မျက်လုံးတစ်ဖက်အခြေအနေဟာတော်တော်ဆိုးရွားပြီး လုံးဝကိုအမြင်အာရုံ ဆုံးရှုံးနေပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင်ဦးဘဂျမ်း

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိတ်သတ်တို့ရေ လူကြမ်းသရုပ်ဆောင်ဦးဘကြမ်းကို မသိသူမရှိသလောက်ပဲထင်ပါတယ်နော် ဦးဘကြမ်းက ဗွီဒီယိုဇာတ်ကားတွေထဲမှာဆိုရင် သရုပ်ဆောင်ပီပြင်စွာနဲ့ လူကြမ်းနေရာတွေမှာ ဝင်ရောက်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲဖြစ် ပါတယ်။

အခုလိုကြပ်တည်းတဲ့ကာလမှာဆိုရင် အနုပညာရှင်တွေရော ပြည်သူတွေရော ရှိတဲ့အလုပ်တွေကိုရပ်နားထားရတာမို့လို့ ဖြစ်သလိုရုန်းကန်းလှုပ်ရှားနေကြရတာဖြစ်ပါတယ် အဲ့ဒီထဲမှာ ဦးဘကြမ်းတို့လို ကားရိုက်နည်းလှတဲ့ လူကြိုက်နည်းလှတဲ့ လူကြမ်းသရုပ်ဆောင်တွေကတော့ အဆိုးဝါးဆုံးအခြေအနေကိုရင်ဆိုင်နေရတာပါ။သရုပ်ဆောင်ဦးဘကြမ်းက စားဝတ်နေရေးမပြေလည်ဖြစ်နေတဲ့အကြောင်းကို media တွေကနေတစ်ဆင့် ပရိတ်သတ်တွေကသိရှိသွားပြီး ဦးဘကြမ်းကို ၁၄ သိန်းခန့် လူဒါန်းခဲ့ကြတယ်လို့ သိရပါတယ် ပြီးတော့ဦးဘကြမ်းက ပြောပါသေးတယ်။

“ကျွန်တော့လိုလူကြမ်းသရုပ်ဆောင်တစ်ယောက်ကို သနားပေးကြချစ်ပေးကြတာသိရလို့ အတိုင်းမ သိဝမ်းသာမိပါတယ် အခုလိုလှူဒါန်းတဲ့အတွက်လည်း ကျေးဇူးအရမ်းတင်ပါတယ်။အရင်ကတော့ ဟန်မပျက်လေးစားစရာသောက်စရာရှိခဲ့ပါတယ် ဆန်တွေလာလှူကြတယ် ကြက်ဥတို့ဘာတို့အစရှိသဖြင့်လှူကြပါတယ်အခုတော့ဟန်ပျက်သွားပါပြီ ကျွန်တော့ဝင်ငွေကလည်း နတ္တိပါ” ဆိုပြီးပြောကြားခဲ့ပါတယ်။ဒါ့အပြင် ဦးဘကြမ်းရဲ့ မျက်လုံးတစ်ဖက်ဟာ အခြေအနေဆိုးရွားနေတာဖြစ်ပြီး အခုဆိုရင် ၉၅ရာခိုင်နှုန်း အမြင်အာရုံချို့ယွင်းနေပြီလို့လဲသိရပါတယ် အရမ်းလဲ စိတ်မကောင်းဖြစ် ရပါတယ် ဦးလေရေ.. အားတင်းထားပါ ဘယ်အချိန်ပဲဖြစ်ဖြစ်ကျွန်တော်တို့ပရိတျသတျတှကေ အားပေးနမှောပါ။

Credit း MMLoad

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Creditး MMLoad