ဖခင်ဖြစ်သူက ICU ထဲမှာ ကိုဗစ်နဲ့ ကွယ်လွန်သွားတာမို့ ယူကြုံးမရဝမ်းနည်းနေတဲ့ သရုပ်ဆောင် စိုပြေမြင့်

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ဖခင္ျဖစ္သူက ဒီကေနမွာပဲ ICU ထဲမွာ ကုိဗစ္နဲ႔ ကြယ္လြန္သြားတာမုိ႔ ယူႀကံဳးမရဝမ္းနည္းေနတဲ့ သရုပ္ေဆာင္ စုိေျပျမင့္..

အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ စိုေျပျမင့္ကေတာ့ မိဘႏွစ္ပါးကို ျပဳစုလုပ္ေကြၽးေနတဲ့သားလိမၼာေလးပဲျဖစ္ပါတယ္။စိုေျပျမင့္ရဲ႕ မိဘႏွစ္ပါးကေတာ့ COVID-19 ကူးစက္ခံလိုက္ရတာေၾကာင့္ ဇြန္လကတည္းက ေဆး႐ုံတက္ေနရတာျဖစ္ပါတယ္။စိုေျပျမင့္ကလည္းသူ႔ရဲ႕မိဘႏွစ္ပါးကို အစစအရာရာ ဂ႐ုစိုက္ေစာင့္ေရွာက္ေပးၿပီး ဆရာဝန္ေတြၫႊန္ၾကားသမွ်ကို လိုက္နာေဆာင္႐ြက္ေပးတာျဖစ္ပါတယ္။

စိုေျပျမင့္ရဲ႕ မိခင္ျဖစ္သူက ဆီးခ်ိဳေရာဂါရွိေနေပမယ့္လည္း ကိုဗစ္ေရာဂါကို ႀကံ့ႀကံ့ခံရင္ဆိုင္ၿပီး တိုက္ထုတ္ခဲ့တာျဖစ္ပါတယ္။ဒါ့ေၾကာင့္ စိုေျပျမင့္ရဲ႕မိခင္က ေဆး႐ုံဆင္းလာရၿပီး အိမ္မွာလည္း Quarantine ဝင္လိုက္ေသးကာ စနစ္တက်ေနထိုင္တာျဖစ္ပါတယ္။ေဆး႐ုံမွာက်န္ေနခဲ့တဲ့ စိုေျပျမင့္ရဲ႕ဖခင္ကေတာ့ ေရာဂါကို ရွိတဲ့အင္အားေလးနဲ႔ ICU ခန္းထဲမွာ ခုခံေနတာျဖစ္ပါတယ္။

သို႔ေသာ္လည္း ဖခင္ျဖစ္သူက ကိုဗစ္ေရာဂါကို မတြန္းလွန္ႏိုင္ေတာ့ဘဲ ဒီေန႔မွာ ဘဝတစ္ပါးသို႔ေျပာင္းေ႐ႊ႕ကြယ္လြန္သြားၿပီျဖစ္ေၾကာင္းကို စိုေျပျမင့္က သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ အသိေပးလာခဲ့တာျဖစ္ပါတယ္။ စိုေျပျမင့္ကေတာ့ “ကြၽန္ေတာ္ခ်စ္ရတဲ့ ကြၽန္ေတာ့္အေဖ ဒီေလာကႀကီးကထြက္ခြါသြားပါၿပီ အေဖေကာင္းရာဘုံဘဝေရာက္ပါေစ သားအေမ့ကိုေစာင့္ေရွာက္ေပးမယ္ေနာ္အေဖ” ဆိုၿပီး ေရးသားထားျဖစ္ပါတယ္။

ကိုဗစ္ကူးစက္ေရာဂါကို သူ႔ရဲ႕မိဘႏွစ္ပါးလုံး ခံစားခဲ့ရတာျဖစ္ၿပီး တစ္ေယာက္ကို ဆုံးရႈံးလိုက္ရၿပီျဖစ္လို႔ အရမ္းဝမ္းနည္းေနတာျဖစ္ပါတယ္။စိုေျပျမင့္ကို အားေပးခ်စ္ခင္ၾကတဲ့ျပည္သူေတြလည္း က်န္ရစ္သူမိသားစုရဲ႕ခံစားခ်က္ကို ကိုယ္ခ်င္းစာၿပီးထပ္တူဝမ္းနည္းေနၾကေၾကာင္းကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source&Photo Credit:So Pyay Myint’s FB Acc
crd

Unicode ဖြင့်ဖတ်ပါ
★★★★★

ဖခင်ဖြစ်သူက ဒီကနေမှာပဲ ICU ထဲမှာ ကိုဗစ်နဲ့ ကွယ်လွန်သွားတာမို့ ယူကြုံးမရဝမ်းနည်းနေတဲ့ သရုပ်ဆောင် စိုပြေမြင့်..

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုပြေမြင့်ကတော့ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေတဲ့သားလိမ္မာလေးပဲဖြစ်ပါတယ်။စိုပြေမြင့်ရဲ့ မိဘနှစ်ပါးကတော့ COVID-19 ကူးစက်ခံလိုက်ရတာကြောင့် ဇွန်လကတည်းက ဆေးရုံတက်နေရတာဖြစ်ပါတယ်။စိုပြေမြင့်ကလည်းသူ့ရဲ့မိဘနှစ်ပါးကို အစစအရာရာ ဂရုစိုက်စောင့်ရှောက်ပေးပြီး ဆရာဝန်တွေညွှန်ကြားသမျှကို လိုက်နာဆောင်ရွက်ပေးတာဖြစ်ပါတယ်။

စိုပြေမြင့်ရဲ့ မိခင်ဖြစ်သူက ဆီးချိုရောဂါရှိနေပေမယ့်လည်း ကိုဗစ်ရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုက်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့် စိုပြေမြင့်ရဲ့မိခင်က ဆေးရုံဆင်းလာရပြီး အိမ်မှာလည်း Quarantine ဝင်လိုက်သေးကာ စနစ်တကျနေထိုင်တာဖြစ်ပါတယ်။ဆေးရုံမှာကျန်နေခဲ့တဲ့ စိုပြေမြင့်ရဲ့ဖခင်ကတော့ ရောဂါကို ရှိတဲ့အင်အားလေးနဲ့ ICU ခန်းထဲမှာ ခုခံနေတာဖြစ်ပါတယ်။

သို့သော်လည်း ဖခင်ဖြစ်သူက ကိုဗစ်ရောဂါကို မတွန်းလှန်နိုင်တော့ဘဲ ဒီနေ့မှာ ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်ကြောင်းကို စိုပြေမြင့်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အသိပေးလာခဲ့တာဖြစ်ပါတယ်။ စိုပြေမြင့်ကတော့ “ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်အဖေ ဒီလောကကြီးကထွက်ခွါသွားပါပြီ အဖေကောင်းရာဘုံဘဝရောက်ပါစေ သားအမေ့ကိုစောင့်ရှောက်ပေးမယ်နော်အဖေ” ဆိုပြီး ရေးသားထားဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ရောဂါကို သူ့ရဲ့မိဘနှစ်ပါးလုံး ခံစားခဲ့ရတာဖြစ်ပြီး တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်လို့ အရမ်းဝမ်းနည်းနေတာဖြစ်ပါတယ်။စိုပြေမြင့်ကို အားပေးချစ်ခင်ကြတဲ့ပြည်သူတွေလည်း ကျန်ရစ်သူမိသားစုရဲ့ခံစားချက်ကို ကိုယ်ချင်းစာပြီးထပ်တူဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit:So Pyay Myint’s FB Acc
crd