ရေမွန်ကိုယ်တိုင် သီဆိုဖို့ ခွင့်ပြုခဲ့တဲ့ “ဝမ်းနည်းတတ်တဲ့ ချစ်သူ” သီချင်းလေးကို Cover Song လေးပြန်ဆိုပြီး ပရိတ်သတ်တွေထံ မျှဝေပေးလာတဲ့ အုပ်စိုးခန့်

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★






..” ဆိုပြီး


Source : Oak Soe Khant

Unicode ဖြင့်ဖတ်ပါ
★★★★★

ရေမွန်ကိုယ်တိုင် သီဆိုဖို့ ခွင့်ပြုခဲ့တဲ့ “ဝမ်းနည်းတတ်တဲ့ ချစ်သူ” သီချင်းလေးကို Cover Song လေးပြန်ဆိုပြီး ပရိတ်သတ်တွေထံ မျှဝေပေးလာတဲ့ အုပ်စိုးခန့်..

အုပ်စိုးခန့်ကတော့ လူငယ်အကြိုက်အသည်းကွဲသီချင်းလေးတွေကို သီဆိုတတ်သူဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားလေးတစ်ပါးဖြစ်ပါတယ်နော်. အုပ်စိုးခန့်ကတော့ အနုပညာလောကမှာ အောင်မြင်လာတာမကြာသေးပေမဲ့ လူကြီးတွေနဲ့ရော လူငယ်တွေနဲ့ပါ ပေါင်းသင်းဆက်ဆံရေးပြေလည်သူဖြစ်တာကြောင့် အများရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေသူဖြစ်ပါတယ်။

Idiots အဖွဲ့ရဲ့ပင်တိုင်အဆိုတော် ရေမွန်ကတော့ အစာအိမ်သွေးကြောပေါက်ပြီး ဆုံးပါးကွယ်လွန်ကာ အားလုံးကိုခွဲခွာသွားခဲ့တာကြောင့် မိသားစုတွေနဲ့ ပရိသတ်တွေက ယူကြုံးမရဖြစ်ခဲ့ရပါတယ်..။အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပေမယ့် သူ့ရဲ့သီချင်းတွေနဲ့ အနုပညာတွေကတော့ ပရိသတ်တွေရင်ထဲ ထင်ကျန်ခဲ့ရသလို လူငယ်အဆိုတော်ဖြစ်တဲ့ အုပ်စိုးခန့်ကလည်း Cover Song ပြန်လည်သီဆိုခဲ့ပါတယ်..။

ပရိသတ်အားပေးမှုတွေကကို များစွာရရှိခဲ့ပြီး လူကြိုက်များလွန်းတဲ့ ရေမွန်ရဲ့ “ဝမ်းနည်းတတ်တဲ့ချစ်သူ” သီချင်းလေးကို Cover Song ပြန်လည်သီဆိုထားတာ ဖြစ်ပါတယ်..။ ငယ်ငယ်လေးကတည်းက ရေမွန်သီချင်းတွေကို အားပေးလာပြီး အရမ်းကြိုက်လွန်းလို့ Cover ပြန်ဆိုချင်ပေမယ့် Legend ကြီးမို့ ပြန်ဆိုရမှာ ကြောက်ခဲ့တဲ့အကြောင်းတွေအပြင်

နှစ်ယောက်သားစကားပြောခဲ့တဲ့ အမှတ်တရတွေကိုလည်း အုပ်စိုးခန့်က ပြောပြလာပါတယ်..။သီချင်းကို ဆိုဖို့ခွင့်ပြုခဲ့တဲ့အပြင် သူ့ကြောင့် သီချင်းပျက်သွားမှာ ကြောက်နေတဲ့ အုပ်စိုးခန့်ကို အားပေးပြီး ဆိုခိုင်းခဲ့တဲ့ အမှတ်တရစကားလေးတွေကလည်း ရေမွန်ရဲ့ စိတ်သဘောထားကောင်းတွေကို အတိုင်းသားမြင်တွေ့ကြရမှာပါနော်..။”ကျနော်ရင်ထဲမှာ ကိုRaymondဆိုတာဘယ်တော့မှမသေဘူး…. I hope you can see this video in heaven အကို

..” ဆိုပြီး

အုပ်စိုးခန့်က Cover Song သီချင်းလေးကို ဝေမျှထားတာ ဖြစ်ပါတယ်..။အကြွေစောလွန်းတဲ့ ရေမွန်ရဲ့သီချင်းကောင်းလေးကို ခံစားချက်တွေအပြည့်နဲ့သီဆိုထားတဲ့ အုပ်စိုးခန့်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်ကြီးလည်း ရေမွန့်ကိုအလွမ်းပြေအဖြစ် အားပေးနှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Source : Oak Soe Khant