ပရိတ်တွေသိပ်မသိသေးတဲ့ သူ့ရဲ့မိသားစုဘဝအကြောင်းလေးကို စိတ်မကောင်းစွာနဲ့ပြောပြလာတဲ့ စိုပြေမြင့်
ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )
Unicode ဖြင့်ဖတ်ပါ
★★★★★
စိုပြေမြင့်ရဲ့ ဖခင်ကတော့ မကြာခင်ရက်ပိုင်းကမှ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး ဆေးရုံတက် ကုသနေချိန်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ် ။ သူကိုယ်တိုင်လည်း ဖခင်တစ်ယောက်ကို ဆုံးရှုံးရလို့ ရင်နှင့်အမျှ စိတ်မကောင်း ဖြစ်နေတာပါ ။ ဒီနေ့လေးမှာတော့ ပရိသတ်တွေမသိသေးတဲ့ မိသားစု အမှတ်တရ ပုံရိပ်လေးတွေနဲ့ အတူ မေ့မရနိုင်တဲ့ အကြောင်း အရာလေးတွေကို ရေးသားဖော်ပြလာပါတယ် ။
” ငယ်ငယ်တုန်းကဆို ကျွန်တော်တို့မိသားစု အရမ်းပျော်စရာကောင်းတာဗျ ရန်ဖြစ်တယ် ပြန်ချစ်တယ် အတူသွားအတူစား အတူတူနေကြတာပေါ့ဗျာ အသက်ကြီးလာတော့ အကိုအကြီးနှစ်ယောက်က သူ့အိမ်ထောင်နဲ့သူ ကလေးလေးတွေကိုယ်စီနဲ့ ဖြစ် ကျွန်တော်ကလည်းကျွန်တော်ဝါတနာပါတဲ့အလုပ်နဲ့ အားလုံးတစ်နေရာစီဖြစ်သွားတော့ အနေစိမ် းလာသလိုလေးဖြစ်လာတယ် မချစ်ကြလို့တော့မဟုတ်ဖူးနော် ရင်ထဲမှာတော့အမြဲရှိပါတယ် ။ ”
” ကျွန်တော်အကိုကြီးကတော့ အိမ်ထောင်ရေးကံကြောင်းမလှတော့ကလေးတစ်ယောက်နဲ့ လူပျိုပြန်ဖြစ်နေပါပြီ အကိုလတ်ကတော့ ပျော်ရွှင်စရာေ ကာင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားပါတယ် ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့အမြဲပျော်ပြီး အေးအေးဆေးဆေးတစ်ယောက်ထဲ သမားပေါ့ဗျာ ခုလိုအဖေမရှိတဲ့အချိန်ကစပြီး အရင်လိုကျွန်တော်တို့မဟုတ်တော့ဘူး ကျန်နေသေးတဲ့အမေအတွက် စိတ်ချမ်းသာအောင်ထားရမယ်ဆိုတဲ့အသိလေးတွေလည်းပိုဝင်လာတယ်
ညီကိုချင်း တိုင်တိုင်ပင်ပင်လေးတွေလည်ရှိလာတယ် ၅၂၈မေတ္တာက ဘယ်ချိန်ပြန်ကြည့်ပြန်ကြည့် ရိုးသွားတယ်ဆိုတာမရှိပါ့လားဆိုတာ ပိုသိလာတယ် ခုလိုအေးအေးဆေးဆေးဖြစ်နေတဲ့ ကျွန်တော်တို့မိသားစုလေးကို လာဖျက်စီးရင်လည်း မည်သူ့ကိုမဆို လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး
ကျွန်တော်ရဲ့သွေးသားရင်းလို့ သတ်မှတ်ထားတာဆိုရင် မရှိတော့တဲ့အဖေရယ် ခုချိန်ထိသားတွေအတွက်မားမားမတ်မတ်ရှိနေပေးတဲ့အမေရယ် အကိုကြီးနဲ့သူ့သားလေးရယ် အကိုလတ်တို့မိသားစုရယ် ပဲရှိပါတော့တယ် love you My Family ” ဆိုပြီး ရေးသားထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည် ဖော်ပြပေး လိုက်ပါတယ် ။
Credit – Cele Zone
Photo – So Pyay Myint
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Credit – Cele Zone
Photo – So Pyay Myint