ညီညီအောင်ထက်နိုင် အသက်ပေးသွားခဲ့ရတဲ့ ကျောင်းလေးမှာ ကျောင်းသား၊ကျောင်းသူဦးရေ (၈၀)ရာခိုင်နှုန်း ကျောင်းမတက်ကြတဲ့မြင်ကွင်း

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဇြန္လ(၁)ရက္ေန႔ကေတာ့ တစ္ႏိုင္ငံလုံးကေက်ာင္းေတြဖြင့္လွစ္လိုက္တဲ့ေန႔ပဲျဖစ္ပါတယ္။လက္ရွိအေျခအေနေၾကာင့္ ဒီေန႔မွာ ေက်ာင္းမတက္ႏိုင္ဘဲ အသက္ဆုံးပါးသြားရတဲ့ ကေလးငယ္ေတြလည္းရွိတဲ့အျပင္ တခ်ိဳ႕ေက်ာင္းသားေလးေတြလည္း ဖမ္းဆီးခံထားရဆဲျဖစ္ပါတယ္။

အရင္ႏွစ္ေတြတုန္းကဆိုရင္ ဇြန္လ (၁)ရက္ေန႔မွာေက်ာင္းသား၊ေက်ာင္းသူေလးေတြ အျဖဴ၊အစိမ္းဝတ္ၿပီး ေက်ာင္းကိုေပ်ာ္႐ႊင္စြာ သြားတက္ၾကတဲ့ျမင္ကြင္းေလးေတြကိုေတြ႕ရပါတယ္။

၂၀၂၁ ခုႏွစ္ရဲ႕ ဇြန္လ (၁) ရက္ေန႔မွာေတာ့ တစ္ႏိုင္ငံလုံးကေက်ာင္းေတြမွာ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ား မတက္ေရာက္ၾကတာျဖစ္ပါတယ္။

ျပည္သူလူထုကေတာ့ အခုအေျခအေနမွာ ေက်ာင္းမတက္ၾကတဲ့ကေလးေတြကို ေက်းဇူးတင္ေနၾကၿပီး မိဘေတြကိုလည္း ေလးစားဦးၫႊတ္ေနၾကတာျဖစ္ပါတယ္။ေဖေဖာ္ဝါရီလ (၂၈)ရက္ေန႔ကဆိုရင္ ကိုညီညီေအာင္ထက္ႏိုင္က ကမာ႐ြတ္ၿမိဳ႕နယ္၊လွည္းတန္းအမွတ္ (၅) အေျခခံပညာအထက္တန္းေက်ာင္းေရွ႕မွာ က်ည္ထိမွန္ၿပီး ဝမ္းဗိုက္ပြင့္ထြက္ဒဏ္ရာနဲ႔  က်ဆုံးသြားခဲ့တာျဖစ္ပါတယ္။ညီညီက်ဆုံးသြားတဲ့အျဖစ္အပ်က္ေလးကို ဒီေန႔အခ်ိန္ထိတိုင္ျပည္သူလူထုက ေအာက္ေမ့သတိရေနၾကဆဲျဖစ္ၿပီး ေကာင္းမႉကုသိုလ္ေတြလည္း လုပ္ေပးၾကတာျဖစ္ပါတယ္။

ကိုညီညီက်ဆုံးခဲ့တဲ့ ေက်ာင္းေလးမွာေတာ့ ဒီေန႔မွာ ေက်ာင္းမတက္ၾကတဲ့ ေက်ာင္းသား၊ေက်ာင္းသူဦးေရ (၈၀)ရာခိုင္းႏႈန္းရွိတယ္လို႔ သိရပါတယ္။

ညီညီ အသက္ေပးသြားရတာ (၃) လေက်ာ္ပဲရွိေသးတာေၾကာင့္ မိဘေတြလည္းကေလးေတြကို ဘယ္လိုစိတ္နဲ႔မွ ေက်ာင္းမလႊတ္ႏိုင္ၾကေသးတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္လည္း ကမာ႐ြတ္ၿမိဳ႕နယ္၊လွည္းတန္း အမွတ္ (၅) အေျခခံပညာအထက္တန္းေက်ာင္းမွာ ယေန႔ ေက်ာင္းမတက္ၾကတဲ့ ေက်ာင္းသား၊ေက်ာင္းသူ (၈၀)ရာခိုင္ႏႈန္း ရွိတဲ့အေၾကာင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Credit

Unicode ဖြင့်ဖတ်ပါ
★★★★★

ဇွန်လ(၁)ရက်နေ့ကတော့ တစ်နိုင်ငံလုံးကကျောင်းတွေဖွင့်လှစ်လိုက်တဲ့နေ့ပဲဖြစ်ပါတယ်။လက်ရှိအခြေအနေကြောင့် ဒီနေ့မှာ ကျောင်းမတက်နိုင်ဘဲ အသက်ဆုံးပါးသွားရတဲ့ ကလေးငယ်တွေလည်းရှိတဲ့အပြင် တချို့ကျောင်းသားလေးတွေလည်း ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

အရင်နှစ်တွေတုန်းကဆိုရင် ဇွန်လ (၁)ရက်နေ့မှာကျောင်းသား၊ကျောင်းသူလေးတွေ အဖြူ၊အစိမ်းဝတ်ပြီး ကျောင်းကိုပျော်ရွှင်စွာ သွားတက်ကြတဲ့မြင်ကွင်းလေးတွေကိုတွေ့ရပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ ဇွန်လ (၁) ရက်နေ့မှာတော့ တစ်နိုင်ငံလုံးကကျောင်းတွေမှာ ကျောင်းသားတော်တော်များများ မတက်ရောက်ကြတာဖြစ်ပါတယ်။

ပြည်သူလူထုကတော့ အခုအခြေအနေမှာ ကျောင်းမတက်ကြတဲ့ကလေးတွေကို ကျေးဇူးတင်နေကြပြီး မိဘတွေကိုလည်း လေးစားဦးညွှတ်နေကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ (၂၈)ရက်နေ့ကဆိုရင် ကိုညီညီအောင်ထက်နိုင်က ကမာရွတ်မြို့နယ်၊လှည်းတန်းအမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ ကျည်ထိမှန်ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာနဲ့  ကျဆုံးသွားခဲ့တာဖြစ်ပါတယ်။ညီညီကျဆုံးသွားတဲ့အဖြစ်အပျက်လေးကို ဒီနေ့အချိန်ထိတိုင်ပြည်သူလူထုက အောက်မေ့သတိရနေကြဆဲဖြစ်ပြီး ကောင်းမှူကုသိုလ်တွေလည်း လုပ်ပေးကြတာဖြစ်ပါတယ်။

ကိုညီညီကျဆုံးခဲ့တဲ့ ကျောင်းလေးမှာတော့ ဒီနေ့မှာ ကျောင်းမတက်ကြတဲ့ ကျောင်းသား၊ကျောင်းသူဦးရေ (၈၀)ရာခိုင်းနှုန်းရှိတယ်လို့ သိရပါတယ်။

ညီညီ အသက်ပေးသွားရတာ (၃) လကျော်ပဲရှိသေးတာကြောင့် မိဘတွေလည်းကလေးတွေကို ဘယ်လိုစိတ်နဲ့မှ ကျောင်းမလွှတ်နိုင်ကြသေးတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ကမာရွတ်မြို့နယ်၊လှည်းတန်း အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှာ ယနေ့ ကျောင်းမတက်ကြတဲ့ ကျောင်းသား၊ကျောင်းသူ (၈၀)ရာခိုင်နှုန်း ရှိတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit