အော်ဂန်းနစ်ဆန်ရောင်းချငွေကို လိုအပ်တဲ့နေရာတွေနဲ့ သက်ကြီးအနုပညာရှင်တွေကို လှူဒါန်းမယ့် နေဒွေး

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင်နေဒွေးကတော့ အနုပညာလှုပ်ရှားမှုတွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။နေဒွေးဟာ ဆိုရင် ဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးလာတာ ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ ရရှိထားတဲ့ မင်းသားတစ်လက် ပဲဖြစ်ပါတယ်နော်….။မိဘကို လုပ်ကိုင် ကျွေးမွေးနေတဲ့ သားလိမ္မာလေး ဖြစ်တာကြောင့် ဘယ်အလုပ် အကိုင်မဆို အောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းကို ကိုယ်တိုင်ဦး စီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန် ခက်ခဲကာလတစ်ခါမှာတော့ သရုပ်ဆောင်နေဒွေးတစ်ယောက် သူတတ်နိုင်သလောက် လှူဒါန်းမှု တစ်ခုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။လှူဒါန်းမယ့် အစီအစဥ်အသေးစိတ်လေးကို ယခုလို ပြောပြာလာခဲ့ပါတယ်။

” ဒီလထဲမှာ ကျွန်တော်ရဲ့ အနုပညာအသိုင်းအဝိုင်းထဲက ချို့တဲ့လူကြမ်းများ စက်အဖွဲ့သားများ နှင့် ချို့တဲ့သက်ကြီးရွယ်အိုဘိုးဘွားရိပ်သာများ နှင့် စားဝတ်နေရေးခက်ခဲနေသော သက်ကြီးရွယ်အိုများပါရှိသော သီလရှင်ကျောင်းများ ကိုလှုဒါန်းဖို့အတွက် အခုလာမည့်တနင်္ဂနွေနေ့တွင် ကျွန်တော်ရဲ့ JITTOO အော်ဂန်းနစ်စူပါဆန်များကို အိတ် ၃၀ Live လွှင့်ရောင်းချပါ့မယ်ဗျ အဲ့အိတ် ၃၀ ရောင်းရငွေအကုန်လုံး နှင့် စုပေါင်းအလှုရှင် များပူပေါင်းပြီး လှုဒါန်းသွားပါမည်ခင်ဗျ

Live လွှင့်ရောင်းချမည့် တနင်္ဂနွေနေ့တွင် အထူးနှုန်းဖြင့်ရောင်းချပေးသွားပါမည်အဲ့ရောင်းရငွေ အိတ် ၃၀လုံးကိုလည်း အလှုများအတွက်ပဲအသုံးပြုသွားမည်ဖြစ်ပါတယ်ခင်ဗျ ကျွန်တော်ရဲ့ JITTOO အော်ဂန်းနစ်စူပါဆန် နှင့် ရွှေဆန် များကို စတင်ရောင်းချသည့်နေ့က စပြီးယနေ့အချိန်ထိ တခဲနက်အားပေးနေတဲ့ ချစ်သောလူကြီးမင်းများအားလုံးကျေးဇူးတင်ရှိပါသည်ခင်ဗျ လတ်တလော တွင် ကျွန်တော် သုံးစွဲနေသောငွေကြေးများ နှင့် အလှုများ ဟာာ သည်ဆန်ရောင်းရငွေများဖြစ်နေသောကြောင့် အားပေးကြတဲ့ထမင်းရှင်များ ကိုည တိုင်းမေတ္တာပို့ဆုတောင်းလျှက်”

R Kar Moe – YaungChi

Source : Nay Dway

Zawgyi ဖြင့်ဖတ်ပါ
★★★★★





R Kar Moe – YaungChi

Source : Nay Dway