* ဂျင်းလုံးဝ မစားသင့်သူများ(ကိုယ်ပါနေသလား ဖတ်ကြည့်ပါ)

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဂ်င္းက က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားတယ္ဆိုေပမဲ့ လူတိုင္းအတြက္ ေကာင္းလွတယ္ေတာ့မဟုတ္ပါဘူး။ေအာက္ေဖာ္ျပပါ ေဝဒနာရွင္ေတြအေနနဲ႔ ဂ်င္းစားသုံးမႈကိုလုံးဝေရွာင္ ၾကဥ္တာမ်ိဳးျဖစ္ျဖစ္ ဒါမွမဟုတ္ အတိုင္းအခ်င့္နဲ႔ စားသုံးတာမ်ိဳးျဖစ္ျဖစ္လုပ္ေဆာင္သင့္ပါတယ္။

(၁) ေသြးခဲေဆးေသာက္သုံးေနရသူေတြ

ဂ်င္းကေသြးကို က်ဲေစႏိုင္စြမ္းရွိတာေၾကာင့္ ေသြးမတိတ္တဲ့ေဝဒနာရွိတာေၾကာင့္ ေသြးခဲ ေဆးေသာက္သုံးမွီဝဲေနရ သူေတြအေနနဲ႔ ဂ်င္းစားသုံးမယ္ဆိုရင္ဆရာဝန္နဲ႔တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။အခ်ိဳ႕ေသာျဖစ္ရပ္ေတြမွာ ဂ်င္းကေဆးအာနိသင္ကို ေလ်ာ့ပါးေစႏိုင္တာေၾကာင့္ ဂ်င္းစားသုံးတဲ့အခါ ဆရာဝန္နဲ႔တိုင္ပင္ၿပီးမွသာ စားသုံးသင့္ပါတယ္။

(၂) ဆီးခ်ိဳေဆး မွီဝဲေနရသူေတြ

ဂ်င္းက ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့က်ေစႏိုင္စြမ္းရွိေပမဲ့ မက္ေဖာ္မင္နဲ႔အင္ဆူလင္လိုမ်ိဳး ဆီးခ်ိဳေဆးေသာက္သုံးေနရသူေတြအေနနဲ႔ ေဆးအာနိသင္ကိုေလ်ာ့ပါးေစႏိုင္တာေၾကာင့္ ဂ်င္းမစားသုံးသင့္ပါဘူး။ေသြးခ်ိဳတအားက်ဆင္းသြားႏုိုင္တာေၾကာင့္လည္း ဂ်င္းစားသုံးမႈကိုေရွာင္ၾကဥ္သင့္တာျဖစ္ပါတယ္။

(၃)ေသြးက်ေဆးေသာက္ေနရသူေတြ

ေသြးတိုးက်ေစဖို႔အတြက္ ေသာက္သုံးရတဲ့ေဆးေတြကို မွီဝဲေနရသူေတြအေနနဲ႔လည္း ဂ်င္းကိုမစားသုံးသင့္ပါဘူး။ ဂ်င္းကေသြးတိုးက်ေဆးအခ်ိဳ႕နဲ႔ ဓာတ္ျပဳႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။

ဂ်င္းနဲ႔ ေသြးတိုးက်ေဆးတို႔ ဓာတ္ျပဳတဲ့အခါ ႏွလုံးခုန္ႏႈန္းနဲ႔ ေသြးဖိအားကို အႏၲရာယ္ရွိတဲ့ အေျခအေနေလာက္အထိက်ဆင္းေစတာမ်ိဳး ျဖစ္ေပၚေစပါတယ္။ ေနာက္ဆက္တြဲေဝဒနာေတြ ကိုေတာင္ျဖစ္ေပၚေစႏိုင္ပါတယ္။ ႏွလုံးခုန္မမွန္တာမ်ိဳးလည္း ျဖစ္ေပၚခံစားရႏိုင္ပါတယ္

(၄)သည္းေျခေက်ာက္တည္ေနသူေတြ

သည္းေျခေက်ာက္တည္မႈကို ခံစားရႏိုင္ေျခရွိသူေတြအေနနဲ႔ ဂ်င္းစားသုံးမယ္ဆိုပါက ေရာဂါအေျခအေနက ပိုမိုဆိုး႐ြားသြားႏုိုင္ပါတယ္။ သည္းေျခအိတ္မွာ သည္းေျခေက်ာက္တည္တာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။

သည္းေျခေက်ာက္ေတြက သည္းေျခႁပြန္တစ္ေလွ်ာက္ စီးပါသြားရင္း သည္းေျခရည္ေတြကို အသည္းဆီကိုေရာက္ရွိသြားေစႏိုင္ပါတယ္။ ခ်င္းက သည္းေျခရည္ထုတ္ လႊတ္မႈကိုတိုးေစႏိုင္ပါတယ္။

သည္အေျခအေနက သည္းေျခေက်ာက္ပိတ္ဆို႔မႈကိုျဖစ္ေပၚေစၿပီးဆိုး႐ြားလွတဲ့ နာမက်န္းျဖစ္မႈကိုျဖစ္ေပၚေစႏိုင္ပါတယ္။ သည္းေျခရည္မ်ားလြန္းတာက သည္းေျခေက်ာက္ျဖစ္ႏိုင္ေျခကို တိုးေစႏိုင္တာေၾကာင့္ သည္းေျခေက်ာက္တည္ႏိုင္ေျခရွိသူေတြအေနနဲ႔ ဂ်င္းမစား သုံးသင့္ပါဘူး။

(၅) ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား

ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း ခ်င္းမစားသုံးသင့္ပါဘူး။ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအေနနဲ႔ ဂ်င္းစားသုံးသင့္သလားဆိုတာကို ေသေသခ်ာခ်ာသိရတာမ်ိဳးမရွိေပမဲ့ ဆိုးက်ိဳးျဖစ္ႏိုင္သလားဆိုတာကိုလည္း ေရေရရာရာမသိရေသးပါဘူး။ေလ့လာမႈေတာ္ေတာ္မ်ားမ်ားမွာေတာ့ ဂ်င္းစားသုံးတာက သေႏၶသားရဲ႕ လိင္ပိုင္းဆိုင္ရာေဟာ္မုန္းကို ထိခိုက္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ဂ်င္းက ေသြးထြက္မႈကိုမ်ားေစႏိုင္တာေၾကာင့္ မီးဖြားမယ့္ရက္နီးတဲ့အခါ မစားသုံးသင့္ပါဘူး။

Unicode ဖြင့်ဖတ်ပါ
★★★★★

ဂျင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမဲ့ လူတိုင်းအတွက် ကောင်းလှတယ်တော့မဟုတ်ပါဘူး။အောက်ဖော်ပြပါ ဝေဒနာရှင်တွေအနေနဲ့ ဂျင်းစားသုံးမှုကိုလုံးဝရှောင် ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်းအချင့်နဲ့ စားသုံးတာမျိုးဖြစ်ဖြစ်လုပ်ဆောင်သင့်ပါတယ်။

(၁) သွေးခဲဆေးသောက်သုံးနေရသူတွေ

ဂျင်းကသွေးကို ကျဲစေနိုင်စွမ်းရှိတာကြောင့် သွေးမတိတ်တဲ့ဝေဒနာရှိတာကြောင့် သွေးခဲ ဆေးသောက်သုံးမှီဝဲနေရ သူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အချို့သောဖြစ်ရပ်တွေမှာ ဂျင်းကဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ဂျင်းစားသုံးတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။

(၂) ဆီးချိုဆေး မှီဝဲနေရသူတွေ

ဂျင်းက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိပေမဲ့ မက်ဖော်မင်နဲ့အင်ဆူလင်လိုမျိုး ဆီးချိုဆေးသောက်သုံးနေရသူတွေအနေနဲ့ ဆေးအာနိသင်ကိုလျော့ပါးစေနိုင်တာကြောင့် ဂျင်းမစားသုံးသင့်ပါဘူး။သွေးချိုတအားကျဆင်းသွားနိုင်တာကြောင့်လည်း ဂျင်းစားသုံးမှုကိုရှောင်ကြဉ်သင့်တာဖြစ်ပါတယ်။

(၃)သွေးကျဆေးသောက်နေရသူတွေ

သွေးတိုးကျစေဖို့အတွက် သောက်သုံးရတဲ့ဆေးတွေကို မှီဝဲနေရသူတွေအနေနဲ့လည်း ဂျင်းကိုမစားသုံးသင့်ပါဘူး။ ဂျင်းကသွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင်တာကြောင့် ဖြစ်ပါတယ်။

ဂျင်းနဲ့ သွေးတိုးကျဆေးတို့ ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက်အထိကျဆင်းစေတာမျိုး ဖြစ်ပေါ်စေပါတယ်။ နောက်ဆက်တွဲဝေဒနာတွေ ကိုတောင်ဖြစ်ပေါ်စေနိုင်ပါတယ်။ နှလုံးခုန်မမှန်တာမျိုးလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်

(၄)သည်းခြေကျောက်တည်နေသူတွေ

သည်းခြေကျောက်တည်မှုကို ခံစားရနိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုပါက ရောဂါအခြေအနေက ပိုမိုဆိုးရွားသွားနိုင်ပါတယ်။ သည်းခြေအိတ်မှာ သည်းခြေကျောက်တည်တာမျိုး ဖြစ်လာနိုင်ပါတယ်။

သည်းခြေကျောက်တွေက သည်းခြေပြွန်တစ်လျှောက် စီးပါသွားရင်း သည်းခြေရည်တွေကို အသည်းဆီကိုရောက်ရှိသွားစေနိုင်ပါတယ်။ ချင်းက သည်းခြေရည်ထုတ် လွှတ်မှုကိုတိုးစေနိုင်ပါတယ်။

သည်အခြေအနေက သည်းခြေကျောက်ပိတ်ဆို့မှုကိုဖြစ်ပေါ်စေပြီးဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ သည်းခြေရည်များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းမစား သုံးသင့်ပါဘူး။

(၅) ကိုယ်ဝန်ဆောင်အမျိုးသမီးများ

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုံးသင့်ပါဘူး။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဂျင်းစားသုံးသင့်သလားဆိုတာကို သေသေချာချာသိရတာမျိုးမရှိပေမဲ့ ဆိုးကျိုးဖြစ်နိုင်သလားဆိုတာကိုလည်း ရေရေရာရာမသိရသေးပါဘူး။လေ့လာမှုတော်တော်များများမှာတော့ ဂျင်းစားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်းဆိုင်ရာဟော်မုန်းကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ဂျင်းက သွေးထွက်မှုကိုများစေနိုင်တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့အခါ မစားသုံးသင့်ပါဘူး။