ဥပဒေကနေလွတ်မြောက်နေတဲ့ မတရားစော်ကားနေတဲ့ ရာဇဝတ်သားတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ ပြောလာတဲ့ ဒေါင်း
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Unicode ဖြင့်ဖတ်ပါ
★★★★★
မင်းသားချော ဒေါင်းကတော့ ဖေဖော်ဝါရီလ (1) နေ့ ကတည်းက စတင် ဖြစ်ပွား ခဲ့တဲ့ အရေးတော်ပုံ ကြီးမှာ ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ရပ်တည် ပါဝင်နေ သူပဲ ဖြစ်ပါတယ်..။ ( ၅၀၅) က ဖြင့် အရေးယူ ခြင်းခံ ထားရတဲ့ ဒေါင်း ကတော့ လက်ရှိ မှာလည်း တတ်နိုင် သလောက် လှုပ်ရှားမှု့ တွေ ပြုလုပ်နေပြီး NUG ရဲ့ TV Channel မှာ အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ဆောင်နေ သူလည်း ဖြစ်ပါတယ်..။
ဒေါင်း ကတော့ ဒီက နေ့မှာလည်း လိင်အကြမ်းဖက်မှု့ တွေ နဲ့ မုဒိမ်း စစ်တပ် အမြစ် ဖြတ်စေဖို့ ပြည်သူ အားလုံး ပါဝင်ကြဖို့ ထိထိ မိမိ တိုက်တွန်း ပြောပြ လိုက်ပြန်ပါတယ်..။မြန်မာပြည် အတွင်း ဖက်စစ် စစ်တပ်ရဲ့ လိင် အခြေပြု အကြမ်းဖက်မှု့ တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့ ပေမယ့် အရေးယူခြင်းမခံရဘဲ တရား စီရင်ရေး မှ လွတ်မြာက်နေ တာကြောင့် နိုင်ငံတကာက ထိရောက် စွာ အရေးယူနိုင် ဖို့ တောင်းဆို မှု့ မှာ ပြည်သူတွေ ကို ပါဝင်ကြဖို့ တိုက်တွန်းထားတာပါ..။
“လိင် အကြမ်းဖက် ချက်ချင်းရပ်၊ မုဒိမ်း စစ်တပ် အမြစ်ဖြတ်””မြန်မာပြည် အတွင်း ဖက်စစ် စစ်တပ်၏ လိင်အခြေ ပြု အကြမ်းဖက်မှု့ များအား လွန်ခဲ့သော နှစ်ပေါင်းများ စွာကပင် ကျူးလွန် ခဲ့သော်လည်း ၎င်းတို့ သည် တရား စီရင်ရေး မှ နှစ်ပေါင်း များစွာ လွတ်မြောက် နေသည်။ ဤကဲ့ သို့ ကျူးလွန် နေမှု များအား နိုင်ငံတကာ မှ သိရှိပြီး အဆိုပါ လိင် ရာဇဝတ်သား များအား ထိရောက်စွာ အရေးယူနိုင်ရန် တောင်းဆိုမှု့ ၌ သင်ကိုယ်တိုင် ပါဝင်လိုက်ပါ။”
“End Sexual Violence, Stop Rapist Army”“Members of Tatmadaw have been perpetrating sexual violence for years and those responsible are yet to be brought to justice. Join with us to bring global attention to this gross violence against our women and girls and call for the swift persecution of these criminals.” ဆိုပြီး ဒေါင်းက အသိပေး ရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။အကြမ်းဖက်မှု့ တွေနဲ့ အတူ အမျိုးသမီးတွေ အပေါ် ရက်စက် ဆိုးရွားလွန်း လှတဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု့ တွေပ ပျောက်ဖို့ ပြည်သူ အားလုံး တတ်နိုင် သလောက် ပါဝင်တိုက်ထုတ်ကြဖို့ တိုက်တွန်း ကြရ အောင်နော်..။
credit: DAUNG
Zawgyi ဖြင့်ဖတ်ပါ
★★★★★
credit: DAUNG