* အောက်ဆီဂျင်ရှုနေရတဲ့ ကိုဗစ်လူနာတွေအတွက် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ လုပ်ဆောင်ရမယ့် နည်းလမ်း

ဇော်ဂျီ / ယူနီကုဒ် ( ၂ မျိုးလုံးဖြင့်ဖတ်ရှုနိုင်ပါသည် )


Zawgyi ဖြင့်ဖတ်ပါ
★★★★★




Credit







Unicode ဖြင့်ဖတ်ပါ
★★★★★

အရေးကြီးတာ တစ်ခုပြောမလို့၊
မနေ့က ရေဝေးနှင့် ဆရာဝန်တွေဆီကကြားတာ
နှုတ်ခမ်းတွေပြာပြီး အဆုတ်ကွဲသေတဲ့လူတွေ တော်တော်တွေ့ရတယ်တဲ့

ကျွမ်းကျင်တဲ့ သူနာပြုလိုမျိုး နဲ့ မဟုတ်ဘဲ
oxygen ကို မိသားစုက စွပ်ပေးတော့

အသက်ရှူကြပ်တယ်ဆိုတိုင်း
ဘားအဆုံးဖွင့်ပြီးတပ်လို့ သေကုန်တာတွေလည်း ပါနေလို့
ဘားကို လိုသလောက်ချိန်ဖို့အရေးကြီးပါတယ်

အဆုံးထိ ရှူခိုင်းရင် မတော်တဆ
အဆုတ်ကွဲသေတတ်တယ် ဆိုတာလေးကိုတော့
များများသိအောင် ပြောပေးကြပါ
Credit

အောက်ဆီဂျင်ရှုနေရတဲ့ ကိုဗစ်လူနာတွေအတွက် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ လုပ်ဆောင်ရမယ့် နည်းလမ်း

လတ်တလော မြန်မာနိုင်ငံမှာ မျိုးကွဲဗီဇပြောင်း ကိုဗစ်ရောဂါကြောင့် တစ်နေ့တခြား ကူးစက်မှုနှုန်းနဲ့ သေဆုံးသူဦးအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာတာနဲ့အမျှ အောက်ဆီဂျင်မလုံလောက်တဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်လာရပါတယ်။

ဒါ့အပြင် သေဆုံးသူ အများစုဟာ နေအိမ်တွေမှာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သေဆုံးနေရတာကိုလည်း တွေ့ရပါတယ်။ အရင်လို ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကိုဗစ်စင်တာတွေ လုံလောက်မှုမရှိတာကြောင့် မိသားစုတွေက ရောဂါအပြင်းအထန်ခံစားနေရတဲ့ လူနာတွေကို အောက်ဆီဂျင်ဗူးတွေနဲ့ နေအိမ်တွေမှာပဲ သိမြင်တတ်သလောက် ကုသနေကြရတာဖြစ်ပါတယ်။

ဒီလိုနေအိမ်တွေမှာ ကုသနေရတဲ့ လူနာတွေအတွက် ကျန်းမာရေးသိမြင်တတ်ကျွမ်းတဲ့ သူတွေနဲ့ အတွေ့အကြုံရှိတဲ့ သူတွေက လူမှုကွန်ယက်တွေမှာ ကိုဗစ်ရောဂါ မကူးစက်အောင် ကာကွယ်ရမယ့် ဆောင်ရန်ရှောင်ရန် နည်းလမ်းလေးတွေအပြင် ရောဂါကူးစက်ခံရပြီး အောက်ဆီဂျင်ကျလာတဲ့ လူနာတွေအတွက်လည်း အလွယ်တကူလုပ်လို့ရမယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေးကြတာ တွေ့ရပါတယ်။

ယခုမှာလည်း ကျန်းမာရေး သိမြင်တတ်ကျွမ်းတဲ့ပြည်သူတစ်ဦးက ရောဂါအပြင်းအထန်ခံစားနေရနေပြီး အောက်ဆီဂျင်ရှုနေရတဲ့ လူနာတွေအတွက် ဆိုးကျိုးများဖြစ်ပေါ်စေတတ်တဲ့ သတိထားစရာလေးတွေနဲ့ အသုံးပြုရမယ့် နည်းလမ်းကောင်းတွေကို ပြောပြထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ယခုဖော်ပြပါ ပုံ(၁)နှင့်ပုံ(၂)ဟာ အောက်ဆီဂျင်ရှုနေရတဲ့ လူနာတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဖော်ပြထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ လက်ရှိမှာ အောက်ဆီဂျင်ရှုနေရတဲ့ ကိုဗစ်လူနာတွေများလာတာကြောင့် သတိထားရအောင် ဒီအကြောင်းအရာလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။