“သံဃာကို မစော်ကားသင့်ဘူး”လို့ ပြောကြသူတွေကို မင်းမော်ကွန်း မေးခွန်းထုတ်😮😮😮

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာသရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲ။မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ။

မင်းမော်ကွန်းတစ်ယောက်ကတော့ မနေ့က စစ်ကေူင်စီလေယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီးပျံလွန်တော်မူခဲ့တဲ့ ဈေးကုန်းဆရာတော်ကြီးကို မစော်ကားသင့်ဘူး အပြစ်မတင်ရဘူး ပြောနေကြတဲ့လူတစ်ချို့နဲ့ပက်သက်ပြီး ယခုလို မေးခွန်းထုတ်လာခဲ့ပါတယ်။

“မနေ့က ဈေးကုန်းဆရာတော်ပျံလွန်တဲ့ကိစ္စနဲ့ပါတ်သက်ပြီးကောင်းခြင်းဆိုးခြင်းဘာတစ်ခုမှမဝေဖန်လိုပါ.. လူတစ်ချို့ရဲ့ကိစ္စကိုပဲပြောချင်တာဖြစ်ပါတယ်ဈေးကုန်းဆရာတော်ကြီးပျံလွန်တော်မူမှထပြီး သံဃာတော်တွေကိုမပြစ်မှား မစော်ကားသင့်ပါဆိုတဲ့… နိဗ္ဗာန်ကိုချက်ခြင်းမျက်မှောက်ပြုသွားကြသူ .. သူတော်စင သူတော်ကောင်းကြီးများကိုပဲ နည်းနည်းလောက်မေးကြည့်ချင်တာပါ။

ခင်များတို့က သံဃာကိုမစော်ကားသင့်ဘူး .. မပြစ်မှားသင့်ဘူးလို့ ယုံကြည်တယ်ဆိုရင် … စကစ တွေက ရဟန်းသံဃာတော်တွေကို ဖမ်းဆီးရိုက်နှက်ခဲ့တုန်းက
ညှင်းဆဲသတ်ဖြတ်ခဲ့ကြတုန်းက ဘာလို့ငြိမ်နေကြသလဲ … မိုးကုတ်ရေပူဆရာတော်ကြီးကို ထောင်သုံးနှစ်ချခဲ့တုန်းက .. ပဲခူးအောင်ရတနာကျောင်းတိုက်ဆရာတော်
ရိုက်နှက်စစ်ဆေးခံရရင်းပျံလွန်ခဲ့တုန်းက… မိုးမောက်မှာ ဆရာတော်ဦးကသေလ .. လက်နက်ကြီးထိလို့ပျံလွန်တုန်းက ဘာလို့အသံမထွက်ခဲ့ကြသလဲ … မန်းလေးမစိုးရိမ်တိုက်ကသံဃာတွေပရိတ်ရွတ်လို့ စစ်တပ်ကဘုန်းကြီးကျောင်းထဲထိဝင်ပြီး ဆဲဆိုအကြမ်းဖက်ခြိမ်းခြောက်ပစ်ခတ်ခဲ့တာ ရက်ပိုင်းပဲရှိသေးဗျာ

အဲ့ဒီတုန်းက ခင်များတို့ ဝစီပိတ်ကျင့်နေကြသလား … ဒါတွေကိုကျသံဃာမဟုတ်ဘူးထင်လို့လား .. ဒါမှမဟုတ်ကိုယ်ကိုးကွယ်တဲ့ဘုန်းကြီးမဟုတ်လို့ တခြားဘုန်းကြီးဘာဖြစ်ဖြစ်ဆိုပြီး သံဃာတော်တွေကိုခွဲခြားခဲ့တာလား

ဒါမှမဟုတ် စစ်တပ်ကတော့ သံဃာတွေကိုနှိပ်စက်သတ်ဖြတ် စော်ကားပြစ်မှားခွင့်ရှိတယ်ဆိုပြီး သတ်မှတ်ထားခဲ့ကြသလား … ဖြေပါ မဟာ့မဟာသာသနာပြုအရိယာသူတော်စင်တို့” … ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်စာမျက်နာမှာ ရေးသားထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။လတ်တလော လူမှုကွန်ယက်ပေါ်မှာလည်း လေယာဉ်ပျက်ကျတဲ့ သတင်းဟာအတော်လေးကို နာမည်ကြီးနေတာ ဖြစ်ပြီး ယခု ဒီပို့စ်အောက်မှာလည်း အခုလို အမှန်တရားတွေကိုချက်ကျလက်ကျပြောရဲတဲ့ မင်းမော်ကွန်းရဲ့ သတ္တိရှိမှုကို လေးစားနေကြကြောင်း မှတ်ချက်ပြုရေးသားနေကြပါတယ်။ ပရိသတ်တွေအားလုံးလည်း သိရှိနိုင်စေရန် ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

R Kar Moe – YaungChi

Source -Kyaw Kyaw Htay Lwin’s Facebook Account

Zawgyi ျဖင့္ဖတ္ပါ
★★★★★

လတ္တေလာ ျမန္မာႏိုင္ငံရဲ႕ ဒီမီုကေရစီအေရးမွာ အမွန္တရားကို လိုလားၾကတဲ့ ျပည္သူေတြနဲ႔အတူ အႏုပညာရွင္မ်ားစြာကလည္း ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။ ဒီလို ျပည္သူေတြနဲ႔အတူ တစ္သားတည္း ပါဝင္လႈပ္ရွားတဲ့ အႏုပညာရွင္ေတြထဲမွာသ႐ုပ္ေဆာင္ မင္းေမာ္ကြန္းလည္း အပါအဝင္ပါပဲ။မင္းေမာ္ကြန္းက လူထုလႈပ္ရွားမႈေတြမွာ ေအာင္ျမင္မႈေတြကို ေဘးခ်ိတ္ၿပီး လူငယ္ေတြရဲ႕အနာဂတ္အိမ္မက္ေတြ မေပ်ာက္ေအာင္ တာဝန္သိ ျပည္သူတစ္ေယာက္အနဲ႔ စိတ္အားထက္သန္စြာ ပါဝင္ခဲ့တဲ့အႏုပညာရွင္တစ္ေယာက္ပါ။

မင္းေမာ္ကြန္းတစ္ေယာက္ကေတာ့ မေန႔က စစ္ေကူင္စီေလယာဥ္ပ်က္က်မႈမွာ ပါဝင္ၿပီးပ်ံလြန္ေတာ္မူခဲ့တဲ့ ေဈးကုန္းဆရာေတာ္ႀကီးကို မေစာ္ကားသင့္ဘူး အျပစ္မတင္ရဘူး ေျပာေနၾကတဲ့လူတစ္ခ်ိဳ႕နဲ႔ပက္သက္ၿပီး ယခုလို ေမးခြန္းထုတ္လာခဲ့ပါတယ္။

“မေန႔က ေဈးကုန္းဆရာေတာ္ပ်ံလြန္တဲ့ကိစၥနဲ႔ပါတ္သက္ၿပီးေကာင္းျခင္းဆိုးျခင္းဘာတစ္ခုမွမေဝဖန္လိုပါ.. လူတစ္ခ်ိဳ႕ရဲ႕ကိစၥကိုပဲေျပာခ်င္တာျဖစ္ပါတယ္ေဈးကုန္းဆရာေတာ္ႀကီးပ်ံလြန္ေတာ္မူမွထၿပီး သံဃာေတာ္ေတြကိုမျပစ္မွား မေစာ္ကားသင့္ပါဆိုတဲ့… နိဗၺာန္ကိုခ်က္ျခင္းမ်က္ေမွာက္ျပဳသြားၾကသူ .. သူေတာ္စင သူေတာ္ေကာင္းႀကီးမ်ားကိုပဲ နည္းနည္းေလာက္ေမးၾကည့္ခ်င္တာပါ။

ခင္မ်ားတို႔က သံဃာကိုမေစာ္ကားသင့္ဘူး .. မျပစ္မွားသင့္ဘူးလို႔ ယုံၾကည္တယ္ဆိုရင္ … စကစ ေတြက ရဟန္းသံဃာေတာ္ေတြကို ဖမ္းဆီး႐ိုက္ႏွက္ခဲ့တုန္းက
ညႇင္းဆဲသတ္ျဖတ္ခဲ့ၾကတုန္းက ဘာလို႔ၿငိမ္ေနၾကသလဲ … မိုးကုတ္ေရပူဆရာေတာ္ႀကီးကို ေထာင္သုံးႏွစ္ခ်ခဲ့တုန္းက .. ပဲခူးေအာင္ရတနာေက်ာင္းတိုက္ဆရာေတာ္
႐ိုက္ႏွက္စစ္ေဆးခံရရင္းပ်ံလြန္ခဲ့တုန္းက… မိုးေမာက္မွာ ဆရာေတာ္ဦးကေသလ .. လက္နက္ႀကီးထိလို႔ပ်ံလြန္တုန္းက ဘာလို႔အသံမထြက္ခဲ့ၾကသလဲ … မန္းေလးမစိုးရိမ္တိုက္ကသံဃာေတြပရိတ္႐ြတ္လို႔ စစ္တပ္ကဘုန္းႀကီးေက်ာင္းထဲထိဝင္ၿပီး ဆဲဆိုအၾကမ္းဖက္ၿခိမ္းေျခာက္ပစ္ခတ္ခဲ့တာ ရက္ပိုင္းပဲရွိေသးဗ်ာ

အဲ့ဒီတုန္းက ခင္မ်ားတို႔ ဝစီပိတ္က်င့္ေနၾကသလား … ဒါေတြကိုက်သံဃာမဟုတ္ဘူးထင္လို႔လား .. ဒါမွမဟုတ္ကိုယ္ကိုးကြယ္တဲ့ဘုန္းႀကီးမဟုတ္လို႔ တျခားဘုန္းႀကီးဘာျဖစ္ျဖစ္ဆိုၿပီး သံဃာေတာ္ေတြကိုခြဲျခားခဲ့တာလား

ဒါမွမဟုတ္ စစ္တပ္ကေတာ့ သံဃာေတြကိုႏွိပ္စက္သတ္ျဖတ္ ေစာ္ကားျပစ္မွားခြင့္ရွိတယ္ဆိုၿပီး သတ္မွတ္ထားခဲ့ၾကသလား … ေျဖပါ မဟာ့မဟာသာသနာျပဳအရိယာသူေတာ္စင္တို႔” … ဆိုၿပီး သူ႔ရဲ႕ေဖ့ဘြတ္စာမ်က္နာမွာ ေရးသားထားတာကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။လတ္တေလာ လူမႈကြန္ယက္ေပၚမွာလည္း ေလယာဥ္ပ်က္က်တဲ့ သတင္းဟာအေတာ္ေလးကို နာမည္ႀကီးေနတာ ျဖစ္ၿပီး ယခု ဒီပို႔စ္ေအာက္မွာလည္း အခုလို အမွန္တရားေတြကိုခ်က္က်လက္က်ေျပာရဲတဲ့ မင္းေမာ္ကြန္းရဲ႕ သတၱိရွိမႈကို ေလးစားေနၾကေၾကာင္း မွတ္ခ်က္ျပဳေရးသားေနၾကပါတယ္။ ပရိသတ္ေတြအားလုံးလည္း သိရွိႏိုင္ေစရန္ ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

R Kar Moe – YaungChi

Source -Kyaw Kyaw Htay Lwin’s Facebook Account