ရေဝေးတွင် အလောင်းများ ရာပေါင်းများစွာ ပုံနေ၍ မိသားစုများ ပြန်ခိုင်းပြီး စုပေါင်း သဂြိုလ်ရန် ကြမ်းပြင်တွင် ချထားရ(ရုပ်/သံ)

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )

ေဇာ္ဂ်ီ / ယူနီကုဒ္ ( ၂ မ်ိဳးလုံးျဖင့္ဖတ္ရႈႏိုင္ပါသည္ )

Unicode ဖြင့်ဖတ်ပါ
★★★★★

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်တိုင်း၊ ရေဝေးသုဿာန်တွင် ယနေ့ ရုပ်အလောင်း ရာပေါင်းများစွာ ပုံနေ၍ မီးသဂြိုလ်စက်က အလျဉ်မီအောင် မသဂြိုလ်နိုင်တော့ဘဲ မိသားစုဝင်များကို ပြန်ခိုင်းပြီး ရုပ်အလောင်းများကို ကြမ်းပြင်တွင် ချထားကာ အစုလိုက် သဂြိုလ်နေရကြောင်း နာရေးကူညီသူများထံမှ သိရှိရသည်။

“ကျနော်က အခု ၄ နာရီခွဲကမှ အသက်ရှုကြပ်ဆုံးသွားတဲ့ အလောင်းကို သွားပို့တာ။ အသက်ရှုကြပ်ပြီး အောက်စီဂျင်မရလို့ ဆုံးတာ။ ကိုဗစ်သံသယလူနာပေါ့။” ဟု ဘိုစိန် ပရဟိတ အဖွဲ့မှ ဦးဘိုစိန်က ပြောသည်။

ဦးဘိုစိန်၏ အဆိုအရ ၎င်း၏ ရှေ့တွင်ပင် စုပုံထားသော အလောင်း တစ်ရာကျော်ရှိသည်ဟုဆိုသည်။

“အလောင်းတွေက ပုံထပ်နေတာပဲ။ ရှေ့မှာလည်း တောက်လျှောက် သဂြိုလ်နေတာကို အလျဉ်မမီတော့တာ” ဟု ဦးဘိုစိန်က ပြောသည်။

ယနေ့ ရေဝေးသုဿာန်တွင် အမေဖြစ်သူ ကိုဗစ်သံသယဖြင့် ကွယ်လွန်၍ သဂြိုလ်ရန် ပရဟိတအဖွဲ့နှင့် သွားပို့ဆောင်ခိုင်းရာတွင် မိသားစုဝင်ပါလာပါက ပြန်ရန် ပြောဆိုပြီး အလောင်းထားခဲ့ရန် သုဿာန်တာဝန်ရှိသူတချို့က ပြောဆိုကြောင်း သိရှိရသည်။

“သူတို့ပြောတာတော့ တစ်လောင်းချင်းစီ မသဂြိုလ်နိုင်တော့ဘူး။ အလောင်းအရမ်းများတော့ အလောင်းတွေကို စုပြီး မီးသဂြိုလ်မယ်။ အဲဒီတော့ ကိုယ့် မိသားစုဝင် အလောင်းအလှည့်ရောက်ဖို့က ကြာမယ်။ ရောက်ရင်လည်း အခြားအလောင်းတွေနဲ့ ပေါင်းပြီး သဂြိုလ် မယ် အဲဒီလိုပြောတယ်။ အလောင်းထားခဲ့လိုက်ရတယ်။ ကြမ်းပြင်ပေါ်မှာပဲ ချထားခဲ့လိုက်ရတယ်လို့ပြောတယ်” ဟု နာရေးရှင်တစ်ဦးက ဆိုသည်။

ရုပ်သံကြည့်ရန်

မီးသဂြိုလ်စက်ရှေ့တွင် အလောင်းများထားရန် နေရာမရှိတော့၍ နာရေးကားပေါ်တွင် အလောင်းများကို တင်ထားပြီး စောင့်ဆိုင်းနေရမှုများလည်း ရှိနေကြောင်း နာရေးကူညီသူများက ဆိုသည်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ရန္ကုန္၊ ဇူလိုင္ ၁၄

ရန္ကုန္တိုင္း၊ ေရေဝးသုႆာန္တြင္ ယေန႔ ႐ုပ္အေလာင္း ရာေပါင္းမ်ားစြာ ပုံေန၍ မီးသၿဂိဳလ္စက္က အလ်ဥ္မီေအာင္ မသၿဂိဳလ္ႏိုင္ေတာ့ဘဲ မိသားစုဝင္မ်ားကို ျပန္ခိုင္းၿပီး ႐ုပ္အေလာင္းမ်ားကို ၾကမ္းျပင္တြင္ ခ်ထားကာ အစုလိုက္ သၿဂိဳလ္ေနရေၾကာင္း နာေရးကူညီသူမ်ားထံမွ သိရွိရသည္။

“က်ေနာ္က အခု ၄ နာရီခြဲကမွ အသက္ရႈၾကပ္ဆုံးသြားတဲ့ အေလာင္းကို သြားပို႔တာ။ အသက္ရႈၾကပ္ၿပီး ေအာက္စီဂ်င္မရလို႔ ဆုံးတာ။ ကိုဗစ္သံသယလူနာေပါ့။” ဟု ဘိုစိန္ ပရဟိတ အဖြဲ႕မွ ဦးဘိုစိန္က ေျပာသည္။

ဦးဘိုစိန္၏ အဆိုအရ ၎၏ ေရွ႕တြင္ပင္ စုပုံထားေသာ အေလာင္း တစ္ရာေက်ာ္ရွိသည္ဟုဆိုသည္။

“အေလာင္းေတြက ပုံထပ္ေနတာပဲ။ ေရွ႕မွာလည္း ေတာက္ေလွ်ာက္ သၿဂိဳလ္ေနတာကို အလ်ဥ္မမီေတာ့တာ” ဟု ဦးဘိုစိန္က ေျပာသည္။

ယေန႔ ေရေဝးသုႆာန္တြင္ အေမျဖစ္သူ ကိုဗစ္သံသယျဖင့္ ကြယ္လြန္၍ သၿဂိဳလ္ရန္ ပရဟိတအဖြဲ႕ႏွင့္ သြားပို႔ေဆာင္ခိုင္းရာတြင္ မိသားစုဝင္ပါလာပါက ျပန္ရန္ ေျပာဆိုၿပီး အေလာင္းထားခဲ့ရန္ သုႆာန္တာဝန္ရွိသူတခ်ိဳ႕က ေျပာဆိုေၾကာင္း သိရွိရသည္။

“သူတို႔ေျပာတာေတာ့ တစ္ေလာင္းခ်င္းစီ မသၿဂိဳလ္ႏိုင္ေတာ့ဘူး။ အေလာင္းအရမ္းမ်ားေတာ့ အေလာင္းေတြကို စုၿပီး မီးသၿဂိဳလ္မယ္။ အဲဒီေတာ့ ကိုယ့္ မိသားစုဝင္ အေလာင္းအလွည့္ေရာက္ဖို႔က ၾကာမယ္။ ေရာက္ရင္လည္း အျခားအေလာင္းေတြနဲ႔ ေပါင္းၿပီး သၿဂိဳလ္ မယ္ အဲဒီလိုေျပာတယ္။ အေလာင္းထားခဲ့လိုက္ရတယ္။ ၾကမ္းျပင္ေပၚမွာပဲ ခ်ထားခဲ့လိုက္ရတယ္လို႔ေျပာတယ္” ဟု နာေရးရွင္တစ္ဦးက ဆိုသည္။

႐ုပ္သံၾကည့္ရန္

မီးသၿဂိဳလ္စက္ေရွ႕တြင္ အေလာင္းမ်ားထားရန္ ေနရာမရွိေတာ့၍ နာေရးကားေပၚတြင္ အေလာင္းမ်ားကို တင္ထားၿပီး ေစာင့္ဆိုင္းေနရမႈမ်ားလည္း ရွိေနေၾကာင္း နာေရးကူညီသူမ်ားက ဆိုသည္။