မေသစ္စာမောင် ကွယ်လွန်သွားရတဲ့ နောက်ကွယ်က အဖြစ်အပျက် အမှန်တွေကြောင့် ဖြေမဆည်နိုင်အောင် ဝမ်းနည်း စိတ်မကောင်းဖြစ်နေရတဲ့ ဆောင်းဝတ်ရည်မေ

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Unicode ဖြင့်ဖတ်ပါ
★★★★★

LGBT မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ အလှမယ် မေသစ္စာမောင် ကတော့ ဇွန်လ (၇) ရက်နေ့ ည (၉)နာရီ ဝန်းကျင်လောက်က ကား Accident ဖြစ်ပြီး ကွယ်လွန်သွားခဲ့ကြောင်း စိတ်မကောင်းစွာ သိရပါတယ်။မောင်သစ္စာမောင် ကတော့ သူမအပြင်ထွက်နေတဲ့အချိန် အိမ်မှာ မွေးထားတဲ့ခွေးမလေး ကလေးမွေးနေပြီဆိုပြီး ရရာ Taxi ကို တောင်းပန်ပြီးဌါးကာ အပြန်မီးပွိုင့်မိနေတုန်းမှာ တစ်ဖက်လမ်းကြော ကလာတဲ့ အိမ်စီးကားဟာ သူမဘက်အခြမ်းကို ဖြတ်တိုက်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်..။

အရှိန်ပြင်းလွန်းတဲ့ ယာဉ်တိုက်မှုကြောင့် ကားက ရစရာမရှိအောက် ကြေမွပျက်စီးသွားခဲ့ရပြီး ကံဆိုးရှာလွန်းတဲ့ သူမလည်း ကွယ်လွန်ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်..။Miss International Queen 2020 ဖြစ်သလို အနုပညာ လောကမှာ အောင်မြင်နေမှုတွေရရှိထားကာ ငယ်ရွယ်ပြီး ထင်ရှားသူဖြစ်တဲ့ သူမကွယ်လွန်သွားခြင်းအတွက် မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေအပြင် အားလုံးက ဝမ်းနည်း စိတ်မကောင်းဖြစ်နေကြတာလည်း ဖြစ်ပါတယ်..။“ကြားရတဲ့သတင်းကြီးက မယုံနိုင်ဘူးကွယ် ယုံလည်းမယုံချင်ဘူး။ နှမြောဖို့ကောင်းလွန်းပါတယ်။ လူချင်းတော့ အရမ်းမရင်းနှီးပေမယ့် .. သတင်းကြားကြားချင်း ရင်ထဲမကောင်းဘူး.. ယုံလည်းမယုံဘူး။

ကံတရားက အပြစ်မရှိတဲ့ လူကောင်းတွေကိုပဲ ဘာလို့ ရွေးခေါ်နေရတာလည်းကွယ် အရမ်းစောလွန်း လှပါတယ်ညီမလေး မေသစ္စာရယ်။Rest In Peace ပါညီမရယ်..” ဆိုပြီးတော့လည်း ဆောင်းဝတ်ရည်မေက စိတ်မကောင်းစွာ ရေးသားပြောပြထားပါသေးတယ်..။ရုတ်တရက်ကြီး ကွယ်လွန် ဆုံးပါးသွားတဲ့ မေသစ္စာမောင်ရဲ့ နာရေး သတင်းကြောင့် ပရိသတ်တွေကလည်း မယုံနိုင်အောင် ဝမ်းနည်းစိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်..။

crd

Zawgyi ဖြင့်ဖတ်ပါ
★★★★★




crd