သူ့ကို နာမည်ကြီးတပ်ပြီး ဒလန်ပါလို့ ခပ်တည်တည် စွပ်စွဲနေကြသူတွေကို ပရဟိတအလုပ်နဲ့ပတ်သက်ပြီး ဘယ်လို အစစ်ဆေးတွေနဲ့ရင်ဆိုင်ပြီး ခက်ခက်ခဲခဲ လှူဒါန်းပေးခဲ့ရလဲဆိုတာပြောပြလာတဲ့ထူးအယ်လင်း

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★










crd :MM Load

Unicode ဖြင့်ဖတ်ပါ
★★★★★

သူ့ကို နာမည်ကြီးတပ်ပြီး ဒလန်ပါလို့ ခပ်တည်တည် စွပ်စွဲနေကြသူတွေကို ပရဟိတအလုပ်နဲ့ပတ်သက်ပြီး ဘယ်လို အစစ်ဆေးတွေနဲ့ရင်ဆိုင်ပြီး ခက်ခက်ခဲခဲ လှူဒါန်းပေးခဲ့ရလဲဆိုတာပြောပြလာတဲ့ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းကတော့ လတ်တလောမှာ ပရဟိတလုပ်ငန်းတွေကို အင်တိုက် အားတိုက်ကြိုးစားပမ်းစား လုပ်ကိုင် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်နေကြရတဲ့ တိုင်းရင်းသားပြည်သူညီအစ်ကို မောင်နှမများ လိုအပ်နေသော အရာများကိုလည်း တတ်နိုင်သလောက် လှူဒါန်းမှုတွေ ထောက်ပံ့ကူညီနေတာလည်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေများကြောင့် စစ်ဘေးရှောင်မိသားစုတွေကို လူမသိ သူမသိလှူဒါန်းနေရပြီး ထူးအယ်လင်းကတော့ လူမှုကွန်ယက်တွင် ပေါ်ပေါ်ထင်ထင် ပြောကြားပြီး လှူနေတဲ့အတွက် တစ်ချို့လူတွေက ဒလန်လို့ ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ထူးအယ်လင်းရဲ့ Facebook အကောင့်တွင် အရာရာတိုင်း မှန်ကန်စွာလုပ်ကိုင်နေတဲ့ သူ့ရဲ့ စိတ်ရင်းအမှန်တွေကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။ သူကတော့ စားသောက်ကုန် ပစ္စည်းတွေနဲ့ အိမ်သုံး ဆေးဝါးများကို စစ်ဘေးရှောင်မိသားစုတွေကို လှူဒါန်းဖို့အတွက် ခဲရာခဲစစ် စုစည်း အလှူခံ ထားရတာ ဖြစ်ပါတယ်။ လှူဖို့သွားတဲ့ လမ်းတစ်လျှောက်မှာလည်း စစ်ဆေးမေးမြန်းသမျှကို စိတ်ရှည်သည်းခံကာ မေးမြန်းသမျှကို ဖြေပြီးမှသာ အကူညီလိုအပ်နေတဲ့ သူများဆီကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို ချီးမွမ်းခံချင်လို့ လုပ်နေတာ မဟုတ်တဲ့အကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

” ကျွန်တော် စစ်ဘေးရှောင်တွေအတွက် လှူဖို့ ဆန်အိတ် ၁၀၀ ,တစ်အိတ်ကို ၅၅ ပိသာရှိပြီး လူအယောက် ၁၀၀ ကိုတစ်လစာ စားသုံးနိုင်တဲ့ အကောင်းစားမျှင် ငါးပိအိတ် ၂၅ လုံး,ငါးသေတ္တာဗူး အလုံး ၃၅၀,၅၀၀ ခန့် ၊ ခေါင်းကိုက်ဖျားနာ အကိုက်အခဲ ထိခိုက်ရှနာအတွက် အိမ်သုံးဆေးဝါး လူ ၇၀၀ စာ,ဝမ်းလျော ဝမ်းပျက်အတွက် ဆေးနှင့်ဓာတ်ဆား လူကြီးနှင့်ကလေးငယ်တွေအတွက် လူအယောက် ၃၀၀ စာ ,ပုဇွန်ခြောက် ငံပြာရည်ချက် ၁၀ ပုံး(တစ်ပုံးကို လူတစ်ရာ့ငါးဆယ်စားသုံးနိုင်တယ်)ဒါတွေကို ကျွန်တော်တို့ စစ်ဘေးရှောင်တွေအတွက် လှူဖို့ ခဲရာခဲစစ်ကျွန်တော်အလှူခံ စုစည်းထားရတယ်။

ခရီးမှာ သယ်ယူသွားတော့လည်း ကျွန်တော် သွားလှူကူညီဖို့အတွက် ယူလာတာပါပြောတော့လည်း အကြီးကြီး အစစ်အဆေးခံရတယ်(စိတ်ကိုအအေးချမ်းဆုံးထား စိတ်အရှည်ဆုံးထား ငါသည်းခံတာ ငါ့အတွက်မဟုတ်ဘူး ဒုက္ခအကြပ်အတည်းဖြစ်နေသူတွေအတွက်) ဒီလို စိတ်ကို ထားတတ် နေတတ်နိုင်ပြီးမှ အကူအညီလိုသူတွေစီရောက်တယ်။ ကြိုက်သလိုစစ် အမှန်အတိုင်းပြောတယ် လှူဖို့ပစ္စည်းတွေပါလို့,ဘယ်ကလာတယ် ဘယ်ကိုသွားလှူမယ် ပေါ်တင်ပြောသွားတယ် ,စစ်ဆေးရေးဂိတ်က အဲ့ဒီကို သွားလို့ မရဘူးဆိုရင် မသွားဘူး ရောက်နိုင်သလောက်သွားပြီး ရအောင်လှူတယ်။

ထင်သလောက်မလွယ်ပါဘူး တကယ်တမ်းလက်တွေ့မှာ။ပြောချင်တာက ကိုယ်တွေမှာ လူလိုတွေးပြီး လူလိုကိုယ်ချင်းစာလို့ လူလို ကူညီတာ .. ဒါကို လူတွေပဲသိမယ်။ ငါ မပင်ပန်းဘူး ငါ မညည်းတတ်ဘူး ငါ့ကူညီခြင်းမင်္ဂလာကို မီးတော့ မရှို့ပါနဲ့ ။ ငါ ချီးမွမ်းခံချင်လို့ လုပ်နေတာမဟုတ်သလို ပရဟိတရေစီးထဲမျောလိုက်နေတဲ့ကောင်လည်းမဟုတ်ပါဘူး… ငါ့ အတ္တကို သဒ္ဓါဘက်ပြောင်း စိတ် စေတနာထည့်ပြီး ငါ့ ခန္ဓာကို မောင်းနှင်နေတာပါ။ ငါ့မှာ ထူးအယ်လင်းဆိုတဲ့ အမည်ကြောင့် ငါ့ကိုအားပေးချစ်ခင်တဲ့ လူတိုင်းကို ဓာတ်ပုံအရိုက်ခံတယ် ။

လူတိုင်း(လူတိုင်းဆိုတာ အလွှာစုံကိုဆိုလိုပါတယ်) ဆိုတော့ ထူးအယ်လင်းဆိုတာ တော်တော်များများသိကြပါတယ်…ဒါကြောင့် နေရာအနှံ့ သွားလို့ အဆင်ပြေတယ်…ငါသာ မမှန်ခဲ့ရင်မည်သူမဆို ငါ့ကိုဘယ်နေရာမှာမှ လက်ခံမှာမဟုတ်ဘူး။ ဒါပါပဲ မကူညီချင်နေပါ မနှောင့်ယှတ်ပါနဲ့။ ငါ အရှေ့မှာရေးပြထားတဲ့ရိက္ခာပစ္စည်းတွေကို နောက်တစ်ခေါက် သွားကူဖို့ ကြိုထပ်စုထားတာပါ။မိတ်ဆွေ မင်း အား ယားနေရင် ငါနဲ့လိုက်ခဲ့ပါ ငါတို့ ဘယ်လို သွားရ ပြောဆိုရ နှိမ့်ချရသလဲဆိုတာ မင်း သိလာမယ်။

စစ်ဘေးရှောင်တွေကိုဒုက္ခရောက်စေချင်လို့များလား ငါ့ လဒန် အမည်တပ် စွပ်စွဲတဲ့ ဒလန်တွေရယ်

” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထူးအယ်လင်းရဲ့ မွန်မြတ်လှတဲ့ ကူညီထောက်ပံ့မှုတွေအတွက် ချီးကျူး လေးစားနေကြတာ ဖြစ်ပါတယ်။ အချင်းချင်း အငြင်းပွားစေမယ့် စကားတွေ မပြောကြဘဲ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကူညီဆောင်ရွက်မှသာ အားလုံးအတွက် အဆင်ပြေနိုင်ကြမှာ ဖြစ်ပါတယ်။ ထူးအယ်လင်းတစ်ယောက် ပရဟိတ အလုပ်တွေကို ဒီ့ထက်မက လုပ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Htoo El Lynn’s Facebook Account
crd :MM Load