ မစ္ဆရိယစိတ်အခြေခံတဲ့သူတွေဟာကိုယ့်ကိုယ်ကိုအပေါ်တက်ဖို့ကြိုးစားရမယ့်အစားသူတစ်ပါးကျဖို့ကိုဘလိုဆွဲချရမလဲပဲတွေးကြတာလို့” ဆိုပြီး သူမရဲ့လူမှုကွန်ယင်စာမျက်နှာနေ ခံပြင်းစွာနဲ့ရေးသားလာခဲ့တာပဲဖြစ်ပါတယ်.။ဘယ်သူမဆိုကိုယ့်မိဘကို ထိပါးလာရင်တော့ အိ်မ့်ချစ်လိုပဲပြန်လည်တုန့်ပြန်ကြမယ်လို့ထင်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။
Source ;Eint Chit Facebook Acc
Credit ; Celebrity Platforms
Zawgyi ဖြင့်ဖတ်ပါ
★★★★★