– အလံအပ်နှံပွဲမှာ ကွယ်လွန်သွားတဲ့ သူငယ်ချင်းရေမွန်ကိုရည်စူးပြီး မွန်မြတ်တဲ့အလှူဒါနလေးပြုလုပ်ပေးခဲ့တဲ့ အဆိုတော်နိုဗန်ထူး

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

ကျွန်တော်တို့တွေ အားပေးချစ်ခင်ရတဲ့ အဆိုတော် ရေမွန်ဟာ လူ့လောက ထဲကနေ ထွက်ခွာသွားခဲ့တာဆိုရင် ယနေ့ထိ ရက်(၂၀) ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရေမွန် ရှိခဲ့စဉ်တုန်းက ဒီမိုကရေစီပြန်လည်ရရှိဖို့ ပြည်သူတွေနဲ့အတူ အပြည့်အဝရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် ပါဝင်ခဲ့ပါတယ်။ယင်းနောက် တိုင်းပြည်နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ဆိုတဲ့စိတ်နဲ့ အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ပြီး လွတ်မြောက်နယ်မြေထဲကို သွားရောက်ပြီး အနေအထိုင်ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ကာ စစ်ပညာများသင်ကြားခဲ့တဲ့ အနုပညာ ရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

စိတ်မကောင်းစရာကတော့ တန်းဖို့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဟာ ကံကြမ္မာကြီးက မျက်နှာသာမပေးခဲ့တာကြောင့် လွတ်မြောက် နယ်မြေထဲမှာပဲ ခေါင်းချသွားခဲ့ရှာပါတယ်။ သူ့ကိုချစ်ကြတဲ့ ပြည်သူတွေကတော့ အမြဲသတိတရဖြစ်အောင် အမှတ်တရလေးတွေပြုလုပ်ပေးကြတာတွေ့ရပါတယ်။ ယခုမှာလည်း ရေမွန် နောက်ဆုံးခေါင်းချခဲ့တဲ့ လွတ်မြောက်နယ်မြေမှာ သူငယ်ချင်းဖြစ်သူ အဆိုတော် နိုဗန်ထူး က အလှူလေးတစ်ခုပြုလုပ်ပေးခဲ့ပါတယ်။

ဒီအလှူလေးကတော့ ဇူလိုင်လ (၁၁) ရက်နေ့ကPDFအလံအပ်နှင်းပွဲမှာ ရေမွန်အတွက် ရည်စူးပြီး တော်လှန်ရေး ရဲဘော်တွေကို အာဟာ ရဒါနအနေဖြင့် ကြက်သားပလာတာ၊ ရေခဲမုန့်နဲ့အအေးတို့ကို ကျွေးမွေးလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ စခန်းမှာ နေရေးစားရေးအကျပ်အတည်းများကြားကနေ အပင်ပန်းခံကြိုးစားနေကြတဲ့ ရဲဘော်တွေကို ရေမွန်အတွက်ရည်စူးပြီး လုပ်ပေးခဲ့တဲ့အဆိုတော်နိုဗန်ထူးဟာ တကယ့်ကို လေးစားစရာကောင်းတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရေမွန်အတွက် အလှူလေးပြုလုပ်ပေးခဲ့တဲ့ ဒီမြင်ကွင်းလေးတွေကိုတော့ ပရိသတ်တွေလည်း ကြည်နူးစေမယ် လို့ထင်မိပါတယ်။

Photo Credit – Ko Gyi fb account

crd

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ကၽြန္ေတာ္တို႔ေတြ အားေပးခ်စ္ခင္ရတဲ့ အဆိုေတာ္ ေရမြန္ဟာ လူ႔ေလာက ထဲကေန ထြက္ခြာသြားခဲ့တာဆိုရင္ ယေန႔ထိ ရက္(၂၀) ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ေရမြန္ ရွိခဲ့စဥ္တုန္းက ဒီမိုကေရစီျပန္လည္ရရွိဖို႔ ျပည္သူေတြနဲ႔အတူ အျပည့္အဝရပ္တည္ၿပီး လူထုလႈပ္ရွားမႈေတြမွာ အားႀကိဳးမာန္တက္ ပါဝင္ခဲ့ပါတယ္။ယင္းေနာက္ တိုင္းျပည္နဲ႔ ျပည္သူေတြကို ကာကြယ္ဖို႔ဆိုတဲ့စိတ္နဲ႔ ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို စြန႔္လႊတ္ၿပီး လြတ္ေျမာက္နယ္ေျမထဲကို သြားေရာက္ၿပီး အေနအထိုင္ဆင္းရဲဒုကၡေတြကို ရင္ဆိုင္ကာ စစ္ပညာမ်ားသင္ၾကားခဲ့တဲ့ အႏုပညာ ရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

စိတ္မေကာင္းစရာကေတာ့ တန္းဖို႔ရွိတဲ့ အႏုပညာရွင္တစ္ေယာက္ဟာ ကံၾကမၼာႀကီးက မ်က္ႏွာသာမေပးခဲ့တာေၾကာင့္ လြတ္ေျမာက္ နယ္ေျမထဲမွာပဲ ေခါင္းခ်သြားခဲ့ရွာပါတယ္။ သူ႔ကိုခ်စ္ၾကတဲ့ ျပည္သူေတြကေတာ့ အျမဲသတိတရျဖစ္ေအာင္ အမွတ္တရေလးေတြျပဳလုပ္ေပးၾကတာေတြ႕ရပါတယ္။ ယခုမွာလည္း ေရမြန္ ေနာက္ဆုံးေခါင္းခ်ခဲ့တဲ့ လြတ္ေျမာက္နယ္ေျမမွာ သူငယ္ခ်င္းျဖစ္သူ အဆိုေတာ္ နိုဗန္ထူး က အလႉေလးတစ္ခုျပဳလုပ္ေပးခဲ့ပါတယ္။

ဒီအလႉေလးကေတာ့ ဇူလိုင္လ (၁၁) ရက္ေန႔ကPDFအလံအပ္ႏွင္းပြဲမွာ ေရမြန္အတြက္ ရည္စူးၿပီး ေတာ္လွန္ေရး ရဲေဘာ္ေတြကို အာဟာ ရဒါနအေနျဖင့္ ၾကက္သားပလာတာ၊ ေရခဲမုန႔္နဲ႔အေအးတို႔ကို ေကၽြးေမြးလႉဒါန္းခဲ့တာ ျဖစ္ပါတယ္။ စခန္းမွာ ေနေရးစားေရးအက်ပ္အတည္းမ်ားၾကားကေန အပင္ပန္းခံႀကိဳးစားေနၾကတဲ့ ရဲေဘာ္ေတြကို ေရမြန္အတြက္ရည္စူးၿပီး လုပ္ေပးခဲ့တဲ့အဆိုေတာ္နိုဗန္ထူးဟာ တကယ့္ကို ေလးစားစရာေကာင္းတဲ့ သူငယ္ခ်င္းေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေရမြန္အတြက္ အလႉေလးျပဳလုပ္ေပးခဲ့တဲ့ ဒီျမင္ကြင္းေလးေတြကိုေတာ့ ပရိသတ္ေတြလည္း ၾကည္ႏူးေစမယ္ လို႔ထင္မိပါတယ္။

Photo Credit – Ko Gyi fb account

crd