* သွေးဝမ်းအတွက် ဂါးစက်(မြွေနိုင်ပင်)
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Zawgyi ဖြင့်ဖတ်ပါ
★★★★★
နဂါးစက်(မြွေနိုင်ပင်)
ကုသနည်း
အခေါ်
Unicode ဖြင့်ဖတ်ပါ
★★★★★
မင်းကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့ကွာ”
ဟုတ်တယ်ဆရာကြီး” “ကျွန်တော်သွေးဝမ်းသွားတာ(၂)ရက်ရှိနေပြီ”
ဒါများကွာ…ငါကုတတ်ပါတယ်” “ငါတို့အဘိုးလက်ဆင့်ကမ်းပေးခဲ့တဲ့ဆေးနည်းအမွေကွ”
နဂါးစက်ဥကိုရေစင်အောင်ဆေးစေပြီး ဓါးဖြင့်လှီး၍ ထန်းလျက်(၅)ခဲဖြင့် ရေမတ်ခွက်(၃)ခွက်ထည့်ကာ (၁) ခွက်စာကျန်သည်အထိပြုတ်ရည်ကိုတိုက်ပေး ရခြင်းဖြစ်သည်။
နံနက်တစ်ခွက်ညတစ်ခွက်သောက် ပေးက မုချပျောက်ပါသည်။
ဒူလာသွေးဝမ်းဖြစ်သူတို့အတွက် အလွန်အစွမ်းထက်သောကြောင့် (၂)ရက်(၃)ရက်ဆက်သောက်သင့်ပါသည်။
ဒူလာသွေးဝမ်းနဂါးဖမ်း” ဟုမှတ်သားရသည် ဆိုပါသည်။
နဂါးစက်(မြွေနိုင်ပင်)
အပင်သေးမျိုးဖြစ်သည်။ အရွက်သည်(၁)ပေမှ(၄)ပေအထိရှည်သည်။ အရောင်စိမ်းပြီးအလယ်တွင်အဖြူကြောင်းပါသည်။
အချို့အဝါကြောင်းရှိသည်။အရွက်၏ အနားတွင်လည်း အဝါ၊အဖြူကွက်များရှိသည်။ လက်ဆက်သောအမြစ်ဥသည် ဂျင်းနံ့ရပြီး အရွက်ကိုကြိုးလုပ်ရသည်။
ကုသနည်း
နာတာရှည်ချောင်းဆိုးရောဂါအတွက် အမြစ်ရည် လက်ဖက်ရည်ဇွန်း(၁)ဇွန်း အားပျားရည် အနည်းငယ်ရော၍ နေ့အချိန်တွင်(၂)ကြိမ်မျှ တိုက်ပါက အကျိုးကြီးသည်။ကလေးများ လည်ပင်းမှ သလိပ်ကိုကျစေရန် အရွက်ရည်ကိုတိုက်ရသည်။
အခေါ်
အရွက်တွင် အဖြူစင်းရှိသည်ကို နဂါးစက်။
အရွက်တွင်အဝါအစင်းအကွပ်ရှိသည်ကို နဂါးခိုးဟုခေါ်သည်။
ပုံသဏ္ဍာန်ကွဲပြားသည်အလျှောက်ဒေသအလိုက် အမည်နာမအမျိုးမျိုးခေါ်ဝေါ်သည်လည်းရှိပါသည်။
အရှင်နာဂသိန်ကျမ်း/ နက္ခတ္တရောင်ခြည်(နဂါးစက်ဥနှင့်သွေးဝမ်းရောဂါ)မှ
ရဲမျိုးသူ(ဗောဓိမြိုင်)