* လူတွေမသိသေးသော ပယင်း၏ ကျန်းမာရေးအစွမ်းများ

လူတွေမသိသေးသော ပယင်း=Amber၏အစွမ်းများ….
ပယင်းကသစ်ပင်ကဖြစ်တဲ့ကျောက်ဖြစ်ရုပ်ကြွင်း၁မျိုးပါ…
သစ်ပင်ရဲ့အဆီအနှစ်ဖြစ်တဲ့သစ်စေးကနေဖြစ်တည်အတွက်..
သဘာဝကပေးတဲ့ထူးခြားဖြစ်စဉ်ထဲက ၁ခုအပါဝင်ဖြစ်ပါတယ်….
တန်းဖိုးထားရာ ရတနာ ( ၉ )ပါးထဲမှာလဲတစ်ပါးအပါဝင်ဖြစ်ပါတယ်…

ပယင်းမှာ အဖိုးတန်ရတနာများကဲ့သို့ ရှားပါးမှု ဖြစ်တည်မှု သန့်ရှင်းမှုအစရှိသည်များနှင့်ပြည့်စုံနေသောရတနာ၁ပါးလဲဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်သန်းပေါင်း၁၂၀ခန့်က အဖိုးတန်သက်ရှိများသိုမှီးရာ ပြတိုက်၁ခုလဲဖြစ်ပါတယ်…
ကမ္ဘာကြီး၏ဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်အများပြားကို သက်သေပြနိုင်တဲ့ ၁ခုတည်းသော အဖိုးတန်ရတနာ၁မျိုးဘဲဖြစ်ပါတယ်…
ထူးခြားဖြစ်စဉ်များနှင့် ဂမ္ဘီရဆန်သောအဖြစ်ပျက်များစွာ ယနေ့တိုင်ဖြစ်ပေါ်နေတဲ့ရတနာဖြစ်မျိုးလဲဖြစ်ပါတယ်…

ထူးခြားဖြစ်စဉ်များမှာသက်ရှိ၁ကောင်ကို… နှစ်ပေါင်းသန်း၁၂၀မပုပ်သိုးအောင်ထိန်းသိမ်းနိုင်တဲ့ ဂုဏ်သတ္တိလဲရှိပါတယ်….
ယင်းဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် ပယင်းဝတ်ဆင်တဲ့သူအပေါင်းကို အရွယ်တင်နုပျိုစေပါတယ်…
သိပ္ပံနည်းဖြင့်ပြောရလျှင် Nano ဂုဏ်သတ္တိကိုပိုင်ဆိုင်ပါတယ်…
သက်သေအားဖြင့်ပြရလျှင် ပယင်းကိုကိုယ်တိုင်သွေးသောတူးသော
မိတ်ဆွေများထိခိုက်ရှနာရတဲ့အခါမှာ အလိုလို ခနအတွင်ပြန်ကောင်းမွန်သွားသည် သာဓကများလဲရှိပါတယ်…

ပယင်းကိုသွေး၍လိမ်လျှင် အရေပြားနှင့်ပက်သက်သည့်ရောဂါမှန်သမျှကိုအမြန်ဆုံးပျောက်ကင်းစေပါတယ်…
(ဥပမာ…တင်းတိပ်..ဝက်ခြံ…နေလောင်…အပူလောင်..ထိခိုက်ရှနာ)အစရှိသဖြင့်..အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်….အသုံးပြုပုံ

*ဆွဲသီးကို မျက်လုံးပေါ်အုပ်ထားခြင်းဖြင့် အပူကိုစုပ်စေသောကြောင့်မျက်လုံးအောင့်မျက်လုံးနာများကိုသက်သာစေပါတယ်….
*မိမိဝတ်ဆင်ထားသောဆွဲသီးဖြင့်မိမိမျက်နာပြင်ကိုပွတ်ပေးခြင်းအားဖြင့် အသားရည်ကိုကြည်လင်တောက်ပစေပါတယ်…..
ဒုတိယ အချက်ကတော့….သစ်ပင်ကဖြစ် တဲ့ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တဲ့အတွက် သစ်ပင်ရဲ့သဘာဝကိုပိုင်ပါတယ်…

အဲ့သဘာဝကတော့…စုပ်ယူခြင်းဂုဏ်သတ္တိပါ… သစ်ပင်ရဲ့ သဘာဝက ဟိုက်ဒရိုချင်ကိုစုပ်ယူပြီး
သန့်စင်တဲ့ အောက်စီဂျင် ကိုပြန်လည်ထုတ်ယူပေးပါတယ်.ထိုသဘာဝတရားကြောင့်ပဲ…သစ်ပင်ကဖြစ်တည်တဲ့
ပယင်းကျောက်ကလည်း လူခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အပူအပုပ်များကိုစုပ်ယူပေးတဲ့အတွက်…အသားရေကိုကြည်လင်စေပါတယ်….

တတိယအချက်ကတော… တေဇောဓတ်ပိုင်ဆိုးတဲ့ရတနာဟုသတ်မှတ်ရတဲ့အရတနာ၁မျိုးပါ…
မည်မျှပင်ချမ်းနေပါစေ..လူ့ခန္ဓာကိုယ်နဲ့တသားတည်းဖြစ်အောငိ အပူချိန်ထိန်းညှိပေးပြီး နွေးနေလျက်ရှိပါတယ်…
အကြောင်းရင်းမှာ…လျှက်စစ်ဓတ်ထုတ်လွှတ်ပေးနိုင်တဲ့… electron ဂုဏ်သတ္တိရှိတဲ့အတွက်ကြောင့်ပါ…
ယင်းအာနိသင်အစွမ်းကြောင့်.လူခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးကြောများကို သွေးစီးဆင်းမှုအားကောင်းအောင်လှုံဆော်ပေးတဲ့အတွက်…သွေးအားကောင်းစေပါတယ်..

*နှလုံးသွေးကြောကျဉ်းရောဂါ…..
*အမောမခံနိုင်တဲ့ရောဂါ…
*ကိုယ်ဝန်ဆောင်မိခင်များ…
*ဖုန်းနဲ့ကွန်ပျူတာအသုံးများသူများ..

*သွေးတိုး…သွေးကျရောဂါ…
*လေးဘက်နာ…အဆစ်မြစ်ကိုက်ခဲရောဂါ..
*ကျီးပေါင်းရောဂါ…
*အာရုံကြောအားနဲတဲ့ရောဂါ….

*ညအိပ်မပျော်သူများအတွက်အထူးသင့်လျော်ပြီးသိသာပျောက်ကင်းစေပါတယ်….
အထက်ပါဖော်ပြထားတဲ့ရောဂါများနဲ့ အထူးသင့်လျော်တဲ့ဝတ်ဆင်ပုံများကတော့..

*နှလုံးနှင့်အနီးဆုံးနေရာ၌ထား၍ဝတ်ပေးခြင်းဖြင့် သွေးလွှတ်ကျော သွေးပြန်ကျောတို့ကို လှုံဆော်ပေးပြီးသွေးလည်ပတ်မှုကိုကောင်းစေသောကြောင့် နှလုံးသွေးကျောကျဉ်းရောဂါနှင့်အမောမခံနိုင်သူများအတွက်အထူး သင့်လျော်ပြီးသိသာပျောက်ကင်းပါတယ်…

*နှလုံးရှိရာဘယ်ဘက်ဖြစ်တဲ့ ဘယ်လက်မှာ ဝတ်ဆင်ခြင်းဖြင့်…
ကွန်ပျူတာနှင့်ဖုန်းအသုံးများသူများအတွက် လူကိုထိခိုက်စေတဲ့ waveမှကာကွယ်ပေးပြီ…အဆစ်မြစ်ကိုက်တာ… လက်ကိုက်တာအစရှိသည့်..virus ကိုကာကွယ်ပေးပါတယ်

(ကိုယ်တွေ့) ထို့အပြင်…ကိုယ်ဝန်ဆောင်မိခင်များအတွက်သွေးလည်ပတ်မှုအားကောင်းစေပြီးဗိုက်ထဲရှိကလေးအားအောက်စီဂျင်ပြည့်ဝစေပါတယ်….သွေးခုန်နူန်းထိန်းညှိပေးတဲ့နေရာဖြစ်တဲ့အတွက်သွေးတိုးသွေးကျအတွက်အထူးသင့်လျော်သက်သာပျောက်ကင်းစေပါတယ်…
*လေးဘက်နာအဆစ်မြစ်ကိုက်ခဲသူများအတွက်…အရိုးနဲ့ထိရာလက်သန်းကြွယ်မှာလက်စွပ်ဝတ်ဆင်ခြင်းအားဖြင့် အကိုက်ခဲများကို သက်သာပျောက်ကင်းစေပြီး…ညအိပ်ပျော်စေပါတ
ယ်…

*ကျီးပေါင်းရောဂါနှင့်ပက်သက်လာရင်တော့…ကျွန်တော် ရဲ့မိခင်ကတော့သက်သေပါပဲ..
ပယင်းခေါင်းအုန်းနှင့်ပယင်းရတနာများကိုဝတ်ဆင်ပြီးအချိန်မှစ၍ သက်သာပျောက်ကင်းလာကြောင်းတဖွဖွပြောဆိုလာရမှ ကျွန်တော့အား ပယင်းလမ်းကြောင်းပေါ်သို့ရောက်ရှိစေခဲ့ခြင်းဖြစ်ပါတယ်..
.အဲ့ဒီတွက်လဲကျွန်တော့်ရဲ့မေမေအားဤနေရာမှကျးဇူးတင်ဂါဝရပြုရင်းနိဂုံးချုပ်ပါတယ်ခဗျာ…

Creadit to original writer

ပယင်း အကြောင်းသိကောင်းစရာ နဲ့ ပယင်းဖြစ်ပေါ်လာပုံ အဆင့်ဆင့်ပါ ။
ပယင်း ( Amber ) အကြောင်း သိကောင်းစရာ

ပယင်း သည် လူသား တို့၏ အဆင်တန်ဆာ အဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင် ထဲမှ ရှေးအကျဆုံး ရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီး များကို ဥရောပမြောက်ပိုင်းတွင် ဘီစီ (၈၀၀၀) လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။
ပယင်း သည် စင်စစ် အားဖြင့် ကျောက် မဟုတ်ပါ။ အဆီထွက်သော အပင် တစ်မျိုး (ထင်းရူးပင် တစ်မျိုး ဟု ဆို) ၏ အဆီ မှ ခဲ၍ ကျောက်သား သဖွယ် ဖြစ်လာခြင်းဖြစ်သည်။ ရံဖန် ရံခါ ပယင်း ထဲ၌ အင်းဆက် ပိုးမွှားများ ကို ပုံစံ မပျက် တွေ့ရှိရတတ်ပါသည်။

နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်း မှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုးဖြစ်သည်။ ရှားပါး အနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်း ကိုလည်း မှတ်တမ်းတင် ထားကြသည်။

ပယင်း ဟာ ကျောက်မျက်ရတနာ ၉ပါး ထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်း အဆင့် (၂.၅) သာ ရှိကာ သိပ်သည်းဆ လည်း ၁.၀၇ သာ ရှိသောကြောင့် အပူချိန် ကို ခံနိုင်ရည် မရှိပဲ ကြွေကွဲ ပျက်ဆီးလွယ်ပါသည်။ မီးရှို လျှင် အလွယ် တစ်ကူ လောင်ကျွမ်းနိုင်ပါသည်။
ပယင်း အစစ် ဟာ အလင်းပေါက်ပြီး ပေ့ါပါး တာကြောင့် ဆားငံရည် မှာ ရေပေါ်ပေါ်နေနိုင်ပါသည် ။ အခြားသော ကျောက်မျက် ရတနာတွေ ဖြစ်တဲ့ ကျောက်စိမ်း တာကွိုက်ဇ် တို့လို ကျောက်မျက်တွေဟာ အခန်း တွင်း အပူချိန် ထက် အနည်းငယ် အေးသော ဂုဏ်သတ္တိ ရှိသော်လည်း ပယင်း မှာ လူ့ အရေပြားနှင့် ထိတွေ့ ပါ က အနည်းငယ် ပူနွေးနေပါသည်။

အရက် ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင် ကို ပယင်းရောင်ရယ် လို့ တင်စားကြာတာ ကြားဖူးကြပေမယ့် ပယင်း မှာ နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှား ပါးပါး ခရမ်းပြာရောင် အထိ တွေ့ရတတ်ပါသည်။

ဘောလ်တစ် ပင်လယ် ကမ်းခြေ တစ်လျှောက်မှာ ပေ့ါပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများနှင့် ကမ်းခြေ ကိုရောက်ရှိ လာတတ်ကာ ကမ်းစပ် တစ်လျောက်မှာ၎င်း ရေတိမ်ပိုင်း မှာ ရေငုတ်ပြီး အလွယ် ရှာတွေ့နိုင် သည်။ ကမ်းခြေ တစ်လျှောက် ပုံစံ အမျိုးစုံ အရောင် မျိုးစုံနှင့် ပယင်း များကို အများ အပြားတွေ့ ရတတ် ပြီး အပြာရောင် ပယင်း ကို အထူး အရောင်းအဝယ်လုပ်ကြသော်လည်း ၎င်း အပြာရောင်မှာ ဘောလ်တစ်ဒေသ ထွက် မဟုတ်ဘဲ ဒိုမီနီကန်ု က ထွက်သော ပယင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိူင်းနယ် နှင့် စစ်ကိုင်းတိုင်း ခန္င်္တိးနယ် တို့တွင် ထွက် ရှိသည်။ မြန်မာ အပြင် ပယင်းထွက် ရှိသော အခြားနိုင်ငံများမှာ ပိုလန် ရိုမေးနီးယား ကနေဒါနှင့် အမေရိကန် တို့ ဖြစ်သည်။
မြန်မာပြည်တွင် ထွက်ရှိသော ပယင်း မှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်း အထိ ဈေး ရနိုင်ပြီး အထက်တွင် ဖော်ပြ သကဲ့သို့ သစ်ကိုင်း များ အကောင်ပလောင် များ ပါဝင် ပါက ဈေးပိုရကြောင်း သိရသည်။

တစ်ချို့ ကို ကျပ်သိန်း ၅၀ အထိ ပေးကြောင်းသိရသည်။ ရွှေရောင် ပယင်းမှာ ဈေးကွက် အတွင်း လူကြိုက်များ ပြီး တိုင်းရင်းသား အချို့ မှာ ပယင်း ကို ဝတ်ဆင်လေ့ ရှိကြပါသည်။ တရုတ်လူမျိူးများ ဟာ သွေးလည် ပတ် မှု ကောင်းစေရန် ၎င်း ကံကောင်းစေရန် ၎င်း ပယင်း ကို အဆောင်ကျောက် အဖြစ် ဝတ်ဆင်ကြသည်။

ပွဲလမ်း သဘင်များတွင် ချမ်းသာ ကြွယ်ဝသူများက ဂုဏ်သိက္ခာ တစ်ရပ် အဖြစ် ပယင်း ကို မီးရှိုတတ်ကြ သည်။ မြန်မာနိုင်ငံ ၏ အဓိက ဝယ်လက် မှာ တရုတ် ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။

သစ်ပင် ရဲ့ အစေး ကနေ ဖြစ်လာတဲ့ ပယင်း ထဲမှာ ပယင်း မဖြစ်ခင် သစ်စေး အခြေအနေ မှာ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင် ရဲ့ အစအနများ သစ်ရွက် ပျား လိပ်ပြာ ပုရွက်ဆိတ် ပိတုန်း စသော အကောင်းငယ်များ မှာ ရုန်းထွက် မရတော့ပဲ သစ်စေးများနှင့် အတူ နှစ် သန်းပေါင်းများစွာ ကြာသောအခါ ပယင်းထဲတွင် ရုပ်ကြွင်း အဖြစ် ပါဝင်နေတတ်ပါသည်။

ရှေးရောမ ကျွန်ခေတ်တွင် ပယင်း လည်ဆွဲ ခပ်သေးသေး ကို ကျန်းမာ သန်စွမ်း တဲ့ ကျွန် တစ်ယောက်ထက် ဈေးပိုပေးပြီး အဆောင် အဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ပယင်း ကို ရေမွှေး များ ဖော်စပ်ရာတွင် ၎င်း ဆေးဖော်စပ် ရာတွင် ၎င်း အသုံးပြုကြသည်။

ပယင်း သည် ကျောက်မျက်ရတနာ ကဲ့သို့ မဟုတ်ဘဲ ဝတ်ဆင်သူ အတွက် အသက်ဓာတ် ကို ပိုင်ဆိုင်စေသည် ဟု ယူဆကြသည်။ ရှေးခေတ် တရုတ် လူမျိုးတို့သည် ကျားများသေဆုံးပြီးနောက် ကျား ဝိညာဉ်ကို ပယင်းသို့ ရွှေပြောင်းစေ၍ အသွင်ပြောင်းခဲ့သည်ဟု ယုံကြည်ကြသည်။ ရှေးခေတ် က မိခင် နတ်ဘုရားများ ကို ပူဇော် ပသရာတွင် ပယင်း ကို အသုံးပြုကြသည်။

ပယင်း သည် ကျောက်ဖြစ် ရုပ်ကြွင်း သဖွယ်ဖြစ်ပြီး ခေတ်ကာလ တစ်ရပ်နှင့် ဆက်စပ်နေပေရာ အသက် ရှည်ခြင်း ကို ပေးဆောင်ကြောင်း မှတ်ယူကြသည်။

အလားတူပင် သက်ရှိ သတ္တဝါဖြစ်သော ပိုးမွှားများ ၏ ရုပ်ကြွင်း ကိန်းအောင်းနေပြီး အာကာသ ဓာတ်နှင့် ဆက်စပ်နေကြောင်း လက်ခံ ထားကြသည်။ ယင်း ကို ပဉ္စမမြောက် ဓာတ်သဘာဝ ဟု ခေါ်ပြီး မြေ၊ ရေ၊ လေ၊ မီး ဟူသော ဓာတ်ကြီးလေးပါး ၏ အပေါင်းအစု အဖြစ် သတ်မှတ်ကြသည်။ အာကာသဓာတ် သည် အသက် ၊ ဘဝ (အပင်၊သတ္တဝါ၊လူ) တို့နှင့် ပတ်သက်ကြောင်း လက်သင့်ခံထားကြသည်။

အချို့မှော်ပညာရှင်များသည် အထူးသဖြင့် အမျိုးသမီးများတွင် ပယင်း ကို လည်ဆွဲ (ဝါ) ပတီး အဖြစ် ဝတ်ဆင်ကာ ရုပ်ဒြပ် သဏ္ဍာန်ကို ပြောင်းလဲအောင် ဖန်တီးပြုပြင်တည်ဆောက် စေခဲ့ကြသည်။ ထိုကြောင့် ပယင်း သည် နတ်ဘုရားနှင့် နတ်ဘုရားမ များ၏ ထုတ်လွှတ်မှု ခံယူမှု စွမ်းအင် နှစ်ရပ်လုံးနှင့် ပတ်သက်ကြောင်း ၎င်း တွင် ဂမ္ဘီရ စွမ်းအင် ၏ ထိရောက်မှု အား မြင့်မားလှကြောင်း ရောမခေတ် က ယုံကြည်ကြသည်။

ပယင်း ကို သိုးမွှေးစ (ဝါ) ပိုးစဖြင့် ပွတ်တိုက်ပေးပါက လျှပ်စစ်ဓာတ် ထွက်လာပြီး သေးငယ်သော အရာဝတ္ထုများကိုပင် ဆွဲငင်အား ကြီးကြောင်း သတ်မှတ်ကြသည်။ ရှေးဂရိ တို့၏ အီလက်(ခ်) ထရွန် (Electron) ဟူသော စကားလုံး မှ ခေတ် အီလက်ထရစ် စီးင်္တီး (electricity) ဟူသော ဝေါဟာရ ဆင်းသက်ပေါက်ဖွားလာ ခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။
ပယင်း သည် ဆန်းပြား လျှိုဝှက်သော သဘာဝ ရှိပြီး ဂမ္ဘီရ တန်ဖိုး မြင့်မားသော အရာဝတ္ထု ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဂမ္ဘီရတန်းဝင် ပစ္စည်းများ အားလုံးထဲ၌ ကျယ်ပြန့်စွာ အသုံး ပြုနိုင်သည့် အရာအဖြစ် သုံးကြသည်။

မှီငြမ်း – ဟိန်း (ဘူမိ) ၏ ပယင်း အကြောင်း
Credit..Aung Siam Gold & Jewellery shop