ထူးအယ်လင်းလုပ်ဆောင်နေတဲ့ကူညီထောက်ပံ့မှုတွေမှာ တတပ် တအား ပါဝင်လှူဒါန်းသွားမယ့် GE တပ် ဗိုလ်မှူးကြီး သက်စိုး(ငြိမ်း) ရဲ့သား အဆိုတော် ဖိုးသား

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ထူးအယ္လင္းလုပ္ေဆာင္ေနတဲ့ကူညီေထာက္ပံ့မႈေတြမွာ တတပ္ တအား ပါဝင္လွဴဒါန္းသြားမယ့္ GE တပ္ ဗုိလ္မွဴးႀကီး သက္စုိး(ၿငိမ္း) ရဲ႔သား အဆုိေတာ္ဖုိးသား…

အဆိုေတာ္ ထူးအယ္လင္းတစ္ေယာက္ကေတာ့ လတ္တေလာမွာ ပရဟိတလုပ္ငန္းေတြကို အားသြန္ခြန္စိုက္ႀကိဳးစားေဆာင္႐ြက္ေနတာကို ျမင္ေတြ႕ၾကရမွာပါ။ တစ္ေယာက္တည္းအားနဲ႔တင္မဟုတ္ဘဲ အလႉရွင္မ်ားရဲ႕စုေပါင္းလႉဒါန္းမႈေတြနဲ႔ ေနရာအႏွံ႔သြားေရာက္ လႉဒါန္းေနတာ ျဖစ္ပါတယ္။ ျပည္သူေတြသာမကဘဲ အႏုပညာရွင္မ်ားကလည္း ထူးအယ္လင္းထံ ဆက္သြယ္လႉဒါန္းေနၾကတာပါ။

မေန႔ညကလည္း ထူးအယ္လင္းရဲ႕ လူမႈကြန္ယက္တြင္ ဓာတ္ပုံေလးတစ္ပုံ တင္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ သူလုပ္ေဆာင္ေနတဲ့ လူမႈကူညီေရး ေထာက္ပံ့မႈေတြမွာ အဆိုေတာ္ ဖိုးသားကပါ တတ္ႏိုင္တဲ့ဘက္ကေန ပါဝင္လႉဒါန္းမယ့္အေၾကာင္း ဓာတ္ပုံေလးတင္ကာ ေရးသားထားတာ ျဖစ္ပါတယ္။

အဆိုေတာ္ ဖိုးသားဟာ ႐ုပ္ရွင္နဲ႔ ဗီဒီယိုသ႐ုပ္ေဆာင္ ခ်စ္စႏိုးဦးရဲ႕ ခင္ပြန္းျဖစ္ၿပီး ေတးစီးရီး album တစ္ခ်ိဳ႕လည္း ထြက္ရွိဖူးသူ တစ္ဦး ျဖစ္ပါတယ္။ ထူးအယ္လင္းကလည္း ” လူမႈကူညီ၊ေထာက္ပံ့ေရးေတြမွာ ကူညီလႉေပးမယ္ၾကားသိရတာ ဝမ္းသာတယ္ဗ်ာ ,, ေက်းဇူးပါညီေလးဖိုးသား

ကိုယ့္႐ုပ္ ၾကမ္းတာ ပိုေပၚလြင္သြားတယ္

” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း ဂီတေလာကသားအခ်င္းခ်င္း စည္းလုံးညီၫြတ္စြာျဖင့္ လူမႈကူညီေရးလုပ္ငန္းေတြမွာ အားျဖည့္လုပ္ေဆာင္ေနၾကတာကို ျမင္ေတြ႕ရတဲ့အတြက္ ဝမ္းသာပီတိ ျဖစ္ေနၾကတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာရွိတဲ့ ေနရာအႏွံ႔အျပားမွာ စားဝတ္ေနေရးခက္ခဲေနတဲ့ ျပည္သူမ်ားစြာ ရွိပါတယ္။ ဒါ့ေၾကာင့္ ျပည္သူေတြအခ်င္းခ်င္း လိုအပ္တဲ့ေနရာတိုင္းကို ကူညီလႉဒါန္းေပးၾကျခင္းျဖင့္ ကူညီေပးၾကဖို႔ ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Htoo El Lynn’s and Chit Snow Oo’s Facebook Account
crd : MM Load

Unicode ဖြင့်ဖတ်ပါ
★★★★★

ထူးအယ်လင်းလုပ်ဆောင်နေတဲ့ကူညီထောက်ပံ့မှုတွေမှာ တတပ် တအား ပါဝင်လှူဒါန်းသွားမယ့် GE တပ် ဗိုလ်မှူးကြီး သက်စိုး(ငြိမ်း) ရဲ့သား အဆိုတော်ဖိုးသား…

အဆိုတော် ထူးအယ်လင်းတစ်ယောက်ကတော့ လတ်တလောမှာ ပရဟိတလုပ်ငန်းတွေကို အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်နေတာကို မြင်တွေ့ကြရမှာပါ။ တစ်ယောက်တည်းအားနဲ့တင်မဟုတ်ဘဲ အလှူရှင်များရဲ့စုပေါင်းလှူဒါန်းမှုတွေနဲ့ နေရာအနှံ့သွားရောက် လှူဒါန်းနေတာ ဖြစ်ပါတယ်။ ပြည်သူတွေသာမကဘဲ အနုပညာရှင်များကလည်း ထူးအယ်လင်းထံ ဆက်သွယ်လှူဒါန်းနေကြတာပါ။

မနေ့ညကလည်း ထူးအယ်လင်းရဲ့ လူမှုကွန်ယက်တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူလုပ်ဆောင်နေတဲ့ လူမှုကူညီရေး ထောက်ပံ့မှုတွေမှာ အဆိုတော် ဖိုးသားကပါ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှူဒါန်းမယ့်အကြောင်း ဓာတ်ပုံလေးတင်ကာ ရေးသားထားတာ ဖြစ်ပါတယ်။

အဆိုတော် ဖိုးသားဟာ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ချစ်စနိုးဦးရဲ့ ခင်ပွန်းဖြစ်ပြီး တေးစီးရီး album တစ်ချို့လည်း ထွက်ရှိဖူးသူ တစ်ဦး ဖြစ်ပါတယ်။ ထူးအယ်လင်းကလည်း ” လူမှုကူညီ၊ထောက်ပံ့ရေးတွေမှာ ကူညီလှူပေးမယ်ကြားသိရတာ ဝမ်းသာတယ်ဗျာ ,, ကျေးဇူးပါညီလေးဖိုးသား

ကိုယ့်ရုပ် ကြမ်းတာ ပိုပေါ်လွင်သွားတယ်

” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ဂီတလောကသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လူမှုကူညီရေးလုပ်ငန်းတွေမှာ အားဖြည့်လုပ်ဆောင်နေကြတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နေရာအနှံ့အပြားမှာ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများစွာ ရှိပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအချင်းချင်း လိုအပ်တဲ့နေရာတိုင်းကို ကူညီလှူဒါန်းပေးကြခြင်းဖြင့် ကူညီပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Htoo El Lynn’s and Chit Snow Oo’s Facebook Account
crd : MM Load